ေရေအာက္ သႏၱာေက်ာက္တန္းရဲ႕ အလွကို ၾကည့္ရႈႏုိင္မယ့္ ခရီးစဥ္ကို Uber ျပဳလုပ္

0
40

Uber က မိုဘိုင္းဖုန္း အေျချပဳ တကၠစီ ငွားရမ္းတဲ့ ၀န္ေဆာင္မႈကို ကမာၻအ၀န္းမွာ ျပဳလုပ္ေပးထားပါတယ္။ ဒါ့အျပင္ လမ္းေၾကာင္းတူ ခရီးသည္မ်ား အတူတကြ ကားငွားရမ္းစီးနင္းႏုိင္မယ့္ Ride-hailing Service ကိုပါ ၀န္ေဆာင္မႈေပးထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တကၠစီမ်ား၊ ေမာင္းသူမဲ့ တကၠစီ ယာဥ္ပ်ံမ်ားကိုလည္း တီထြင္ေနပါတယ္။  အခုလည္း Ride-hailing Service အသစ္ကို အူဘာက ျပဳလုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။

ေျမျပင္နဲ႔ ေ၀ဟင္မွာ သြားမယ့္ ၀န္ေဆာင္မႈေတာ့ မဟုတ္ပါဘူး။ ေရေအာက္ ခရီးစဥ္မ်ား ျဖစ္ပါတယ္။ ေရငုပ္သေဘၤာနဲ႔ Great Barrier Reef သႏၱာေက်ာက္တန္းကို ၾကည့္ရႈေလ့လာႏုိင္မယ့္ ၀န္ေဆာင္မႈ ျဖစ္ပါတယ္။ လူႏွစ္ဦး စီးနင္းႏိုင္ၿပီး အဲဒီ ေရငုပ္သေဘၤာကို scUber လို႔ အမည္ေပးထားပါတယ္။ ေမလ ၂၇ ရက္နဲ႔ ဇြန္လ ၁၈ ရက္အတြင္းမွာသာ ၀န္ေဆာင္မႈကို ျပဳလုပ္ေပးမွာပါ။ တစ္နာရီၾကာျမင့္တဲ့ ခရီးစဥ္ကို အေၾကာင္း ၂၀ သာ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။

ၾသစေၾတးလ်ရဲ႕ Great Barrier Reef ဟာ ကမာၻ႕ နာမည္အႀကီးဆံုး Tourist Attractions မ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ Uber Australia ရဲ႕ အေထြေထြ မန္ေနဂ်ာ ျဖစ္သူ Susan Anderson က ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ သႏၱာေက်ာက္တန္းမ်ားဟာ ပ်က္ဆီးလာၾကၿပီး Great Barrier Reed ရဲ႕ အေျခအေနကို လူေတြ သိနားလည္ေအာင္ ဒီလို ျပဳလုပ္တာလို႔ ေျပာပါတယ္။

ေရငုပ္သေဘၤာရဲ႕ Dive Location ကို သြားဖို႔ ဟယ္လီေကာ္ပတာ ခရီးစဥ္လည္း ပါ၀င္ပါတယ္။ လူတစ္ဦးအတြက္ ေစ်းႏႈန္းကလည္း မေသးပါဘူး။ ေဒၚလာ ၁၀၃၀ က်သင့္မွာ ျဖစ္ပါတယ္။ ေရငုပ္သေဘၤာကို Uber App ကေန ငွားရမ္းႏိုင္မယ္လို႔ ေျပာပါတယ္။

unicode

ရေအောက် သန္တာကျောက်တန်းရဲ့ အလှကို ကြည့်ရှုနိုင်မယ့် ခရီးစဉ်ကို Uber ပြုလုပ်

Uber က မိုဘိုင်းဖုန်း အခြေပြု တက္ကစီ ငှားရမ်းတဲ့ ဝန်ဆောင်မှုကို ကမ္ဘာအဝန်းမှာ ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် လမ်းကြောင်းတူ ခရီးသည်များ အတူတကွ ကားငှားရမ်းစီးနင်းနိုင်မယ့် Ride-hailing Service ကိုပါ ဝန်ဆောင်မှုပေးထားပါတယ်။ ဒါ့အပြင် မောင်းသူမဲ့ တက္ကစီများ၊ မောင်းသူမဲ့ တက္ကစီ ယာဉ်ပျံများကိုလည်း တီထွင်နေပါတယ်။ အခုလည်း Ride-hailing Service အသစ်ကို အူဘာက ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။

မြေပြင်နဲ့ ဝေဟင်မှာ သွားမယ့် ဝန်ဆောင်မှုတော့ မဟုတ်ပါဘူး။ ရေအောက် ခရီးစဉ်များ ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောနဲ့ Great Barrier Reef သန္တာကျောက်တန်းကို ကြည့်ရှုလေ့လာနိုင်မယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်။ လူနှစ်ဦး စီးနင်းနိုင်ပြီး အဲဒီ ရေငုပ်သင်္ဘောကို scUber လို့ အမည်ပေးထားပါတယ်။ မေလ ၂၇ ရက်နဲ့ ဇွန်လ ၁၈ ရက်အတွင်းမှာသာ ဝန်ဆောင်မှုကို ပြုလုပ်ပေးမှာပါ။ တစ်နာရီကြာမြင့်တဲ့ ခရီးစဉ်ကို အကြောင်း ၂၀ သာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

သြစတြေးလျရဲ့ Great Barrier Reef ဟာ ကမ္ဘာ့ နာမည်အကြီးဆုံး Tourist Attractions များထဲမှ တစ်ခု ဖြစ်ပါတယ်။ Uber Australia ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Susan Anderson က ရာသီဥတု ပြောင်းလဲမှုကြောင့် သန္တာကျောက်တန်းများဟာ ပျက်ဆီးလာကြပြီး Great Barrier Reed ရဲ့ အခြေအနေကို လူတွေ သိနားလည်အောင် ဒီလို ပြုလုပ်တာလို့ ပြောပါတယ်။

ရေငုပ်သင်္ဘောရဲ့ Dive Location ကို သွားဖို့ ဟယ်လီကော်ပတာ ခရီးစဉ်လည်း ပါဝင်ပါတယ်။ လူတစ်ဦးအတွက် ဈေးနှုန်းကလည်း မသေးပါဘူး။ ဒေါ်လာ ၁၀၃၀ ကျသင့်မှာ ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောကို Uber App ကနေ ငှားရမ်းနိုင်မယ်လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.