
0
5




unicode

Apple Mac Pro ရဲ့ အမြင့်ဆုံးမော်ဒယ်ဟာ သိန်း ၆၇၀ လောက်ရှိနိုင်

Apple က WWDC 2019 မှာ Mac Pro အသစ်ကို ကြေညာခဲ့ပါတယ်။ သူ့ရဲ့ အခြေခံ မော်ဒယ်ဟာ ဒေါ်လာ ၆၀၀၀ ရှိတဲ့ အတွက် ဈေးက မသေးပါဘူး။ သူ့ရဲ့ စွမ်းရည် အမြင့်ဆုံး မော်ဒယ်ဟာ ဒေါ်လာ ၄၅၀၀၀ ရှိနိုင်ပါတယ်။ မြန်မာငွေ သိန်း ၆၇၀ လောက်ရှိသွားမှာပါ။ ဒီတွက်ချက်မှုကို TheVerge က ပြုလုပ်ခဲ့တာပါ။ သူက စွမ်းရည်မြင့် မော်ဒယ်မှာ ပါတဲ့ အစိတ်အပိုင်းများရဲ့ ဈေးနှုန်းများကို အခြေခံ၍ တွက်ချက်ထားတာပါ။

ဒီဈေးနှုန်းဟာ Apple ရဲ့ တရားဝင် ဈေးနှုန်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီဈေးလောက်ကို Apple က တောင်းဆိုနိုင်ပါတယ်။ Apple က ဒီထက်တောင် ပိုတောင်းထားနိုင်ပါတယ်။ မြန်မာငွေ သိန်း ၆၇၀ ဆိုတာ ကားတစ်စီးတောင် ဝယ်နိုင်ပါတယ်။ အဲဒီအတွက် ကားဝယ်မလား၊ Mac Pro ဝယ်မလားဆိုတာတောင် စဉ်းစားရမလို ဖြစ်နေပါပြီ။

TheVerge ရဲ့ ဒေါ်လာ ၄၅ ၀၀၀ ထဲမှာ အခြေခံမော်ဒယ်ရဲ့ ဒေါ်လာ ၆၀၀၀ ပါပါတယ်။ အဲဒီနောက်မှာ RAM ရဲ့ ကုန်ကျစားရိတ်ပါပါတယ်။ စွမ်းရည်မြင့် Mac Pro မှာ 1.5TB RAM ကို ထည့်နိုင်ပါတယ်။ ပြီးရင်တော့ 4TB Storage ကို ထည့်သွင်းတွက်ချက်ထားပါတယ်။ CPU အပိုင်းမှာ TheVerge က 28 Core Intel Xeon W Processor နဲ့ တွက်ထားပါတယ်။ AMD Radeon Pro Vega II Duo GPUs က အစိတ်အပိုင်းများထဲမှာ ဈေးအကြီးဆုံး ဖြစ်မယ်လို့ TheVerge က ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.