၁၅၀၀၀၀ ဝန်းကျင်တန်ဖုန်းတစ်လုံးဝယ်ဖို့ရွေးချယ်ဖြစ်သောအခါ

0
1379

ကျွန်တော် ငွေကျပ် ၁၅၀၀၀၀ ဝန်းကျင်တန်ထဲက အဆင်ပြေမယ့် ဖုန်းလေးတစ်လုံးဝယ်ဖို့စဉ်းစားထားပါတယ်။ အဓိကပါစေချင်တဲ့ အချက်တွေက ကင်မရာအသင့်အတင့်ကောင်းရမယ် ၊ Screen size လည်းကြီးရမယ် ၊ Battery လည်းတစ်နေကုန်အသုံးခံရမယ် ၊ 4G ကွန်ရက်လည်းသုံးလို့ရ ရမယ် ၊ ဒီဇိုင်းလည်းလှရမယ် ၊ အသုံးပြုရတာလည်း သွက်ချင်သေးတယ်။ ၁ သိန်းခွဲလောက်ပဲသုံးမှာကို ပါစေချင်တဲ့ ၊ လိုချင်တဲ့အချက်တွေများသွားလားတော့မပြောတတ်ဘူး 😬 ဒါပေမယ့် တကယ့်တကယ် ၁ သိန်းခွဲဝန်းကျင်တန်ထဲရှာကြည့်တော့  ဒီဇိုင်းကတော့ အသင့်အတင့် ဒါမှမဟုတ် လှတယ် ။ Performance ပိုင်းအနေနဲ့ကျတော့ သာမန်သုံးလို့အဆင်ပြေရုံ ၊ လူကြီးပိုင်းတွေသုံးဖို့အဆင်ပြေရုံလောက်ပဲ ထုတ်ထားတဲ့ဖုန်းတွေပဲအများဆုံးတွေ့ရတယ်။ ဒါပေမယ့် စိတ်ကြိုက်ဖြစ်မိတဲ့ ဖုန်း ၂ လုံးတော့တွေ့ပါတယ် ။ ဒါနဲတွေ့ထားတဲ့ ၁ သိန်းဝန်းကျင်တန်ဖုန်းတွေထဲကမှ နောက်ဆုံးဇကာတင်ရွေးချယ်စဉ်းစားဖြစ်တာကတော့ Tecno Spark 4 နဲ့ Realme C2 ပါပဲ။ ဒီဖုန်း ၂ လုံးထဲကနေပဲ ဘယ်ဖုန်းကိုရွေးချယ်မလဲ ဆက်စဉ်းစားပါမယ်။

Design ပိုင်း

———–

Design ပိုင်းမှာတော့ ဒီဖုန်း ၂ မျိုးစလုံးက သူ့အလှနဲ့သူ ၊ သူ့အားသာချက်နဲ့သူပါ။ Realme C2 မှာဆိုရင် သူ့ရဲ့နောက်ကျောဖုံးက Diamond Cut Design လေးနဲ့ပါ။ Diamond shape လေးတွေနဲ့တော်တော်လှပါတယ်။ အရောင်အနေနဲ့ဆိုရင် အနက် ၊ အပြာ စတဲ့အရောင် ၂ မျိုးနဲ့ထုတ်ထားပါတယ်။ ၂ ရောင်စလုံး သူ့ဟာနဲ့သူလှပါတယ် ။ ရှေ့ဘက်ခြမ်းကတော့  Water drop style notch ပါတဲ့ မျက်နှာပြင်ပြည့် Full view display design နဲ့ပါ။ 

Tecno Spark 4 မှာကျတော့ Galaxy Note 10 တို့ ၊ Huawei P30 Pro တို့မှာသုံးထားတဲ့ Gradient ရောင်ပြေးဒီဇိုင်းလေးနဲ့ပါ။ သူကတော့ Purple နဲ့ Blue ဆိုပြီး Gradient color ၂ မျိုးနဲ့ထုတ်ထားပါတယ်။ Purple color လေးကကျတော့ အနက်ရောင် ၊ ကြက်သွေးရောင် ၊ ပန်းရောင်စတဲ့ အရောင် ၃ မျိုးကိုပေါင်းစပ်ထားတဲ့ပုံစံမျိုးပါ။ Blue color လေးကကျတော့ အပြာရောင်အနုနဲ့အရင့်ကိုပေါင်းစပ်ထားတဲ့ ပုံစံမျိုးပါ။ အရောင် ၂ မျိုးစလုံးကတော့သူ့အလှနဲ့သူပါ။ ဘယ်အရောင်ပိုလှလဲဆိုတာပြောဖို့ခက်ပါတယ် ။ ရွေးချယ်သူအပေါ်မှာပဲမူတည်ပါလိမ့်မယ်။ Spark 4 ရဲ့ရှေ့ဘက်ခြမ်းကလည်း Water drop style notch ပါတဲ့ မျက်နှာပြင်ပြည့် Full view display design နဲ့ပါ။ 

