Smartphone Trending

64MP Camera ပါတဲ့ ဖုန္းကို ဖန္တီးေနတဲ့ Redmi

Samsung က ၿပီးခဲ့တဲ့ လက 64MP ISOCELL Bright GW1 Sensor ကို ေၾကညာခဲ့ပါတယ္။ ဆမ္ေဆာင္းက ဒီႏွစ္ေႏွာင္းပိုင္းမွာ 64MP GW1 Sensor ပါတဲ့ Galaxy A70S ကို ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ အခုေတာ့ ေနာက္ထုတ္မယ့္ Redmi ရဲ႕ စမတ္ဖုန္းမွာလည္း 64MP ISOCELL Bright GW1 Sensor ပါလာမယ္လို႔ သတင္းထြက္ေနၿပီး ၂၀၁၉ ခုႏွစ္ရဲ႕ ဒုတိယ ႏွစ္၀က္မွာ ေၾကညာႏုိင္ပါတယ္။

သတင္းမ်ားအရ ဆမ္ေဆာင္းဟာ ေနာက္ထုတ္မယ့္ Galaxy A Series Model တစ္လံုးမွာ 64MP ISOCELL Sensor ကို ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ ေနာက္ထုတ္မယ့္ Redmi Smartphone မွာလည္း အဲဒီ 64MP Camera အသစ္ကိုပဲ အသံုးျပဳထားမွာ ျဖစ္ပါတယ္။

64MP Sensor မွာ Low-light မ်ားမွာ 16MP Image နဲ႔ အလင္းေရာင္ေကာင္းတဲ့ အခ်ိန္မ်ားမွာ 64MP Image  မ်ားကို ထုတ္လုပ္ေပးႏုိင္တဲ့ Pixel-merging Tetracell နည္းပညာ ပါပါတယ္။ Pixel ၄ ခုဟာ အလင္းေရာင္ေကာင္းစြာ ရရွိဖို႔ ေပါင္းစည္း အလုပ္လုပ္တာပါ။ သူက Real-time High Dynamic Range(HDR) ကို 100-decibels (dB) အထိ ေထာက္ပံ့ပါတယ္။

ေနာက္ထုတ္မယ့္ Redmi Smartphone နဲ႔ Galaxy A Series Smartphone မ်ားရဲ႕ 64MP Camera ဟာ အလင္းေရာင္နည္းပါးခ်ိန္မ်ားမွာ စြမ္းရည္ဘယ္ေလာက္ျမင့္မားတယ္ဆိုတာ ေစာင့္ၾကည့္ရမွာပါ။ Samsung ISOCELL Bright GW1 Sensor ကို လက္ရွိမွာ စမ္းသပ္ဖို႔အတြက္ ဖုန္း ကုမၸဏီမ်ားအား ေပးထားၿပီး ၂၀၁၉ ခုႏွစ္ ကြာတား ၂ မွာ အေျမာက္အမ်ားထုတ္လုပ္ႏုိင္ပါတယ္။

Ref : fonearena

[unicode]

64MP Camera ပါတဲ့ ဖုန်းကို ဖန်တီးနေတဲ့ Redmi

Samsung က ပြီးခဲ့တဲ့ လက 64MP ISOCELL Bright GW1 Sensor ကို ကြေညာခဲ့ပါတယ်။ ဆမ်ဆောင်းက ဒီနှစ်နှောင်းပိုင်းမှာ 64MP GW1 Sensor ပါတဲ့ Galaxy A70S ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ နောက်ထုတ်မယ့် Redmi ရဲ့ စမတ်ဖုန်းမှာလည်း 64MP ISOCELL Bright GW1 Sensor ပါလာမယ်လို့ သတင်းထွက်နေပြီး ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယ နှစ်ဝက်မှာ ကြေညာနိုင်ပါတယ်။

သတင်းများအရ ဆမ်ဆောင်းဟာ နောက်ထုတ်မယ့် Galaxy A Series Model တစ်လုံးမှာ 64MP ISOCELL Sensor ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ နောက်ထုတ်မယ့် Redmi Smartphone မှာလည်း အဲဒီ 64MP Camera အသစ်ကိုပဲ အသုံးပြုထားမှာ ဖြစ်ပါတယ်။

64MP Sensor မှာ Low-light များမှာ 16MP Image နဲ့ အလင်းရောင်ကောင်းတဲ့ အချိန်များမှာ 64MP Image များကို ထုတ်လုပ်ပေးနိုင်တဲ့ Pixel-merging Tetracell နည်းပညာ ပါပါတယ်။ Pixel ၄ ခုဟာ အလင်းရောင်ကောင်းစွာ ရရှိဖို့ ပေါင်းစည်း အလုပ်လုပ်တာပါ။ သူက Real-time High Dynamic Range(HDR) ကို 100-decibels (dB) အထိ ထောက်ပံ့ပါတယ်။

နောက်ထုတ်မယ့် Redmi Smartphone နဲ့ Galaxy A Series Smartphone များရဲ့ 64MP Camera ဟာ အလင်းရောင်နည်းပါးချိန်များမှာ စွမ်းရည်ဘယ်လောက်မြင့်မားတယ်ဆိုတာ စောင့်ကြည့်ရမှာပါ။ Samsung ISOCELL Bright GW1 Sensor ကို လက်ရှိမှာ စမ်းသပ်ဖို့အတွက် ဖုန်း ကုမ္ပဏီများအား ပေးထားပြီး ၂၀၁၉ ခုနှစ် ကွာတား ၂ မှာ အမြောက်အများထုတ်လုပ်နိုင်ပါတယ်။

Ref : fonearena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.