Enterprise Trending

Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ေပးမည္

အေမရိကန္က တရုတ္ ကုမၸဏီ ဟြာေ၀းအား စီးပြားေရး ပိတ္ပင္မႈမ်ား ျပဳလုပ္ထားပါတယ္။ ဟြာေ၀းရဲ႕ 5G ကိရိယာမ်ားကိုလည္း အေမရိကန္မွာ အသံုးျပဳျခင္းအား ပိတ္ပင္ထားပါတယ္။ ဒါ့အျပင္ မိတ္ဖက္ ႏုိင္ငံမ်ားအားလည္း ဟြာေ၀းရဲ႕ 5G ကိရိယာမ်ားကို မသံုးဖို႔ တြန္းအားေပးေနပါတယ္။ ဒါေပမယ့္ ရုရွားကေတာ့ တရုတ္နဲ႔ ခိုင္မာတဲ့ ဆက္ဆံေရး ရွိၿပီး ဟြာေ၀းရဲ႕ 5G ကိရိယာမ်ားကို အသံုးျပဳေတာ့မွာ ျဖစ္ပါတယ္။

ရုရွားရဲ႕ အႀကီးမားဆံုး မိုဘိုင္း ေအာ္ပေရတာ ျဖစ္တဲ့ MTS က 5G ကြန္ရက္ တည္ေဆာက္ဖို႔ ဟြာေ၀းအား အလုပ္အပ္လိုက္ပါတယ္။ ရုရွားမွာ 5G မုိဘိုင္း ဆက္သြယ္မႈကို ဒီႏွစ္ထဲမွာ MTS က စတင္ ၀န္ေဆာင္မႈေပးမွာ ျဖစ္ပါတယ္။ ကြန္ရက္ကို လာမယ့္ႏွစ္မွာ ပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ေပးမယ္လို႔ ေျပာပါတယ္။

ရုရွား သမၼတ ဗလာဒီမာပူတင္နဲ႔ တရုတ္ သမၼတ ဇီက်င္းပင္ တို႔ဟာ ႏွစ္ႏုိင္ငံ ကုန္သြယ္မႈ ႏွစ္ေပါင္း ၇၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ရုရွားမွာ ေတြ႕ဆံုေနၾကပါတယ္။ ေခါင္းေဆာင္မ်ားေတြ႕ဆံုပြဲမွာ ဟြာေ၀းဟာ ရုရွား မိုဘိုင္းေအာ္ပေရတာ MTS အတြက္ 5G ကြန္ရက္ကို တည္ေဆာက္ေပးဖို႔ သေဘာတူညီမႈရသြားပါတယ္။

ဒါဟာ အေမရိကန္ကို ရုရွားနဲ႔ တရုတ္တို႔ ပူေပါင္းအန္တုတဲ့ သေဘာလည္း ျဖစ္ပါတယ္။ CNN ရဲ႕ သတင္းအရ ဟြာေ၀းအား အေမရိကန္က စိုးရိမ္ေနသလို စိုးရိမ္မႈမ်ိဳး ရုရွားမွာ လံုး၀ မရွိဘူးလို႔ ေျပာပါတယ္။ ဟြာေ၀းရဲ႕ အရာရွိ Guo Ping နဲ႔ MTS ရဲ႕ စီအီးအိုနဲ႔ ဥကၠဌ ျဖစ္သူ Alexei Kornya တို႔က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ သေဘာတူ စာခ်ဳပ္ ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

unicode

Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ပေးမည်

အမေရိကန်က တရုတ် ကုမ္ပဏီ ဟွာဝေးအား စီးပွားရေး ပိတ်ပင်မှုများ ပြုလုပ်ထားပါတယ်။ ဟွာဝေးရဲ့ 5G ကိရိယာများကိုလည်း အမေရိကန်မှာ အသုံးပြုခြင်းအား ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် မိတ်ဖက် နိုင်ငံများအားလည်း ဟွာဝေးရဲ့ 5G ကိရိယာများကို မသုံးဖို့ တွန်းအားပေးနေပါတယ်။ ဒါပေမယ့် ရုရှားကတော့ တရုတ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိပြီး ဟွာဝေးရဲ့ 5G ကိရိယာများကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။

ရုရှားရဲ့ အကြီးမားဆုံး မိုဘိုင်း အော်ပရေတာ ဖြစ်တဲ့ MTS က 5G ကွန်ရက် တည်ဆောက်ဖို့ ဟွာဝေးအား အလုပ်အပ်လိုက်ပါတယ်။ ရုရှားမှာ 5G မိုဘိုင်း ဆက်သွယ်မှုကို ဒီနှစ်ထဲမှာ MTS က စတင် ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ ကွန်ရက်ကို လာမယ့်နှစ်မှာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးမယ်လို့ ပြောပါတယ်။

ရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ် သမ္မတ ဇီကျင်းပင် တို့ဟာ နှစ်နိုင်ငံ ကုန်သွယ်မှု နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားမှာ တွေ့ဆုံနေကြပါတယ်။ ခေါင်းဆောင်များတွေ့ဆုံပွဲမှာ ဟွာဝေးဟာ ရုရှား မိုဘိုင်းအော်ပရေတာ MTS အတွက် 5G ကွန်ရက်ကို တည်ဆောက်ပေးဖို့ သဘောတူညီမှုရသွားပါတယ်။

ဒါဟာ အမေရိကန်ကို ရုရှားနဲ့ တရုတ်တို့ ပူပေါင်းအန်တုတဲ့ သဘောလည်း ဖြစ်ပါတယ်။ CNN ရဲ့ သတင်းအရ ဟွာဝေးအား အမေရိကန်က စိုးရိမ်နေသလို စိုးရိမ်မှုမျိုး ရုရှားမှာ လုံး၀ မရှိဘူးလို့ ပြောပါတယ်။ ဟွာဝေးရဲ့ အရာရှိ Guo Ping နဲ့ MTS ရဲ့ စီအီးအိုနဲ့ ဥက္ကဌ ဖြစ်သူ Alexei Kornya တို့က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ သဘောတူ စာချုပ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.