Design ပိုင်းအနေနဲ့ဆိုရင်တော့ ဖုန်း ၂ မျိုးစလုံးက သူ့ Signature နဲ့သူရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဖုန်းရဲ့အရောင်တို့ ၊ နောက်ဘက်ခြမ်း Design တို့ရှုပ်ရှုပ်ရှက်ရှက် ၊ ဆန်းဆန်းပြားပြားတွေမကြိုက်တတ်တော့ Gradient color နဲ့  Spark 4 ကိုအနည်းငယ်ပိုအလေးသာမိတယ်။

Battery အနေအထား

—————

ဖုန်း ၂ မျိုးစလုံးမှာ 4,000 mAh battery တွေထည့်ပေးထားတာပါ ။ Battery ပမာဏအရတော့ တစ်ခါအားသွင်းတစ်နေကုန်သုံးပေရော့ပဲ။ ဒီလို ၁ သိန်းကျော်တန် Low Budget စမတ်ဖုန်းအသစ်တွေမှာ Battery ပမာဏများများထည့်သွင်းပေးလာကြတာအတွက်တော့ တော်တော်အားရမိပါတယ်။

4G ကွန်ရက်လည်းသုံးလို့ရ

——————

အခုဆို မြန်မာပြည်က ဆက်သွယ်ရေးအော်ပရေတာတိုင်းက အနိမ့်ဆုံးအနေနဲ့  3G Network တောင်မဟုတ်တော့ဘူး အင်တာနက် Speed ပိုကောင်းလာတဲ့ 4G ကွန်ရက်ကိုသူ့ထက်ငါအပြိုင်အဆိုင် ဝန်ဆောင်မှုပေးနေကြပါပြီ။ အော်ပရေတာက 4G Network ဝန်ဆောင်မှုပေးနေရုံနဲ့မရပါဘူး ။ ကိုယ့်ဖုန်းကပါ 4G network ကို support လုပ်မှ 4G network ရဲ့မြန်ဆန်မှုကိုရရှိမှာပါ။ အခု Tecno Spark 4 နဲ့ Realme C2 ကိုဇကာတင်စဉ်းစားလိုက်တဲ့အချက်မှာ ဒီဖုန်း ၂ မျိုးစလုံးက 4G support လုပ်တာကလည်း အဓိကအကြောင်းအချက်တစ်ခုပါပဲ။ ဒါမှ ဖုန်းအင်တာနက်ကိုမြန်ဆန်စွာသုံးနိုင်မယ်လေ။

Processor စွမ်းဆောင်ရည်သိပ်မကွာ

——————-

Tecno Spark 4 မှာ Helio A22 Quad core 2.0 GHz chipset ကိုအသုံးပြုထားပြီး Realme C2 မှာကတော့ Helio P22 Octa core 2.0 GHz chipset ကိုသုံးထားပါတယ်။ Performance Test တွေအရတော့ A22 နဲ့ P22 chipset ၂ မျိုးစလုံးဟာ Performance သိပ်မကွာလှပေမယ့် P22 chipset က A22 ထက် 15% လောက် Performance အနည်းငယ်လေးပိုသာတာကိုလည်းတွေ့ရပါတယ်။ အရမ်းသိသာတဲ့ကွာခြားမှုမျိုးတော့မဟုတ်ပါဘူး။ 

Spark 4 ကပိုအားသာတဲ့အချက်တွေက ??

