
0
21




unicode

64MP Camera ပါလာမယ့် Samsung Galaxy A70S

Samsung က မကြာခင်က 48MP နဲ့ 64MP Smartphone Camera အသစ်များကို ကြေညာထားပါတယ်။ အဲဒီ ကင်မရာများကို Galaxy S11 မှာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အခုလည်း Galaxy A70S မှာ 64MP Camera ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ စမတ်ဖုန်း နယ်ပယ်ကနေ ထွက်လာတဲ့ သတင်းများအရ Galaxy A70S ကို ၂၀၁၉ ခုနှစ် ဒုတိယ နှစ်ဝက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

64MP Camera ကို ISOCELL Bright GW1 လို့ အမည်ပေးထားပါတယ်။ ဆမ်ဆောင်းရဲ့ လက်ရှိ 48MP Camera များမှာ ပါတဲ့ 0.8μm-sized pixels ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက ဒီနှစ် ဒုတိယ နှစ်ဝက်မှာ 64MP Camera များကို အမြောက်အများ ထုတ်လုပ်ရောင်းချမယ်လို့ ထင်ရပါတယ်။ ဒီနှစ်ထဲမှာပဲ 64MP Camera ပါတဲ့ စမတ်ဖုန်းတွေ ထွက်လာနိုင်ပါတယ်။

လက်ရှိမှာ Resolution အမြင့်မားဆုံး စမတ်ဖုန်း ကင်မရာက 4MP ဖြစ်ပါတယ်။ သူ့ကို Honor View 20 , Xiaomi Mi 9 လို စမတ်ဖုန်းများမှာ ထည့်သွင်းထားပါတယ်။ 64MP Camera က 48MP Camera ထက် စွမ်းရည်ပိုမြင့်မှာပါ။ Bright GW1 ဟာ Pixel ၄ ခုကို ၁ ခုအဖြစ် ပေါင်းစပ်ခြင်းဖြင့် 16MP Image များကို ထုတ်လုပ်ပေးနိုင်ပါတယ်။ လက်ရှိ 48MP Camera များက 12MP Image များကို ဖန်တီးပေးသလို ဖြစ်ပါတယ်။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.