Smartphone Trending
Ref : gsmarena
unicode
5000mAh Battery နဲ့ အနောက်ကင်မရာသုံးလုံးပါတဲ့ Vivo Y12
တန်ဖိုးနည်း Vivo Y12 ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ သူဟာ စွမ်းရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီး မကြာခင်ကလည်း သူ့ရဲ့ သတင်းများထွက်ခဲ့ဖူးပါတယ်။ စွမ်းရည်နိမ့် ဆိုပေမယ့် အရွယ်ကြီး ဘက်ထရီနဲ့ အနောက်ကင်မရာသုံးလုံးပါတာက အထင်ကြီးစရာပါ။
Vivo Y12 မှာ ၆.၃၅ လက်မ Halo FullView HD+ Display ထည့်သွင်းထားပြီး 2.0GHz CPU ပါတဲ့ MediaTek Helio P22 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main +8MP Ultrawide or Telephoto + 2MP Depth Sensor များ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး ဉာဏ်ရည်တု လုပ်ဆောင်ချက်များ ပါပါတယ်။
သူ့ရဲ့ အဓိက အစိတ်အပိုင်းမှာ 5000mAh Battery ဖြစ်ပြီး အခြား ဖုန်းများကို အားသွင်းပေးနိုင်ပါတယ်။ Android 9 Pie အခြေပြု Funtouch OS 9 ပါပါတယ်။ အိန္ဒိယမှာ နောက်တစ်ပတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ 3/32GB Model ကို ရူပီး ၁၁ ၉၉၉ ( ယူရို ၁၅၅) နဲ့ 4/64GB Model ကို ရူပီး ၁၂၉၉၉ ( ယူရို ၁၇၀) သတ်မှတ်ထားပါတယ်။
Ref : gsmarena
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.