Display အနေနဲ့ Spark 4 က Screen size 6.5 လက်မဖြစ်ပြီးတော့ Realme C2 ထက် Screen size ပိုကြီးပါတယ်။ Realme C2 က Screen size အနေနဲ့  6.1 လက်မပါ။ ဖုန်းမော်ဒယ် ၂ မျိုးရဲ့ Display တွေက 720p HD resolution LCD Panel တွေပါပဲ။ ဒါပေမယ့် Spark 4 ရဲ့ Screen size က Realme C2 ထက်ပိုကြီးတော့ ဗီဒီယိုကြည့်ဖို့ပဲဖြစ်ဖြစ် ၊ Social media app တွေပဲသုံးသုံး ၊ ဂိမ်းပဲဆော့ဆော့ Entertainment ပိုင်းအတွက်ကြည့်ရတာ ၊ သုံးရတာပိုကောင်းမွန်ပါတယ်။ ဒီဈေးနှုန်းထဲက တခြားBrand တွေမှဆိုရင် 

-Realme 3 ဈေးနှုန်း 219000 (6.22inch) , 

-OPPO A5s ဈေနှုန်း 199000 (6.2 inch),

-Vivo Y91 c ဈေးနှုန်း 189800 နဲ့ Y91i ဈေးနှုန်း 199800 (6.22inch) , Y93 ဈေးနှုန်း 209800 (6.2 inch), 

-Samsung A10s ဈေးနှုန်း 215000 (6.2inch), 

-Huawei Y7 pro ဈေးနှုန်း 199000 (6.26inch) နဲ့ 

-Honor 8A ဈေးနှုန်း 209000 (6.09inch) ပဲဆိုတော့ SPARK 4 ရဲ့ Screen ပိုင်းက ပိုပြီးမျက်နှာပြင်ကျုယ်တာကိုတွေ့ရမှာပါ။

ဖုန်းမော်ဒယ် ၂ မျိုးစလုံးက Price Range အားဖြင့် ၁၅၀၀၀၀ ဝန်းကျင်တွေဖြစ်ပြီး Realme C2 က RAM 2GB/Storage 16GB ဗားရှင်းကိုသာဝယ်ယူရရှိနိုင်မှာဖြစ်ပေမယ့် Spark 4 က RAM 3GB/ Storage 32GB နဲ့ရမယ်။ Realme C2 မှမဟုတ်ဘူး ၊ အခြား Brand တွေရဲ့စမတ်ဖုန်းတွေမှာလည်း၁ သိန်းခွဲဝန်းကျင်ဈေးတန်းထဲမှာဆိုရင် RAM 2GB/16GB တွေနဲ့ပဲထုတ်တာများပါတယ်။ ဒီဈေးနူန်းဝန်းကျင်လောက်ဆိုရင် Ram 2GB တွေသုံးထားတဲ့ Redmi 6 ဈေးနှုန်း 175000, OPPO A1K ဈေးနှုန်း 169900, Vivo Y90 ဈေးနှုန်း 169800 တို့နဲ့ဆိုရင် SPARK 4 ရဲ့ Ram 3GB  Game ကောင်းကောင်းဆော့ချင်တဲ့သူတွေနဲ့ ဖုန်းကိုပေါ့ပေါ့ပါးပါးနဲ့ သုံးချင်တဲ့သူတွေအတွက် ကောင်းကောင်းသုံးလို့ရပါတယ်။ 

Camera ပိုင်းအားသာချက်

——————-

ဖုန်းရဲ့နောက်ဘက်ခြမ်း Primary Camera အနေနဲ့ဆိုရင် Tecno Spark 4 မှာ ကင်မရာ ၃ လုံးတွဲ Triple Camera စနစ်ပါဝင်ပါတယ်။ 13MP (f1.8) + 2MP + VGA ဆိုပြီးဖွဲ့စည်းထားတာဖြစ်ပြီးတော့ ယင်း Camera ၃ လုံးထဲကမှ 2MP Sensor နဲ့ VGA က Portrait ရိုက်ကူးမှုတွေအတွက်ပိုကောင်းအောင် ပူးတွဲလုပ်ဆောင်ပေးမှာပါ။ ဒါ့အပြင် Main Senor ဖြစ်တဲ့ 13MP sensor ကလည်း f1.8 နဲ့ဖြစ်တဲ့အပြင် Camera software ပိုင်းမှာ Night Algorithm 2.0 စနစ်နဲ့ဆိုတော့ Low Light Photography ရိုက်ကူးမှုပိုင်းမှာဆိုရင် အခြား ၁ သိန်းခွဲတန်စမတ်ဖုန်းတွေမှာမရနိုင်တဲ့ ဓာတ်ပုံအရည်အသွေးကိုရရှိနိုင်ပါလိမ့်မယ်။ ဒါတင်မက နောက်ဘက်ခြမ်း Triple Camera တွေက AI စနစ်ပါဝင်တဲ့အတွက် ကိုယ်ချိန်လိုက်တဲ့မြင်ကွင်းပေါ်မူတည်ပြီး ဓာတ်ပုံရလဒ်အရည်အသွေးကိုပိုကောင်းအောင် auto လုပ်ဆောင်ပေးနိုင်ပါတယ်။ 

