Color Display , Voice Assistant နဲ႔ NFC မ်ား ပါလာတဲ့ Xiaomi Mi Band 4

0
13

Xiaomi က တရုတ္မွာ Mi Band 4 ကို ေၾကညာလိုက္ပါတယ္။ ေမာ္ဒယ္သံုးခု ထုတ္လုပ္ထားၿပီး တန္ဖုိးအျမင့္ဆံုးေမာ္ဒယ္မွာ NFC ပါပါတယ္။ သူ႔မွာ  ၀.၉၅ လက္မ Color AMOLED Display ထည့္သြင္းထားၿပီး 120x240p Resolution ျဖစ္ပါတယ္။ 2.5D Scratch-resistant Glass ကို သံုးထားပါတယ္။

Mi Band 4 မွာ ေျပးျခင္း၊ ေရကူးျခင္း၊ စက္ဘီးစီးျခင္း၊ လမ္းေလွ်ာက္ျခင္းလို ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာေပးဖို႔ Six-Axis Accelerometer ပါပါတယ္။ ႏွလံုးခုန္ႏႈန္းတိုင္းတာတဲ့ ဆန္ဆာပါလာပါတယ္။  ေရအနက္ မီတာ ၅၀ အထိ ၀တ္ဆင္ႏိုင္ပါတယ္။ သင့္ရဲ႕ ေရကူးစြမ္းရည္ကိုလည္း သူက တြက္ခ်က္ေပးႏုိင္ပါတယ္။

မိုက္ကရိုဖုန္းပါလာၿပီး အသံအမိန္႔မ်ားနဲ႔ Xiao AI Voice Assistant ကို ခိုင္းေစႏုိင္ပါတယ္။ IoT Devices မ်ားကို အသံအမိန္႔မ်ားနဲ႔ ခိုင္းေစႏုိင္ပါတယ္။ NFC ျဖင့္ ေငြေပးေခ်မႈမ်ား ျပဳလုပ္ႏုိင္ပါတယ္။ အိပ္စက္မႈ အေျခအေနကိုလည္း တြက္ခ်က္ေပးပါတယ္။ Bluetooth 5.0 ထည့္ထားပါတယ္။ အားအျပည့္သြင္းထားရင္ NFC Model ဟာ ၁၅ ရက္နဲ႔ သာမာန္ ေမာ္ဒယ္ဟာ ရက္ ၂၀ အသံုးခံပါတယ္။

အေရာင္ေျခာက္မ်ိဳးထုတ္လုပ္ထားၿပီး သာမာန္ ေမာ္ဒယ္ကို ၂၄ ေဒၚလာနဲ႔ NFC Model ကို ေဒၚလာ ၅၀ သတ္မွတ္ထားပါတယ္။

unicode

Color Display , Voice Assistant နဲ့ NFC များ ပါလာတဲ့ Xiaomi Mi Band 4

Xiaomi က တရုတ်မှာ Mi Band 4 ကို ကြေညာလိုက်ပါတယ်။ မော်ဒယ်သုံးခု ထုတ်လုပ်ထားပြီး တန်ဖိုးအမြင့်ဆုံးမော်ဒယ်မှာ NFC ပါပါတယ်။ သူ့မှာ ဝ.၉၅ လက်မ Color AMOLED Display ထည့်သွင်းထားပြီး 120x240p Resolution ဖြစ်ပါတယ်။ 2.5D Scratch-resistant Glass ကို သုံးထားပါတယ်။

Mi Band 4 မှာ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းလို ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးဖို့ Six-Axis Accelerometer ပါပါတယ်။ နှလုံးခုန်နှုန်းတိုင်းတာတဲ့ ဆန်ဆာပါလာပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ သင့်ရဲ့ ရေကူးစွမ်းရည်ကိုလည်း သူက တွက်ချက်ပေးနိုင်ပါတယ်။

မိုက်ကရိုဖုန်းပါလာပြီး အသံအမိန့်များနဲ့ Xiao AI Voice Assistant ကို ခိုင်းစေနိုင်ပါတယ်။ IoT Devices များကို အသံအမိန့်များနဲ့ ခိုင်းစေနိုင်ပါတယ်။ NFC ဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်ပါတယ်။ အိပ်စက်မှု အခြေအနေကိုလည်း တွက်ချက်ပေးပါတယ်။ Bluetooth 5.0 ထည့်ထားပါတယ်။ အားအပြည့်သွင်းထားရင် NFC Model ဟာ ၁၅ ရက်နဲ့ သာမာန် မော်ဒယ်ဟာ ရက် ၂၀ အသုံးခံပါတယ်။

အရောင်ခြောက်မျိုးထုတ်လုပ်ထားပြီး သာမာန် မော်ဒယ်ကို ၂၄ ဒေါ်လာနဲ့ NFC Model ကို ဒေါ်လာ ၅၀ သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.