Google Play Pass ဆိုတာ

0
350

2019 iPhone Launch Event မှာ iPhone 11 Series ထက် Fan တွေရဲ့ Attention ပိုရခဲ့တာက ပွဲမှာမိတ်ဆက်ခဲ့တဲ့ Apple Arcade ရယ်၊ Apple TV+ ရယ်ဆိုတဲ့ Exclusive Service နှစ်ခုဆိုရင် ပိုမှန်ပါလိမ့်မယ်။ စဉ်းစားကြည့်ပါ။ Apple Product တွေအတွက် သီးသန့်ထုတ်ပေးမယ့် ရာချီတဲ့ဂိမ်းတွေကို တစ်လ ၅ဒေါ်လာပေးရုံနဲ့ စိတ်ကြိုက်ဆော့ခွင့်ရမှာ။ ဒီ Service တွေဟာ Apple User မဟုတ်တဲ့သူတွေတွက်ပါ ဆွဲဆောင်မှုတစ်ခုဖြစ်လာတာကြောင့် Google အတွက်ပါ မျက်ခုံးလှုပ်စရာကိစ္စဖြစ်လာတော့တာပေါ့။ ဒီတော့ ရှိရင်းစွဲ Android Fan Base ကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ Play Pass ဟာ Google ရဲ့ Emergency Solution တစ်ခု ဖြစ်လာပါတော့တယ်။ ဒါဆို Play Pass ဆိုတာ ဘာလဲ?

Google Play Pass ဆိုတာ Apple Arcade လိုပဲ ခပ်ဆင်ဆင် Android Gaming Service ပါ။ ရာနဲ့ချီတဲ့ နဂိုက ပိုက်ဆံပေးဝယ်မှရတဲ့ဂိမ်းတွေကို တစ်လ ၅ဒေါ်လာပေးရုံနဲ့ ပိုက်ဆံထပ်မကုန်ပဲ ကြော်ငြာကင်းကင်းဆော့နိုင်မယ့်အခွင့်အရေး ရပါလိမ့်မယ်။ Account ကို မိသားစုဝင် ၆ယောက်အထိ Share သုံးခွင့်ရမယ်။ ပထမတစ်နှစ်အတွင်းမှာဆိုရင် တစ်လကို ၂ဒေါ်လာနှုန်းနဲ့ ဒီ Service ကို သုံးခွင့်ရမယ်။ ဒါပေမယ့် Play Pass မှာပါမယ့်ဂိမ်းတွေဟာ Exclusive မဟုတ်ပဲ ရှိရင်းစွဲဂိမ်းတွေဖြစ်နေတာရယ်၊ လက်ရှိ US တစ်နိုင်ငံထဲမှာပဲသုံးနိုင်သေးတာရယ်ကတော့ သူ့ရဲ့အားနည်းချက်တွေဖြစ်နေပါလိမ့်မယ်။

-Play Pass ကို International Release ထိ မစောင့်ပဲ စမ်းသုံးချင်သူတွေအတွက်

ကိုယ့် Playstore Account ကို US Region အဖြစ် အနည်းဆုံး၁နှစ်လောက် ပြောင်းသုံးရပါလိမ့်မယ်။
(Region တစ်ခါချိန်းပြီးရင် Google က နောက် Region တစ်ခုကို လွယ်လွယ်နဲ့ပြန်ချိန်းခွင့် ပေးမှာမဟုတ်လို့ပါ။) ဆိုတော့ Region ဘယ်လိုချိန်းမလဲ?
+ VPN Apk တစ်ခုလိုပါတယ်။ VPN ဖွင့်ပြီး Server Location မှာ US ကို အရင်ချိန်းရပါမယ်။
+ Setting ထဲမှာ Google Play Store ကို Force Stop & Clear Data လုပ်ပေးရပါမယ်။
+ Play Store Apk ကို ဖွင့်ပြီး ဘယ်အပေါ်ထောင့်က မျဉ်း ၃ကြောင်းကိုနှိပ်ပါ။ အဲဒီကမှ Account Setting မှာ
Add Credit Card or Add Paypal ကို ရွေးပြီး US Play Store ကို ပြောင်းပေးရပါမယ်။ ဆိုလိုတာက Region Change ပြီးနောက်ပိုင်း ငွေပေးချေဖို့အတွက် အဲဒီနှစ်မျိုးထဲက တစ်မျိုးမျိုးတော့ ကိုယ့်မှာရှိဖို့လိုပါလိမ့်မယ်။
+ ပြီးရင် အပေါ်က Tab တွေထဲက Family ဆိုတဲ့ Tab ကိုရွေးပြီး Sign up လုပ်ပေးရပါမယ်။
+ အဲဒီအဆင့်တွေပြီးရင်တော့ Play Store ကို Exit လုပ်ပြီး ပြန်ဝင်ရင် သူ့ရဲ့ဘယ်ဘက်အပေါ်က မျဉ်း ၃ကြောင်းနဲ့ Menu တွေထဲ Play Pass ဆိုတာ ပေါ်လာပါလိမ့်မယ်။
+ ဒါဆို Play Pass ထဲဝင်၊ လိုအပ်တာတွေဖြည့်စွက်ပြီး ဆယ်ရက် Free စမ်းခွင့်ကို စပြီးရရှိမှာပါ။

(Source: Gizchina)
-လက်ရှိ Google Play Pass မှာရနိုင်မယ့် Android Authority က သတ်မှတ်ထားတဲ့ အကောင်းဆုံးဂိမ်း ၁၀ခု

*Stardew Valley ($7.99)
Mini Metro ($0.99)
Sorcery! 1-4 ($5.99 per game)
*Monument Valley 1 & 2 ($3.99 & 4.99)
*Reigns: Game of Thrones ($3.99)
*Limbo ($4.99)
Agent A: A Puzzle in Disguise ($6.99)
This is the Police ($7.99)
Lumino City ($4.99)
Terraria ($4.99)

ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားဖြစ်လောက်မယ့်ဂိမ်းတွေကိုတော့ Star လေးတွေထပ်ပြပေးထားပါတယ်။ Stardew Valley ကတော့ Reviewer ကိုမြတ်ထင်ရဲ့ Game Review Video ကြည့်ဖူးသူတွေ ရင်းနှီးပြီးသားဖြစ်လိမ့်မယ်ထင်ရဲ့။ မကြည့်ရသေးတဲ့သူတွေအတွက်လည်း Link ထည့်ပေးလိုက်ပါ့မယ်။
https://www.facebook.com/myathtinvlogs/videos/1060857144097757/

ဒါ့အပြင် Framed, 80 Days, Old Man’s Journey, Shadow Fight 2, Sorcery တို့လို ဂိမ်းကောင်းတွေလည်း ပါသေးတယ်။ ဆိုတော့ Play Pass ဟာ အရမ်း Perfect ဖြစ်မနေသည့်တိုင် ပါတဲ့ဂိမ်းတွေနဲ့ယှဉ်ကြည့်ရင် တစ်လကို $5 ဆိုတာ များတယ်မဆိုသာပါဘူး။ ဘာပဲဖြစ်ဖြစ် 3rd Party Site တွကနေ Cracked Version တွေ Down ပြီးဆော့မယ့်အစား Developer တွေရဲ့လုပ်အားကို ကိုယ်ချင်းစာသောအားဖြင့် Internation Release လုပ်တဲ့အခါမှာ ဝယ်ယူအားပေးဖို့ကို မေတ္တာရပ်ခံပါရစေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.