Redmi 7A ရဲ႕ ေစ်းႏႈန္းကို သိရၿပီ

0
91

Xiaomi က Redmi 7A ကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ေၾကညာခဲ့ေပမယ့္ အခုမွ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကို ေၾကညာလိုက္တာ ျဖစ္ပါတယ္။ 16GB ကို ၇၉ ေဒၚလာနဲ႔ 32GB ကို ၈၆ ေဒၚလာ သတ္မွတ္ထားပါတယ္။ ဇြန္လ ၆ ရက္မွာ တရုတ္တြင္ ေရာင္းမွာပါ။

သူ႔မွာ Qualcomm Snapdragon 439 Chipset ေမာင္းႏွင္ထားပါတယ္။ Notch မပါတဲ့ ၅.၄၅ လက္မ HD+(720×1440) Screen ထည့္သြင္းထားပါတယ္။ ေခတ္စားေနတဲ့ 18:9 Aspect Ratio ကို သံုးထားပါတယ္။ စကရင္ဟာ ေဘးဘက္မ်ားမွာ ေကြးညႊတ္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။

သူ႔အတြက္  2GB RAM , 16GB Storage နဲ႔ 3GB RAM , 32GB Storage မ်ား ထုတ္လုပ္ေပးထားပါတယ္။ 256GB microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ PDAF, AI Scene Detection မ်ား ပါတဲ့ 13MP Camera နဲ႔ အေရွ႕ဘက္မွာ AI Face Unlock , Beautiry ပါတဲ့ 5MP Front Camera မ်ား ထည့္ထားပါတယ္။

အရြယ္ႀကီး 4000mAh Battery နဲ႔ စြမ္းအင္စားသံုးမႈ သက္သာတဲ့ Snapdragon 439 ကို တြဲဖက္ေပးထားတဲ့ အတြက္ Redmi 7A ဟာ ဘက္ထရီ သက္တမ္း အရမ္းကို ေကာင္းမြန္မွာ ျဖစ္ပါတယ္။ Android Pie အေျချပဳ MIUI 10 ပါပါတယ္။ အနက္နဲ႔ အျပာေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ ပလတ္စတစ္ကိုယ္ထည္နဲ႔ တည္ေဆာက္ထားပါတယ္။ Dual SIM Phone ျဖစ္ၿပီး microSD Card Slot ကို သီးျခား ထည့္သြင္းေပးထားပါတယ္။  

unicode

Redmi 7A ရဲ့ ဈေးနှုန်းကို သိရပြီ

Xiaomi က Redmi 7A ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပေမယ့် အခုမှ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ 16GB ကို ၇၉ ဒေါ်လာနဲ့ 32GB ကို ၈၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဇွန်လ ၆ ရက်မှာ တရုတ်တွင် ရောင်းမှာပါ။

သူ့မှာ Qualcomm Snapdragon 439 Chipset မောင်းနှင်ထားပါတယ်။ Notch မပါတဲ့ ၅.၄၅ လက်မ HD+(720×1440) Screen ထည့်သွင်းထားပါတယ်။ ခေတ်စားနေတဲ့ 18:9 Aspect Ratio ကို သုံးထားပါတယ်။ စကရင်ဟာ ဘေးဘက်များမှာ ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

သူ့အတွက် 2GB RAM , 16GB Storage နဲ့ 3GB RAM , 32GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ PDAF, AI Scene Detection များ ပါတဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ AI Face Unlock , Beautiry ပါတဲ့ 5MP Front Camera များ ထည့်ထားပါတယ်။

အရွယ်ကြီး 4000mAh Battery နဲ့ စွမ်းအင်စားသုံးမှု သက်သာတဲ့ Snapdragon 439 ကို တွဲဖက်ပေးထားတဲ့ အတွက် Redmi 7A ဟာ ဘက်ထရီ သက်တမ်း အရမ်းကို ကောင်းမွန်မှာ ဖြစ်ပါတယ်။ Android Pie အခြေပြု MIUI 10 ပါပါတယ်။ အနက်နဲ့ အပြာရောင်များ ထုတ်လုပ်ထားပါတယ်။ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ Dual SIM Phone ဖြစ်ပြီး microSD Card Slot ကို သီးခြား ထည့်သွင်းပေးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.