နာမည္ေက်ာ္ စမတ္ဖုန္းမ်ားကို အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ား ၊ ေရႊမ်ားနဲ႔ အလွဆင္ေရာင္းခ်ရာမွာ Caviar က နာမည္ႀကီးပါတယ္။ သူဟာ ရုရွား ကုမၸဏီ ျဖစ္ပါတယ္။ အခုလည္း ကုမၸဏီက Samsung Galaxy Fold ရဲ႕ Game of Thrones Edition ကို ေရာင္းခ်မယ္လို႔ ေၾကညာလိုက္ပါတယ္။ Samsung Galaxy Fold ရဲ႕ Game of Thrones Edition မွာ အျပင္ဘက္ ၂ ခုကို ေရႊမ်ားျဖင့္ ပံုေဖာ္ထားမွာ ျဖစ္ပါတယ္။ Game of Thrones Theme ကို ပံုေဖာ္ထားမွာ ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ Samsung Galaxy Fold ကို တည္ေဆာက္မႈ ျပႆနာမ်ားေၾကာင့္ ဆမ္ေဆာင္းက ေရာင္းခ်ထားျခင္း မရွိေသးပါဘူး။ ဆမ္ေဆာင္းက ေရာင္းခ်ေပးတဲ့ အခ်ိန္က်ရင္ Samsung Galaxy Fold ရဲ႕ Game of Thrones Edition ကို ေရာင္းခ်မယ္လို႔ Caviar က ေျပာပါတယ္။ သတ္မွတ္ထားပါတယ္။ ေဒၚလာ ၇၇၀၀ ေလာက္ က်သင့္ႏုိင္ပါတယ္။ Samsung Galaxy Fold ရဲ႕ တန္ေၾကးဟာ ေဒၚလာ ၁၉၈၀ ရွိတဲ့ အတြက္ Game of Thrones Edition ဟာ ေလးဆေလာက္ ေစ်းပိုမ်ားပါတယ္။ ရုရွားမွာ ရူဘယ္ ၄၉၉ ၀၀၀ သတ္မွတ္ထားပါတယ္။
Samsung Galaxy Fold ရဲ႕ Game of Thrones Edition အျပင္ ေရႊ၊ သားေရနဲ႔ ကာဗြန္မ်ားနဲ႔ အလွဆင္ထားတဲ့ ေမာ္ဒယ္မ်ားကိုပါ Caviar က ေရာင္းခ်မယ္လို႔ ေျပာပါတယ္။ Samsung Galaxy Fold ဟာ ကမာၻ႕ပထမဆံုး ေခါက္ခ်ိဳး စမတ္ဖုန္း အနည္းငယ္ထဲက တစ္လံုး ျဖစ္ပါတယ္။ သူ႔မွာ ေခါက္ခ်ိဳးႏုိင္တဲ့ မ်က္ႏွာျပင္ နည္းပညာကို အသံုးျပဳထားပါတယ္။
unicode
Game of Thrones Edition ထွက်လာမယ့် Samsung Galaxy Fold
နာမည်ကျော် စမတ်ဖုန်းများကို အဖိုးတန် ကျောက်မျက်ရတနာများ ၊ ရွှေများနဲ့ အလှဆင်ရောင်းချရာမှာ Caviar က နာမည်ကြီးပါတယ်။ သူဟာ ရုရှား ကုမ္ပဏီ ဖြစ်ပါတယ်။ အခုလည်း ကုမ္ပဏီက Samsung Galaxy Fold ရဲ့ Game of Thrones Edition ကို ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ Samsung Galaxy Fold ရဲ့ Game of Thrones Edition မှာ အပြင်ဘက် ၂ ခုကို ရွှေများဖြင့် ပုံဖော်ထားမှာ ဖြစ်ပါတယ်။ Game of Thrones Theme ကို ပုံဖော်ထားမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Samsung Galaxy Fold ကို တည်ဆောက်မှု ပြဿနာများကြောင့် ဆမ်ဆောင်းက ရောင်းချထားခြင်း မရှိသေးပါဘူး။ ဆမ်ဆောင်းက ရောင်းချပေးတဲ့ အချိန်ကျရင် Samsung Galaxy Fold ရဲ့ Game of Thrones Edition ကို ရောင်းချမယ်လို့ Caviar က ပြောပါတယ်။ သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၇၇၀၀ လောက် ကျသင့်နိုင်ပါတယ်။ Samsung Galaxy Fold ရဲ့ တန်ကြေးဟာ ဒေါ်လာ ၁၉၈၀ ရှိတဲ့ အတွက် Game of Thrones Edition ဟာ လေးဆလောက် ဈေးပိုများပါတယ်။ ရုရှားမှာ ရူဘယ် ၄၉၉ ၀၀၀ သတ်မှတ်ထားပါတယ်။
Samsung Galaxy Fold ရဲ့ Game of Thrones Edition အပြင် ရွှေ၊ သားရေနဲ့ ကာဗွန်များနဲ့ အလှဆင်ထားတဲ့ မော်ဒယ်များကိုပါ Caviar က ရောင်းချမယ်လို့ ပြောပါတယ်။ Samsung Galaxy Fold ဟာ ကမ္ဘာ့ပထမဆုံး ခေါက်ချိုး စမတ်ဖုန်း အနည်းငယ်ထဲက တစ်လုံး ဖြစ်ပါတယ်။ သူ့မှာ ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် နည်းပညာကို အသုံးပြုထားပါတယ်။