Review/Unboxing

ကီးဘုတ်မှာပါ Screen ပါတဲ့ Zenbook Pro Duo Laptop ကိုမိတ်ဆက်ပြသ

ကီးဘုတ်နေရာမှာပါ 4K Touch Screen ပါတဲ့ Laptop မော်ဒယ်အသစ်အဆန်း ၁ မျိုးကို Asus ကနေဒီနေ့ ထိုင်ဝမ်မှာကျင်းပတဲ့ Asus နှစ် ၃၀ ပြည့်ပွဲမှာမိတ်ဆက်လိုက်ပါတယ်။

ဒီမော်ဒယ်အသစ်ကိုတော့ Zenbook Pro Duo လို့ခေါ်ပါတယ်။

Screen အနေနဲ့ ၁၅ လက်မ Touch Screen Monitor အကြီးတစ်ချပ် ၊ ကီးဘုတ်နေရာအပေါ်ပိုင်းမှာ ၁၄ လက်မအရွယ် Touch Screen Display တစ်ခုထည့်ပေးထားပါတယ်။

မိုက်တဲ့အချက်ကတော့ အပေါ် Display ကလည်း 4K ၊ အောက်က Screen Pad ကလည်း 4K ပါပဲ။ ဒီ Laptop ရဲ့ Main Screen အနေနဲ့ LCD Panel မသုံးဘဲ OLED Display သုံးထားတာဆိုတော့ ရုပ်ထွက်ကတော်တော်လေး Vivid ဖြစ်ပြီး Sharp ဖြစ်ပါတယ်။

screen ၂ ချပ်လိုဖြစ်နေပေမယ့်သဘောတရားကတော့ Screen extend လုပ်ထားတဲ့ပုံစံမျိုးပါပဲ။ အပေါ် Screen မှာ ဆော့ဝဲတွေအများကြီးဖွင့်ထားလို့နေရာမလောက်တော့ရင် အောက်က Screen Pad မှာလည်း ကိုယ် run ချင်တဲ့ ဆော့ဝဲတွေကိုဖွင့်သုံးလို့ရနေတယ်ပေါ့။ ဒါမှမဟုတ် Web Browsing လိုဟာမျိုးမှာဆိုရင် Web Browser ကို Screen အပေါ် ၊ အောက် ၂ ခုစလုံးမှာတပြန့်တည်း Screen extend လုပ်ပြီးသုံးတာမျိုးတွေလုပ်လို့ရပါတယ်။ နောက်ဥပမာအနေနဲ့ဆိုရင်အပေါ် Screen မှာ Microsoft Word ဖွင့်ပြီး Full Screen အနေအထားနဲ့စာရိုက်နေတဲ့အချိန် အောက်က Screen မှာ Spotify ဖွင့်သုံးနေတာတို့ ၊ Facebook သုံးတာတို့လုပ်လို့ရပါတယ်။ Main Screen မှာသုံးနေတာတွေကို Screen Pad ပေါ်ကိုရွှေ့သုံးတာတို့၊ Screen Pad ပေါ်မှာ run ထားတဲ့ ဆော့ဝဲတွေကို Main Screen ပေါ်ကိုပြန်ရွှေ့သုံးတာမျိုးတွေလည်းလုပ်လို့ရပါတယ်။

အသံနဲ့ခိုင်းလို့ရတဲ့ Virtual Assistance အဖြစ် Alexa feature ပါဝင်ပြီး အသံနဲ့ပြောပြီး Alexa ကို Command ပေးတဲ့အခါ Laptop ကနေကိုယ့်အသံကို မနီးမဝေးအကွာအဝေးကနေ ကောင်းစွာဖမ်းယူနိုင်ဖို့ Microphone ၄ လုံးထည့်သွင်းပေးထားပါတယ်။

ဂိမ်းဆော့ရင်းစက်မပူအောင် စက်အပူချိန်ထိန်းညှိပေးနိုင်မယ့် Turbo Cooling feature လည်းပါဝင်ပြီး Fan ကိုကိုယ့်ဘာသာအဖွင့်/အပိတ်စိတ်ကြိုက်လုပ်နိုင်ဖို့ ကီးဘုတ်ပေါ်မှာ Hotkey လည်းထည့်သွင်းပေးထားပါတယ်။

Processor အနေနဲ့ Core i9 Chipset သုံးထားပြီးတော့ Graphic card အနေနဲ့ဆိုရင်လည်း RTX2060 တပ်ပေးထားတာဆိုတော့ Gaming အတွက်ကလည်းရှယ်ပါပဲ။ Wifi အနေနဲ့ဆိုရင်လည်း ဒီကောင်က နောက်ဆုံးထွက် Wifi standard ဖြစ်တဲ့ Wifi 6 ကို Support လုပ်ပါတယ်။

Zenbook Pro Duo ကဘယ်လိုလူတွေအတွက်သင့်တော်လဲဆိုရင် နည်းပညာဆန်းသစ်တဲ့ Laptop ကိုင်ချင်သူတွေ ၊ နောက်ပြီးတော့ Heavy user တွေအတွက်ပါ။ ဟုတ်ပါတယ်… ဒီ Laptop မှာ 4K Resolution ရတဲ့ Display နဲ့ Screen Pad ထည့်ပေးထားတာတွေ ၊ Core i9 လို Processor နဲ့ RTX2060 လို Graphic card တွေထည့်ပေးထားတာက Gamer တွေ ၊ Audio သမားတွေ ၊ ဗီဒီယိုသမားတွေ နဲ့ Graphic Designer တွေလို Productivity, Creativity သမားတွေ ၊ Heavy user တွေအတွက်အဓိကရည်ရွယ်တာပါ။

Zenbook Pro ရဲ့ ဆန်းသစ်မှုတွေကိုလည်းကြိုက်တယ် ၊ Zenbook Pro Duo လောက်လည်းဈေးမသုံးချင်ဘူးဆိုရင်တော့ Zenbook Pro နဲ့တူပြီးသူ့ထက်ဈေးသက်သာတဲ့မော်ဒယ်လည်း တစ်ခါတည်းထုတ်ထားပါတယ်။ ဒီဈေးသက်သာတဲ့မော်ဒယ်ကိုတော့ Zenbook Duo လို့ခေါ်ပြီးတော့ သူ့မှာတော့ Screen တွေက 4K နဲ့မဟုတ်တော့ပါဘူး။ Main Display မှာရော Screen Pad မှာပါ Full HD နဲ့ပဲဖြစ်သွားပါတယ်။ Screen size အနေနဲ့ကလည်း Main Screen ၁၄ လက်မနဲ့ Screen Pad က ၁၂ လက်မဆိုတော့ Zenbook Pro Duo ထက်တော့ size အနည်းငယ်လေး ပိုသေးပါတယ်။ Processor ကလည်း Core i7 သုံးထားပြီးတော့ Graphic card အနေနဲ့ Nvidia MX 250 ကိုသုံးထားပါတယ်။ အတွင်းအပြင်ဒီဇိုင်းကတော့ မော်ဒယ် ၂ မျိုးလုံး အတူတူပါပဲ။

ဈေးနဲ့ရောင်းချမယ့်အချိန်ကိုတော့ကြေညာသွားခြင်းမရှိပါဘူး။ နှစ်ကုန်ပိုင်းလောက်မှစရောင်းမယ်လို့သိရပါတယ်။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.