Social Trending

စိတ္ဓါတ္က်လာလို႔ ဖုန္းကေန Instagram ကို ဖ်က္ပစ္လိုက္တဲ့ Selena Gomez

လူမႈကြန္ရက္မ်ားမွာ ေ၀ဖန္တိုက္ခိုက္မႈမ်ားေၾကာင့္ ကိုယ့္ကိုကိုယ္ သတ္ေသမႈမ်ားေတာင္ ရွိေနပါတယ္။ ဆယ္လီေတြကေတာ့ အပင္ျမင့္ေလ ေလတိုက္ခံရေလပါ။ အခုလည္း ေပါ့ပ္စတား ဆီလီနာ ဂိုမက္ဇ္က Troll တာေတြ ေၾကာက္လို႔ ဖုန္းကေန Instagram ကို ဖ်က္ပစ္လိုက္တယ္လို႔ ေျပာပါတယ္။ သူမမွာ Fans ေပါင္း ၁၅၂ သန္းရွိၿပီး သူမဟာ အင္စတာဂရမ္မွာ Follower အမ်ားဆံုး ဆယ္လီေတြထဲက တစ္ေယာက္ပါ။

သူမက “ အင္စတာဂရမ္ သံုးရတာ စိတ္မေပ်ာ္ေတာ့ပါဘူး။ ဒါေပမယ့္ တိုက္ခိုက္တဲ့ ေ၀ဖန္မွတ္ခ်က္ျပဳမႈမ်ားေၾကာင့္ ကြ်န္မ အပါအ၀င္ လူငယ္ေတြအတြက္ စိတ္က်န္းမာေရးကို ထိခိုက္ေစပါတယ္။ ကြ်န္မ ခႏၱာကိုယ္ကို အမ်ိဳးမ်ိဳးေတြ႕ေနရပါတယ္။ အရင္တုန္းကေတာ့ ေတာ္ေတာ္ သံုးျဖစ္ခဲ့ပါတယ္။ အင္စတာဂရမ္ဟာ အႏၱရာယ္ရွိၿပီး က်န္းမာေရး ထိခိုက္ေစပါတယ္။ အထူးသျဖင့္ အဲဒါကို အခ်ိန္မ်ားစြာ သံုးတဲ့ လူငယ္ေတြအတြက္ပါ။ “ လို႔ ေျပာပါတယ္။

သူမက “ တစ္ပတ္ကို တစ္ခါေလာက္ ဖုန္းကေန App ကို ဖယ္ရွားမိပါတယ္။ တကယ့္ကို စိတ္္ထိခိုက္စရာ ေကာင္းပါတယ္။ “ လို႔ ၂၀၁၇ ခုႏွစ္က The New York Times ကို ေျပာခဲ့ဖူးပါတယ္။ အဲဒီႏွစ္မွာပဲ သူမဟာ စိတ္က်န္းမာေရးကို အာရံုစိုက္ဖို႔ ဖုန္း သံုးတာကို ရက္ ၉၀ ရပ္နားခဲ့ပါတယ္။

သူမ တစ္ခုခု တင္ခ်င္ရင္ အျခား လူတစ္ဦးရဲ႕ ဖုန္းကို သံုးတယ္လို႔ ဆိုပါတယ္။ သူမဟာ လူမႈကြန္ရက္မ်ားရဲ႕ ဆိုးက်ိဳးမ်ားကို အရင္ကလည္း ေျပာဖူးပါတယ္။ အရင္လကလည္း သူမက လူငယ္မ်ားအေပၚ လူမႈကြန္ရက္မ်ားရဲ႕ ဆိုးက်ိဳးမ်ားကို ေျပာခဲ့ဖူးပါတယ္။

Ref : theverge

unicode

စိတ်ဓါတ်ကျလာလို့ ဖုန်းကနေ Instagram ကို ဖျက်ပစ်လိုက်တဲ့ Selena Gomez

လူမှုကွန်ရက်များမှာ ဝေဖန်တိုက်ခိုက်မှုများကြောင့် ကိုယ့်ကိုကိုယ် သတ်သေမှုများတောင် ရှိနေပါတယ်။ ဆယ်လီတွေကတော့ အပင်မြင့်လေ လေတိုက်ခံရလေပါ။ အခုလည်း ပေါ့ပ်စတား ဆီလီနာ ဂိုမက်ဇ်က Troll တာတွေ ကြောက်လို့ ဖုန်းကနေ Instagram ကို ဖျက်ပစ်လိုက်တယ်လို့ ပြောပါတယ်။ သူမမှာ Fans ပေါင်း ၁၅၂ သန်းရှိပြီး သူမဟာ အင်စတာဂရမ်မှာ Follower အများဆုံး ဆယ်လီတွေထဲက တစ်ယောက်ပါ။

သူမက “ အင်စတာဂရမ် သုံးရတာ စိတ်မပျော်တော့ပါဘူး။ ဒါပေမယ့် တိုက်ခိုက်တဲ့ ဝေဖန်မှတ်ချက်ပြုမှုများကြောင့် ကျွန်မ အပါအဝင် လူငယ်တွေအတွက် စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကျွန်မ ခန္တာကိုယ်ကို အမျိုးမျိုးတွေ့နေရပါတယ်။ အရင်တုန်းကတော့ တော်တော် သုံးဖြစ်ခဲ့ပါတယ်။ အင်စတာဂရမ်ဟာ အန္တရာယ်ရှိပြီး ကျန်းမာရေး ထိခိုက်စေပါတယ်။ အထူးသဖြင့် အဲဒါကို အချိန်များစွာ သုံးတဲ့ လူငယ်တွေအတွက်ပါ။ “ လို့ ပြောပါတယ်။

သူမက “ တစ်ပတ်ကို တစ်ခါလောက် ဖုန်းကနေ App ကို ဖယ်ရှားမိပါတယ်။ တကယ့်ကို စိတ်ထိခိုက်စရာ ကောင်းပါတယ်။ “ လို့ ၂၀၁၇ ခုနှစ်က The New York Times ကို ပြောခဲ့ဖူးပါတယ်။ အဲဒီနှစ်မှာပဲ သူမဟာ စိတ်ကျန်းမာရေးကို အာရုံစိုက်ဖို့ ဖုန်း သုံးတာကို ရက် ၉၀ ရပ်နားခဲ့ပါတယ်။

သူမ တစ်ခုခု တင်ချင်ရင် အခြား လူတစ်ဦးရဲ့ ဖုန်းကို သုံးတယ်လို့ ဆိုပါတယ်။ သူမဟာ လူမှုကွန်ရက်များရဲ့ ဆိုးကျိုးများကို အရင်ကလည်း ပြောဖူးပါတယ်။ အရင်လကလည်း သူမက လူငယ်များအပေါ် လူမှုကွန်ရက်များရဲ့ ဆိုးကျိုးများကို ပြောခဲ့ဖူးပါတယ်။

Ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.