Smartphone Trending
Infinity-O Display , Snapdragon 675 , Triple Camera မ်ားပါတဲ့ Samsung Galaxy M40
unicode
Infinity-O Display , Snapdragon 675 , Triple Camera များပါတဲ့ Samsung Galaxy M40
Samsung က Infinity-O Display , Snapdragon 675 , Triple Camera များပါတဲ့ Galaxy M40 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၃ လက်မ Full HD+ Infinity-O LCD Screen ထည့်သွင်းထားပါတယ်။ စကရင်မှာ 16MP Punch Hole Selfie Camera တပ်ဆင်ထားပါတယ်။ စကရင်ကနေ အသံထွက်စေတဲ့ Screen Sound နည်းပညာကို သုံးထားပါတယ်။ Speaker များ မပါပါဘူး။
6GB RAM , 128GB Storage များပါပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 32MP Main + 5MP Depth + 8MP Ultra Wide-angle Cameras များ ပါပါတယ်။ 4K Video များနဲ့ 240fps Super Slow-mo Video များ ရိုက်ကူးနိုင်ပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ ထည့်ထားပါတယ်။ 15W Fast Charging ပါတဲ့ 3500mAh Battery ပါပါတယ်။
Android Pie အခြေပြု Samsung One UI မောင်းနှင်ထားပါတယ်။ NFC, Bluetooth 5.0 များ ပါပါတယ်။ Midnight Blue နဲ့ Seawater Blue အရောင်များ ရွေးချယ်နိုင်ပါတယ်။ ရူပီး ၁၉ ၉၉၀ သတ်မှတ်ထားပြီး ၂၈၈ ဒေါ်လာလောက် ကျသင့်ပါတယ်။ နားကြပ်ပေါက်တော့ မပါပါဘူး။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.