Smartphone Trending

Samsung Galaxy Note 10 မွာ Physical Buttons မ်ား ပါမွာ မဟုတ္

Physical Button မ်ား မပါတဲ့ HTC U12+ ကို ျမင္ခဲ့ၾကရၿပီးပါၿပီ။ အခုေတာ့ ဆမ္ေဆာင္းက အဲဒီ အိုင္ဒီယာကို က်င့္သံုးေတာ့မယ္လို႔ ထင္ရပါတယ္။ ဆမ္ေဆာင္းနဲ႔ ရင္းႏွီးတဲ့ အသိုင္းအ၀ုိင္းက Galaxy Note 10 မွာ Physical Buttons မ်ား ပါမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ အဲဒီ ခလုတ္မ်ား အစား ဖိအား အာရံုခံႏိုင္တဲ့ဧရိယာမ်ားနဲ႔ Capacitive မ်ားကို အသံုးျပဳထားမွာပါ။

Samsung က ဒီႏွစ္အတြက္ စြမ္းရည္ျမင့္ Galaxy S10 Series မ်ားကို ေၾကညာၿပီးပါၿပီ။ ဒါေပမယ့္ ေနာက္ထပ္ စြမ္းရည္ျမင့္ Galaxy Note 10 Series မ်ားကို ေၾကညာဖို႔ ရွိေနပါေသးတယ္။ မၾကာခင္ကလည္း Galaxy Note 10 မွာ 25W Charging ထက္ ပိုျမန္တဲ့ အားသြင္း နည္းပညာ ပါလာမယ္လို႔ ေျပာပါတယ္။ Galaxy S10 5G နဲ႔ Galaxy A70 မ်ားမွာ ဆမ္ေဆာင္းရဲ႕ 25W Fast Charging နည္းပညာ အသစ္ပါလာပါတယ္။ Note 10 ရဲ႕ အားသြင္းနည္းပညာက ဒီထက ္ ျမန္လာမွာပါ။

ၿပီးခဲ့တဲ့ လက ေပါက္ၾကားထြက္ေပၚလာတဲ့ ဓါတ္ပံုတစ္ခုမွာ Galaxy Note 10 Pro ရဲ႕ ဘက္ထရီကို ျပသထားၿပီး 4500mAh Battery ဆိုတာ သိရပါတယ္။ လက္ရွိ ေရာင္းခ်ထားတဲ့ Galaxy S10 5G မွာလည္း 4500mAh Battery ထည့္သြင္းထားတာ ျဖစ္ပါတယ္။ Galaxy Note 9 ထက္ 500mAh ပိုပါလာတာ ျဖစ္ပါတယ္။

Samsung Galaxy Note 10 ရဲ႕ အရြယ္ေသး ဗားရွင္းထြက္လာမယ္လို႔ အရင္က သတင္းထြက္ထားပါတယ္။ ၿပီးခဲ့တဲ့လက ေတာင္ကိုရီးယားကေန ထြက္လာတဲ့ သတင္းအရ Galaxy Note 10 ဟာ ဗားရွင္း ၄ မ်ိဳးထြက္လာမယ္လို႔ သိရပါတယ္။ ၂ လံုးဟာ 5G Version ျဖစ္ၿပီး ေနာက္ ၂ လံုးဟာ 4G Version ျဖစ္ပါတယ္။

unicode

Samsung Galaxy Note 10 မှာ Physical Buttons များ ပါမှာ မဟုတ်

Physical Button များ မပါတဲ့ HTC U12+ ကို မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ ဆမ်ဆောင်းက အဲဒီ အိုင်ဒီယာကို ကျင့်သုံးတော့မယ်လို့ ထင်ရပါတယ်။ ဆမ်ဆောင်းနဲ့ ရင်းနှီးတဲ့ အသိုင်းအဝိုင်းက Galaxy Note 10 မှာ Physical Buttons များ ပါမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီ ခလုတ်များ အစား ဖိအား အာရုံခံနိုင်တဲ့ဧရိယာများနဲ့ Capacitive များကို အသုံးပြုထားမှာပါ။

Samsung က ဒီနှစ်အတွက် စွမ်းရည်မြင့် Galaxy S10 Series များကို ကြေညာပြီးပါပြီ။ ဒါပေမယ့် နောက်ထပ် စွမ်းရည်မြင့် Galaxy Note 10 Series များကို ကြေညာဖို့ ရှိနေပါသေးတယ်။ မကြာခင်ကလည်း Galaxy Note 10 မှာ 25W Charging ထက် ပိုမြန်တဲ့ အားသွင်း နည်းပညာ ပါလာမယ်လို့ ပြောပါတယ်။ Galaxy S10 5G နဲ့ Galaxy A70 များမှာ ဆမ်ဆောင်းရဲ့ 25W Fast Charging နည်းပညာ အသစ်ပါလာပါတယ်။ Note 10 ရဲ့ အားသွင်းနည်းပညာက ဒီထက ် မြန်လာမှာပါ။

ပြီးခဲ့တဲ့ လက ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံတစ်ခုမှာ Galaxy Note 10 Pro ရဲ့ ဘက်ထရီကို ပြသထားပြီး 4500mAh Battery ဆိုတာ သိရပါတယ်။ လက်ရှိ ရောင်းချထားတဲ့ Galaxy S10 5G မှာလည်း 4500mAh Battery ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Galaxy Note 9 ထက် 500mAh ပိုပါလာတာ ဖြစ်ပါတယ်။

Samsung Galaxy Note 10 ရဲ့ အရွယ်သေး ဗားရှင်းထွက်လာမယ်လို့ အရင်က သတင်းထွက်ထားပါတယ်။ ပြီးခဲ့တဲ့လက တောင်ကိုရီးယားကနေ ထွက်လာတဲ့ သတင်းအရ Galaxy Note 10 ဟာ ဗားရှင်း ၄ မျိုးထွက်လာမယ်လို့ သိရပါတယ်။ ၂ လုံးဟာ 5G Version ဖြစ်ပြီး နောက် ၂ လုံးဟာ 4G Version ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.