
0
24




unicode

အနောက်ကင်မရာ ခြောက်လုံးတပ် ဖုန်းကို ဖန်တီးနေတဲ့ Sony

နောက်ပိုင်းထုတ် စမတ်ဖုန်းများမှာ အနောက်ကင်မရာကို တစ်လုံးထက်ပိုပြီး ထည့်သွင်းလာကြပါတယ်။ အနည်းဆုံး နှစ်လုံးလောက်ပါလာနေကြပါတယ်။ လက်ရှိအချိန်အထိ အနောက်ကင်မရာ အများဆုံးပါတဲ့ စမတ်ဖုန်းက Nokia 9 PureView ဖြစ်ပြီး ငါးလုံး ထည့်သွင်းထားပါတယ်။ Sony က သူ့ထက်ကဲတော့မယ့် အနေအထားမှာ ရှိနေပါတယ်။

ဆိုနီက အနောက်ကင်မရာ ခြောက်လုံးပါတဲ့ Xperia Smartphone အသစ်တစ်လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ သူ့ရဲ့ ဓါတ်ပုံတစ်ခုလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ အနောက်ကင်မရာ သုံးလုံးစီကို ဒေါင်လိုက် နှစ်တန်း တပ်ဆင်ထားပါတယ်။ ကင်မရာများရဲ့ အသေးစိတ် သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ သေချာတာက Main Camera နဲ့အတူ Wide-angle , Telephoto, ToF များ ပါလာမှာပါ။

အဲဒီ စမတ်ဖုန်းမှာ ဆဲလ်ဖီး ကင်မရာ နှစ်လုံး ပါလာမယ်လို့ သတင်းပေါက်ကြားနေပေမယ့် အသေးစိတ် သတင်းအချက်အလက်များကို မသိရသေးပါဘူး။ သူ့ကို ဒီနှစ်နှောင်းပိုင်း သို့မဟုတ် လာမယ့်နှစ် အစောပိုင်းကျမှသာ ကြေညာနိုင်ပါတယ်။ အခုလက်ရှိမှာတော့ ဆိုနီက သူ့ကို ဖန်တီးနေဆဲ အဆင့်မှာသာ ရှိပါသေးတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.