Smartphone Trending

ေနာက္လမွာ ေရာင္းမယ့္ Samsung Galaxy Fold

ေနာက္လမွာ Samsung Galaxy Fold ကို ေရာင္းမယ္လို႔ ကုမၸဏီရဲ႕ အရာရွိတစ္ဦးက ေျပာလိုက္ပါတယ္။ ရက္အတိအက်ကိုေတာ့ မၾကာခင္မွာ တရား၀င္ေၾကညာႏုိင္ပါတယ္။ ႏုိင္ငံအလိုက္ ေရာင္းခ်မယ့္ အခ်ိန္ ကြဲျပားႏုိင္ပါတယ္။

ဆမ္ေဆာင္းက မီဒီယာမ်ားကို စမ္းသပ္ အသံုးျပဳဖို႔ ေပးထားတဲ့ Galaxy Fold မ်ားဟာ ရက္ပုိင္းပဲ သံုးရေသးခ်ိန္မွာ စကရင္ ျပႆနာမ်ား ျဖစ္ပြားခဲ့တယ္လို႔ ဧၿပီလက သတင္းမ်ားတက္လာပါတယ္။ အဲဒီအတြက္ ဆမ္ေဆာင္းက စကရင္ကို ပိုၿပီး ေကာင္းေအာင္ ျပဳျပင္ရမွာ ျဖစ္လို႔ ေရာင္းခ်မယ့္ ရက္ကို ေရႊ႕ဆိုင္းမယ္လို႔ ေၾကညာခဲ့ပါတယ္။  

The Verge ရဲ႕ Dieter Bohn က စကရင္ ၂ ခုရဲ႕ အဆက္မွာ  အက္ရာမ်ား ေပၚလာၿပီး အက္ေၾကာင္းကို အားနဲ႔ ဖိလိုက္ရင္ စကရင္ ကြဲအက္သြားတယ္လို႔ သူက ဧၿပီလတုန္းက  ေရးသားထားပါတယ္။ CNBC ကို ေပးထားတဲ့ အလံုးကလည္း  ၂ ရက္အတြင္းမွာပဲ စကရင္ဟာ သံုးလို႔ မရေတာ့ဘူးလို႔ ေရးသားထားပါတယ္။ Bloomberg ရဲ႕ Mark Gurman နဲ႔ YouTube မွ နာမည္ေက်ာ္ Reviewer တစ္ဦး ျဖစ္သူ Marques Brownlee ကလည္း အလားတူ ျပႆနာ ျဖစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

စကရင္ကို ကာကြယ္ထားတဲ့ အလႊာတစ္ထပ္ကို ဖယ္လိုက္လို႔ ဒီလို ျပႆနာတက္သြားတာလည္း ျဖစ္ႏုိင္ပါတယ္။ ဆမ္ေဆာင္းက ေစ်းကြက္ထဲကို ေရာင္းမယ့္ အလံုးမ်ားမွာ အေပၚယံ အလႊာကို မဖယ္ရွားဖုိ႔ သတိေပးစာ ကပ္ထားႏုိင္ပါတယ္။ ဒါေပမယ့္ Review Unit မ်ားမွာေတာ့ သတိေပးစာ မကပ္ထားပါဘူး။

ဒီသတင္းမ်ား တက္လာၿပီးေနာက္မွာ   ဆမ္ေဆာင္းက ေၾကညာခ်က္တစ္ခု ထုတ္ျပန္လိုက္ပါတယ္။ စကရင္မွာ ကပ္ထားတဲ့ အလႊာကို မဖယ္ရွားဖို႔နဲ႔ ျပႆနာ တက္ေနတဲ့ Review Unit မ်ားကို ေသခ်ာစြာ စစ္ေဆးသြားမယ္လို႔ ကုမၸဏီက ေျပာခဲ့ပါတယ္။  ဒီျပႆနာဟာ ခဏေလး ေျဖရွင္းလို႔ မရႏုိင္တဲ့ အတြက္ ေရာင္းခ်မယ့္ ရက္ကို ေနာက္ဆုတ္ခဲ့တာပါ။

unicode

နောက်လမှာ ရောင်းမယ့် Samsung Galaxy Fold

နောက်လမှာ Samsung Galaxy Fold ကို ရောင်းမယ်လို့ ကုမ္ပဏီရဲ့ အရာရှိတစ်ဦးက ပြောလိုက်ပါတယ်။ ရက်အတိအကျကိုတော့ မကြာခင်မှာ တရားဝင်ကြေညာနိုင်ပါတယ်။ နိုင်ငံအလိုက် ရောင်းချမယ့် အချိန် ကွဲပြားနိုင်ပါတယ်။

ဆမ်ဆောင်းက မီဒီယာများကို စမ်းသပ် အသုံးပြုဖို့ ပေးထားတဲ့ Galaxy Fold များဟာ ရက်ပိုင်းပဲ သုံးရသေးချိန်မှာ စကရင် ပြဿနာများ ဖြစ်ပွားခဲ့တယ်လို့ ဧပြီလက သတင်းများတက်လာပါတယ်။ အဲဒီအတွက် ဆမ်ဆောင်းက စကရင်ကို ပိုပြီး ကောင်းအောင် ပြုပြင်ရမှာ ဖြစ်လို့ ရောင်းချမယ့် ရက်ကို ရွှေ့ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်။

The Verge ရဲ့ Dieter Bohn က စကရင် ၂ ခုရဲ့ အဆက်မှာ အက်ရာများ ပေါ်လာပြီး အက်ကြောင်းကို အားနဲ့ ဖိလိုက်ရင် စကရင် ကွဲအက်သွားတယ်လို့ သူက ဧပြီလတုန်းက ရေးသားထားပါတယ်။ CNBC ကို ပေးထားတဲ့ အလုံးကလည်း ၂ ရက်အတွင်းမှာပဲ စကရင်ဟာ သုံးလို့ မရတော့ဘူးလို့ ရေးသားထားပါတယ်။ Bloomberg ရဲ့ Mark Gurman နဲ့ YouTube မှ နာမည်ကျော် Reviewer တစ်ဦး ဖြစ်သူ Marques Brownlee ကလည်း အလားတူ ပြဿနာ ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

စကရင်ကို ကာကွယ်ထားတဲ့ အလွှာတစ်ထပ်ကို ဖယ်လိုက်လို့ ဒီလို ပြဿနာတက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဆမ်ဆောင်းက ဈေးကွက်ထဲကို ရောင်းမယ့် အလုံးများမှာ အပေါ်ယံ အလွှာကို မဖယ်ရှားဖို့ သတိပေးစာ ကပ်ထားနိုင်ပါတယ်။ ဒါပေမယ့် Review Unit များမှာတော့ သတိပေးစာ မကပ်ထားပါဘူး။

ဒီသတင်းများ တက်လာပြီးနောက်မှာ ဆမ်ဆောင်းက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ စကရင်မှာ ကပ်ထားတဲ့ အလွှာကို မဖယ်ရှားဖို့နဲ့ ပြဿနာ တက်နေတဲ့ Review Unit များကို သေချာစွာ စစ်ဆေးသွားမယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ ဒီပြဿနာဟာ ခဏလေး ဖြေရှင်းလို့ မရနိုင်တဲ့ အတွက် ရောင်းချမယ့် ရက်ကို နောက်ဆုတ်ခဲ့တာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.