တရုတ္က အေမရိကန္ေနာက္လိုက္ ကုမၸဏီမ်ားအား သတိေပး

0
15

The News York Times က တရုတ္က အေမရိကန္ေနာက္လိုက္ ကုမၸဏီမ်ားအား သတိေပးလိုက္တယ္လို႔ ေရးသားထားပါတယ္။ အေမရိကန္ ေနာက္လိုက္ ကုမၸဏီမ်ားဟာ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ခံစားရမယ္လို႔ ေျပာေၾကာင္း သိရပါတယ္။ တရုတ္ အာဏာပိုင္မ်ားက သူ႔ႏုိင္ငံထဲကို ကုန္ပစၥည္း တင္ပို႔ခြင့္ ရပ္နားခံရႏိုင္တယ္လို႔ အေမရိကန္ ကုမၸဏီမ်ားအား သတိေပးလိုက္တယ္လို႔ သိရပါတယ္။ အေမရိကန္ မဟုတ္တဲ့ ကုမၸဏီမ်ားအားလည္း တရုတ္ ကုမၸဏီမ်ားအား လက္တြဲမျဖဳတ္ဘူးဆိုရင္ ဆိုးက်ိဳးမ်ား မရႏုိင္ဘူးလို႔ တရုတ္ အစိုးရက ေျပာတယ္လို႔ သိရပါတယ္။

Bloomberg က တရုတ္ဟာ အေမရိကန္အား ရွားပါး သတၱဳမ်ား ေရာင္းခ်ျခင္းကို ကန္႔သတ္ေတာ့မွာ ျဖစ္ၿပီး ႏိုင္ငံျခား တိုင္းျပည္မ်ားကို ပိတ္ပင္ကန္႔သတ္မယ့္ ကိုယ္ပုိင္ Blacklist ကိုလည္း ျပဳလုပ္ေနတယ္လို႔ ဒီလအေစာပိုင္းက ေဖာ္ျပထားပါတယ္။

ရွားပါး သတၱဳမ်ား ေရာင္းခ်ျခင္းအား ကန္႔သတ္မယ္ဆိုရင္ အေမရိကန္အတြက္ အထိနာႏုိင္ပါတယ္။ တရုတ္ကေတာ့ ဒီလို ပိတ္ပင္ဖို႔ အဆင္သင့္ျပင္ထားတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Bloomberg က ကုန္သြယ္ေရး စစ္ပြဲ ဒီထက္ အရွိန္ျမင့္လာမွသာ တရုတ္က ပိတ္ပင္မယ္လို႔ ေရးသားထားပါတယ္။ နီယိုဒိုင္မီယမ္ကို သံလိုက္မ်ားမွာ က်ယ္ျပန္႔စြာ အသံုးျပဳေနၿပီး ကမာၻမွာ အရွားပါးဆံုး သတၱဳထဲက တစ္ခု ျဖစ္ပါတယ္။ သူ႔ကို နားၾကပ္မ်ားမွာ က်ယ္ျပန္႔စြာ အသံုးျပဳေနၾကပါတယ္။ အေမရိကန္ဟာ အဲဒီ သတၱဳကို တရုတ္ကလြဲၿပီး အျခား ႏိုင္ငံမ်ားကေန ရရွဖို႔ မလြယ္ကူဘူးလို႔ ပညာရွင္မ်ားကသံုးသပ္ထားပါတယ္။

unicode

တရုတ်က အမေရိကန်နောက်လိုက် ကုမ္ပဏီများအား သတိပေး

The News York Times က တရုတ်က အမေရိကန်နောက်လိုက် ကုမ္ပဏီများအား သတိပေးလိုက်တယ်လို့ ရေးသားထားပါတယ်။ အမေရိကန် နောက်လိုက် ကုမ္ပဏီများဟာ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရမယ်လို့ ပြောကြောင်း သိရပါတယ်။ တရုတ် အာဏာပိုင်များက သူ့နိုင်ငံထဲကို ကုန်ပစ္စည်း တင်ပို့ခွင့် ရပ်နားခံရနိုင်တယ်လို့ အမေရိကန် ကုမ္ပဏီများအား သတိပေးလိုက်တယ်လို့ သိရပါတယ်။ အမေရိကန် မဟုတ်တဲ့ ကုမ္ပဏီများအားလည်း တရုတ် ကုမ္ပဏီများအား လက်တွဲမဖြုတ်ဘူးဆိုရင် ဆိုးကျိုးများ မရနိုင်ဘူးလို့ တရုတ် အစိုးရက ပြောတယ်လို့ သိရပါတယ်။

Bloomberg က တရုတ်ဟာ အမေရိကန်အား ရှားပါး သတ္တုများ ရောင်းချခြင်းကို ကန့်သတ်တော့မှာ ဖြစ်ပြီး နိုင်ငံခြား တိုင်းပြည်များကို ပိတ်ပင်ကန့်သတ်မယ့် ကိုယ်ပိုင် Blacklist ကိုလည်း ပြုလုပ်နေတယ်လို့ ဒီလအစောပိုင်းက ဖော်ပြထားပါတယ်။

ရှားပါး သတ္တုများ ရောင်းချခြင်းအား ကန့်သတ်မယ်ဆိုရင် အမေရိကန်အတွက် အထိနာနိုင်ပါတယ်။ တရုတ်ကတော့ ဒီလို ပိတ်ပင်ဖို့ အဆင်သင့်ပြင်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် Bloomberg က ကုန်သွယ်ရေး စစ်ပွဲ ဒီထက် အရှိန်မြင့်လာမှသာ တရုတ်က ပိတ်ပင်မယ်လို့ ရေးသားထားပါတယ်။ နီယိုဒိုင်မီယမ်ကို သံလိုက်များမှာ ကျယ်ပြန့်စွာ အသုံးပြုနေပြီး ကမ္ဘာမှာ အရှားပါးဆုံး သတ္တုထဲက တစ်ခု ဖြစ်ပါတယ်။ သူ့ကို နားကြပ်များမှာ ကျယ်ပြန့်စွာ အသုံးပြုနေကြပါတယ်။ အမေရိကန်ဟာ အဲဒီ သတ္တုကို တရုတ်ကလွဲပြီး အခြား နိုင်ငံများကနေ ရရှဖို့ မလွယ်ကူဘူးလို့ ပညာရှင်များကသုံးသပ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.