Snapdragon 845 နဲ႔ အရြယ္ႀကီး ဘက္ထရီ ပါတဲ့ Vivo iQOO Neo ကို ေၾကညာ

0
190

Vivo က ဂိမ္းအသားေပး iQOO Neo ကို ေၾကညာလိုက္ပါတယ္။ သူဟာ ဒီႏွစ္ အေစာပိုင္းက ေရာင္းခ်ထားတဲ့ iQOO ရဲ႕ တန္ဖိုးသက္သာတဲ့ ေမာ္ဒယ္ပါ။ တန္ဖိုးသက္သာေစသလို စြမ္းရည္လည္း ျမင့္မားေစဖို႔ ယခင္ႏွစ္ထုတ္ Snapdragon 845 ကို သံုးထားပါတယ္။ သူ႔မွာ ၆.၃၈ လက္မ Full HD+ OLED Display ပါၿပီး မ်က္ႏွာျပင္ေအာက္မွာ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Touch Acceleration ပါတဲ့ အတြက္ ဂိမ္းကစားတဲ့ အခါမွာ ခလုတ္မ်ား ႏွိပ္ရင္ အရမ္းကို ေခ်ာမြတ္ျမန္ဆန္မွာပါ။

6/64GB ကို ၂၆၁ ေဒၚလာ ၊ 6/128GB ကို ၂၉၀ ေဒၚလာ ၊ 8/64GB ကို ၃၀၅ ေဒၚလာ၊ 8/128GB ကို ၃၃၄ ေဒၚလာ သတ္မွတ္ထားပါတယ္။ ျမန္မာေငြအားျဖင့္ ၃၉၀ ၀၀၀ ၊ ၄၄၀ ၀၀၀ ၊ ၄၆၀ ၀၀၀ ၊ ၅၀၀ ၀၀၀ က်ပ္ ၀န္းက်င္ အသီးသီး က်သင့္မွာပါ။ အေရာင္ႏွစ္မ်ိဳးထုတ္လုပ္ထားပါတယ္။ ခရမ္းနဲ႔ အျပာကို ေရာစပ္ထားတဲ့ အေရာင္နဲ႔ အနက္ရင့္ေရာင္ မ်ား ျဖစ္ပါတယ္။ မိနစ္ ၃၀ အတြင္းမွာ ၅၀ ရာခုိင္ႏႈန္း အားျဖည့္ေပးတဲ့ 22.5W Flash Charge ပါပါတယ္။

အေနာက္ဘက္မွာ 12MP Main Camera, 8MP Wide-angle Camera နဲ႔ 2MP Depth Camera မ်ားပါပါတယ္။ အေရွ႕ဘက္မွာ 12MP Camera ထည့္ထားပါတယ္။ အေအးေပး စနစ္ ပါပါတယ္။ ဂိမ္း စြမ္းရည္ျမင့္မားေစဖို႔ AI Turbo, Center Turbo, Net Turbo, Cooling Turbo နဲ႔ အျခားလုပ္ေဆာင္ခ်က္မ်ား ထည့္ထားပါတယ္။  Android Pie အေျချပဳ Funtouch OS 9 နဲ႔ 22.5W Flash Charge ပါတဲ့ 4500mAh Battery မ်ားပါပါတယ္။ ၃၀ မိနစ္အတြင္းမွာ ၅၀ ရာခိုင္ႏႈန္း အားျဖည့္ေပးပါတယ္။

[Unicode]

Snapdragon 845 နဲ့ အရွယ်ကြီး ဘက်ထရီ ပါတဲ့ Vivo iQOO Neo ကို ကြေညာ

Vivo က ဂိမ်းအသားပေး iQOO Neo ကို ကြေညာလိုက်ပါတယ်။ သူဟာ ဒီနှစ် အစောပိုင်းက ရောင်းချထားတဲ့ iQOO ရဲ့ တန်ဖိုးသက်သာတဲ့ မော်ဒယ်ပါ။ တန်ဖိုးသက်သာစေသလို စွမ်းရည်လည်း မြင့်မားစေဖို့ ယခင်နှစ်ထုတ် Snapdragon 845 ကို သုံးထားပါတယ်။ သူ့မှာ ၆.၃၈ လက်မ Full HD+ OLED Display ပါပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Touch Acceleration ပါတဲ့ အတွက် ဂိမ်းကစားတဲ့ အခါမှာ ခလုတ်များ နှိပ်ရင် အရမ်းကို ချောမွတ်မြန်ဆန်မှာပါ။

6/64GB ကို ၂၆၁ ဒေါ်လာ ၊ 6/128GB ကို ၂၉၀ ဒေါ်လာ ၊ 8/64GB ကို ၃၀၅ ဒေါ်လာ၊ 8/128GB ကို ၃၃၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့် ၃၉၀ ၀၀၀ ၊ ၄၄၀ ၀၀၀ ၊ ၄၆၀ ၀၀၀ ၊ ၅၀၀ ၀၀၀ ကျပ် ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ အရောင်နှစ်မျိုးထုတ်လုပ်ထားပါတယ်။ ခရမ်းနဲ့ အပြာကို ရောစပ်ထားတဲ့ အရောင်နဲ့ အနက်ရင့်ရောင် များ ဖြစ်ပါတယ်။ မိနစ် ၃၀ အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးတဲ့ 22.5W Flash Charge ပါပါတယ်။

အနောက်ဘက်မှာ 12MP Main Camera, 8MP Wide-angle Camera နဲ့ 2MP Depth Camera များပါပါတယ်။ အရှေ့ဘက်မှာ 12MP Camera ထည့်ထားပါတယ်။ အအေးပေး စနစ် ပါပါတယ်။ ဂိမ်း စွမ်းရည်မြင့်မားစေဖို့ AI Turbo, Center Turbo, Net Turbo, Cooling Turbo နဲ့ အခြားလုပ်ဆောင်ချက်များ ထည့်ထားပါတယ်။  Android Pie အခြေပြု Funtouch OS 9 နဲ့ 22.5W Flash Charge ပါတဲ့ 4500mAh Battery များပါပါတယ်။ ၃၀ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.