Realme C2 မှာကျတော့ နောက်ဘက်ခြမ်း Primary Camera အနေနဲ့ ကင်မရာ ၂ လုံး Dual Camera ပါဝင်ပါတယ်။ 13MP (f2.2) + 2MP (f2.4) ဆိုတဲ့ကင်မရာ ၂ လုံးတွဲစနစ်ဖြစ်ပြီး 2MP sensor က Portrait Photography အတွက်ထည့်သွင်းပေးထားတာပါ။ Realme C2 ရဲ့ Dual Camera မှာလည်း ဓာတ်ပုံရိုက်ကူးမယ့် မြင်ကွင်းပေါ်မူတည်ပြီး ဓာတ်ပုံရလဒ်ကိုပိုကောင်းအောင်လုပ်ဆောင်ပေးမယ့် AI စနစ်ပါဝင်ပါတယ်။ 

ရှေ့ Selfie Camera အနေနဲ့ကတော့ Tecno Spark 4 မှာ 8MP (f2.2) Camera ပါဝင်ပြီး မြင်ကွင်းကျယ် Wide Selfie တောင်ရိုက်လို့ရပါသေးတယ်။ ၁ သိန်းကျော်တန်ဖုန်းမှာ Wide Selfie ရိုက်လို့ရအောင်လုပ်ပေးထားတာ တော်တော်မိုက်တယ်လို့ပြောရမှာပါ။ ရှေ့ Selfie Camera နဲ့ အုပ်စုလိုက် Group selfie/Groupfie ပုံတွေရိုက်လို့ရတာပေါ့။ နောက်ထပ်ကြိုက်မိတဲ့အချက်ကတော့ ရှေ့ Selfie Camera ရဲ့ဘယ်ဘက်ဘေး Frame လေးထဲမှာ Micro Slit Flash လို့အမည်ပေးထားတဲ့ Flash မီးထည့်ပေးထားတဲ့အချက်ပါ။ ဒီအချက်မှာလည်း Realme C2 ထက်သာပါတယ်။  Display ရဲ့အပေါ်ဘောင်ထဲမှာနေရာချထည့်သွင်းပေးထားတာဆိုတော့ ပုံမှန်အချိန်မှာဆို Flash မီးပါတယ်လို့တောင်ထင်မိမှာမဟုတ်ပါဘူး။ Selfie Camera ရိုက်ကူးရာမှာ Flash light ဖွင့်ရိုက်ကူးနိုင်တဲ့အတွက် အလင်းရောင်အားကောင်းတဲ့နေရာမှာပဲရိုက်ရိုက် / အလင်းအောင်အားနည်းတဲ့နေရာမှာပဲရိုက်ရိုက် ပုံထွက်မကောင်းမှာသိပ်စိတ်ပူစရာမလိုတော့ပါဘူး ။ 

Realme C2 မှာတော့ 5MP (f2.0) Camera ပဲပါဝင်ပါတယ်။ ဒါပေမယ့် ရှေ့ Selfie Camera မှာလည်း AI စနစ်ပါဝင်တဲ့အတွက် Selfie photo ရိုက်ကူးမှုတွေအတွက် အတိုင်းအတာတစ်ခုထိကောင်းမွန်အောင်တော့ လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။

Camera ပိုင်းမှာတော့ ရှေ့ Selfie Camera ရော နောက်ဘက်ခြမ်း Camera System အနေနဲ့ပါ Hardware ပိုင်းအရရော Software ပိုင်းအရပါပိုကောင်းတဲ့ Tecno Spark 4 ကို Realme C2 ထက်ပိုပြီးကျေနပ်အားရမှုရှိပါတယ်။ 

ဒီဈေးနူန်းဝန်းကျင်လောက်ဆိုရင် Dual Camera တွေသုံးထားတဲ့ 

-Realme 3 ဈေးနှုန်း 219000  ,OPPO A5s ဈေနှုန်း 199000,Vivo Y93 ဈေးနှုန်း 209800 ,Samsung A10s ဈေးနှုန်း 215000 ,Huawei Y7 pro ဈေးနှုန်း 199000 

