Enterprise Trending





unicode

ဒေါ်လာ သန်း ၆၀ နဲ့ နိုင်ငံတကာ အာကာသစခန်းကို အလည်သွားနိုင်မည်

လကမ္ဘာကို ပျားရည်ဆမ်း ခရီးတော့ သွားလို့ မရသေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အာကာသစခန်း (ISS) ကို အလည်သွားချင်ရင်တော့ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ သွားလို့ရတော့မှာပါ။ NASA က ISS ကို ခရီးသည်များကို ပို့ဆောင်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ရုပ်ရှင်များလည်း ရိုက်ကူးလို့ ရတော့မှာပါ။ ဒါ့အပြင် အာကာသ ကုမ္ပဏီများမှ အာကာသယာဉ်မှူးများဟာလည်း လေ့လာရေးခရီးသွားနိုင်မှာပါ။ ကုမ္ပဏီများကလည်း ပွဲအခမ်းအနားများကို ပြုလုပ်နိုင်မှာပါ။ ကုမ္ပဏီများက သူတို့ရဲ့ ထုတ်ကုန်များကို အာကာသမှာ စမ်းသပ်နိုင်မှာပါ။

ဒါပေမယ့် ခရီးစားရိတ်က မသေးပါဘူး။ အားလုံးပေါင်း ဒေါ်လာ သန်း ၆၀ လောက်ကုန်မှာပါ။ မြန်မာငွေနဲ့ဆိုရင် သန်း ၉ သောင်းလောက်ရှိပါတယ်။ အသွား၊ အပြန်ခက ဒေါ်လာ ၅၈ သန်းပါ။ ISS မှာ တစ်ညတည်းခိုရင် ဒေါ်လာ ၃၅ ၀၀၀ ကျသင့်မှာပါ။ တစ်ရက်လျှင် Life Support System များအတွက် ဒေါ်လာ ၁၁၂၅၀ ၊ အောက်ဆီဂျင်၊ အစားအစာ၊ ဆေးဝါးနဲ့ အခြား အရာများအတွက် ဒေါ်လာ ၂၂၅၀၀ ၊ ဓါတ်အားခအတွက် ၄၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Boeing နဲ့ SpaceX တို့ရဲ့ Dragon Capsule နဲ့ Starliner Craft အာကာသယာဉ်များကို အသုံးပြုမှာ ဖြစ်ပါတယ်။ တစ်နှစ်လျှင် ခရီးစဉ် ၂ ကြိမ်သာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ ကြာမြင့်မှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.