Smartphone Trending

ေမလရဲ႕ အျမန္ဆံုး Android Phone ျဖစ္လာတဲ့ ZTE Nubia Red Magic 3

AnTuTu က လစဥ္ အျမန္ဆံုး အန္းဒရြိဳက္ဖုန္း ဆယ္လံုးစာရင္းကို ထုတ္ျပန္ေၾကညာေလ့ရွိပါတယ္။ အခုလည္း ေမလစာရင္း ထြက္လာပါၿပီ။ သူက တရုတ္ ၀က္ဘ္ဆိုက္ျဖစ္ၿပီး စမတ္ဖုန္းမ်ားရဲ႕ စြမ္းေဆာင္ရည္ သို႔မဟုတ္ အျမန္ႏႈန္းကို စမ္းသပ္ေပးေနပါတယ္။

အျမန္ဆံုး အန္းဒရြိဳက္ဖုန္း ဆယ္လံုး စာရင္းမွာ ZTE ရဲ႕ Gaming Phone ျဖစ္တဲ့ Nubia Red Magic 3 က ထိပ္ဆံုး ေနရာကို သိမ္းပိုက္ထားပါတယ္။ နံပါတ္ ၂ ေနရာကိုလည္း ZTE ရဲ႕ ဖုန္းကပဲ ရယူထားပါတယ္။ သူက Axon 10 Pro ျဖစ္ပါတယ္။ Xiaomi Mi 9 Explorer က နံပါတ္ ၃ ေနရာမွာ ရွိေနပါတယ္။

စာရင္းရဲ႕ ထိပ္ဆံုး ငါးလံုးမွာ ေရွာင္မီရဲ႕ ဖုန္း သံုးလံုး ပါေနပါတယ္။ နံပါတ္ ၄ ေနရာမွာ Xiaomi Black Shark 2 ၊ နံပါတ္ ၅ ေနရာမွာ Xiaomi Mi 9 မ်ား ရွိပါတယ္။ နံပါတ္ ၆ ၊ နံပါတ္ ၇ နဲ႔ နံပါတ္ ၈ ေနရာမ်ားကို Meizu 16s, OnePlus 7 Pro နဲ႔ Lenovo Z6 Pro တို႔က ရထားပါတယ္။ နံပါတ္ ၉ ေနရာမွာ Galaxy S10+ နဲ႔ နံပါတ္ ၁၀ ေနရာမွာ Galaxy S10 တို႔ ရွိေနပါတယ္။ အဲဒီစာရင္းမွာ Snapdragon 855 Chipset ပါတဲ့ ဖုန္းမ်ားသာ အမ်ားစု ပါ၀င္ပါတယ္။

unicode

မေလရဲ့ အမြန်ဆုံး Android Phone ဖြစ်လာတဲ့ ZTE Nubia Red Magic 3

AnTuTu က လစဉ် အမြန်ဆုံး အန်းဒရွိုက်ဖုန်း ဆယ်လုံးစာရင်းကို ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။ အခုလည်း မေလစာရင်း ထွက်လာပါပြီ။ သူက တရုတ် ဝက်ဘ်ဆိုက်ဖြစ်ပြီး စမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည် သို့မဟုတ် အမြန်နှုန်းကို စမ်းသပ်ပေးနေပါတယ်။

အမြန်ဆုံး အန်းဒရွိုက်ဖုန်း ဆယ်လုံး စာရင်းမှာ ZTE ရဲ့ Gaming Phone ဖြစ်တဲ့ Nubia Red Magic 3 က ထိပ်ဆုံး နေရာကို သိမ်းပိုက်ထားပါတယ်။ နံပါတ် ၂ နေရာကိုလည်း ZTE ရဲ့ ဖုန်းကပဲ ရယူထားပါတယ်။ သူက Axon 10 Pro ဖြစ်ပါတယ်။ Xiaomi Mi 9 Explorer က နံပါတ် ၃ နေရာမှာ ရှိနေပါတယ်။

စာရင်းရဲ့ ထိပ်ဆုံး ငါးလုံးမှာ ရှောင်မီရဲ့ ဖုန်း သုံးလုံး ပါနေပါတယ်။ နံပါတ် ၄ နေရာမှာ Xiaomi Black Shark 2 ၊ နံပါတ် ၅ နေရာမှာ Xiaomi Mi 9 များ ရှိပါတယ်။ နံပါတ် ၆ ၊ နံပါတ် ၇ နဲ့ နံပါတ် ၈ နေရာများကို Meizu 16s, OnePlus 7 Pro နဲ့ Lenovo Z6 Pro တို့က ရထားပါတယ်။ နံပါတ် ၉ နေရာမှာ Galaxy S10+ နဲ့ နံပါတ် ၁၀ နေရာမှာ Galaxy S10 တို့ ရှိနေပါတယ်။ အဲဒီစာရင်းမှာ Snapdragon 855 Chipset ပါတဲ့ ဖုန်းများသာ အများစု ပါဝင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.