Single Camera တွေသုံးထားတဲ့ Vivo Y91 c ဈေးနှုန်း 189800 နဲ့ Y91i ဈေးနှုန်း 199800, Honor 8A ဈေးနှုန်း 209000 တို့နဲ့ဆိုရင် SPARK 4 ရဲ့ Camera 3က ဓာတ်ပုံရိုက်တဲ့အခါ ရုပ်ထွက်ပိုင်းမှာပိုကောင်းစေမှာပါ။

နောက်ဆုံးတော့ Tecno Spark 4 ကိုပဲဝယ်ယူဖို့ရွေးချယ်ဖြစ်လိုက်ပါတယ်။ ယတိပြတ်ဆုံးဖြတ်ဖြစ်စေလိုက်တဲ့နောက်ဆုံးအချက်တစ်ခုကတော့ Security ပိုင်းအရပါ။ Tecno Spark 4 မှာ ဖုန်း Lock အဖွင့်အပိတ်ကို မျက်နှာ Scan ဖတ် Face Unlock စနစ်နဲ့လည်း ဖုန်းကို Lock ဖွင့်လို့ရသလို ဖုန်းရဲ့နောက်ကျောမှာလည်း လက်ဗွေစနစ် Fingerprint sensor ပါဝင်တဲ့အတွက် ကိုယ့်ဖုန်းရဲ့ Personal Security ပိုင်းအနေနဲ့ လက်ဗွေစနစ်သုံးမလား ၊ Face Unlock နဲ့ဖွင့်မလား ၊ ၂ မျိုးစလုံးသုံးမလား ။ ကြိုက်တာလုပ်ပါပဲ။ 

Realme C2 မှာတော့ Face Unlock စနစ်ပဲပါဝင်ပါတယ် ။ လက်ဗွေစနစ် Fingerprint sensor တော့ပါဝင်ခြင်းမရှိပါဘူး။

Smartphone တစ်လုံးအတွက် Personal security ပိုင်းအရလည်း Tecno Spark 4 ကပိုစုံ ၊ ပိုသာနေပါတယ် ။ ဒီဈေးနူန်းဝန်းကျင်လောက်ဆိုရင် OPPO A1K ဈေးနှုန်း 169900, Vivo Y90 ဈေးနှုန်း 169800 တို့မှာ Face Lock တစ်မျိုးထဲကိုပဲသုံးလို့ရတယ်။ SPARK 4 မှာတော့ Face Lock ရော Finger Print ရောပါတော့ ပေးရတဲ့ဈေးနှုန်းနဲ့ Security ကောင်းကောင်းပါတဲ့ ဖုန်းကိုသုံးနိုင်မှာပါ။

တန်ဖိုးနည်းဖုန်းထဲမှာအပြည့်စုံဆုံးလား ?

—————–

လတ်တလော ထွက်ရှိထားတဲ့ တန်ဖိုးနည်းစမတ်ဖုန်းတွေထဲမှာတော့ Tecno Spark 4 ဟာ Software/Hardware ပိုင်း feature တွေအရပါ မြန်မာငွေ ၁ သိန်းခွဲတန်းဝန်းကျင်ထဲမှာ သူပေးနိုင်စွမ်းရှိသလောက်အပြည့်စုံဆုံးပေးစွမ်းထားတဲ့ ၊ ဖြည့်ဆည်းပေးထားတဲ့စမတ်ဖုန်းတစ်လုံးလို့မြင်မိပါတယ်။ တန်ဖိုးမြင့် ၊ တန်ဖိုးသင့်စမတ်ဖုန်းတွေမှာသာပါလေ့ရှိတဲ့ Camera ပိုင်းဆိုင်ရာ feature တွေနဲ့ အခြား software/Hardware feature အချို့ကို ဒီလိုတန်ဖိုးနည်းဖုန်းမျိုးမှာ ရနိုင်သလောက်ထည့်သွင်းပေးထားတဲ့အချက်တွေအတွက်လည်း တော်တော်လေးအမှတ်ပေးမိပါတယ်။ ၁ သိန်းခွဲထက်ပိုမသုံးဘဲ feature လည်း ရနိုင်သလောက်ကောင်းစေချင် ၊ ပါစေချင်သေးတဲ့ ကျွန်တော့်အတွက် နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ Requirements တော်တော်များများနဲ့ကိုက်တဲ့ ၊ ဈေးအရလည်းပေးရတာနဲ့တန်တဲ့ Tecno Spark 4 ကိုပဲရွေးချယ်ဖြစ်ပါတော့တယ်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.