Gadget Trending

အရြယ္အစား အေသးဆံုး Selfie Stick

ဒီေန႔ေခတ္မွာေတာ့ လူတိုင္းကိုယ္စီမွာ Selfie Stick တစ္ေခ်ာင္းေလာက္ေတာ့ ရွိၾကမွာပါ။ ဒါေပမယ့္ Selfie Stick မ်ားဟာ အရြယ္ေသးငယ္ေပမယ့္ သက္ေတာင့္သက္သာ သယ္ေဆာင္ႏိုင္တဲ့ အေနအထားေတာ့ မဟုတ္ေသးပါဘူး။ အဲဒီ ျပႆနာကို ေျဖရွင္းဖို႔ Hey Stick ေပၚလာပါၿပီ။
.
Hey Stick ရဲ႕ အရွည္ဟာ က်ံဳ႕ထားတဲ့ အခ်ိ္န္မွာ ၆.၃ လက္မေလာက္သာ ရွိၿပီး အခ်င္းမွာလည္း ၁ လက္မေအာက္သာ ရွိပါတယ္။ ပိုက္ဆံအိတ္၊ အက်ၤ ီအိတ္ကပ္၊ ေဘာင္းဘီအိတ္ကပ္ထဲ အလြယ္တကူ ထည့္ႏုိင္ပါတယ္။ Hey Stick ဟာ အရြယ္ေသးငယ္ေပမယ့္လည္း ၅.၅ လက္မ အရြယ္စမတ္ဖုန္းမ်ားနဲ႔ အထိ တြဲဖက္ အသံုးျပဳႏုိင္ပါတယ္။ Hey Stick ကို အရွည္ဆံုး ဆန္႔ထုတ္ရင္ ၂၅ လက္မအထိ ေရာက္ႏုိင္ပါတယ္။ အလူမီနီယမ္ ကိုယ္ထည္နဲ႔ တည္ေဆာက္ထားၿပီး သူဟာ ႏႈတ္ခမ္းနီေတာင့္ အရြယ္သာ ရွိပါတယ္။ သူ႔ရဲ႕ အေရာင္ကေတာ့ ႏွင္းဆီေရႊေရာင္ ျဖစ္ပါတယ္။
.
Hey Stick ကို ထိန္းခ်ဳပ္ဖို႔အတြက္ Bluetooth Remote Control ကိုလည္း ထုတ္လုပ္ေပးထားပါတယ္။ Hey Stick ကို Tripod မ်ားနဲ႔လည္း ခ်ိတ္ဆက္ အသံုးျပဳႏုိင္ပါေသးတယ္။ Hey Stick ကို ထုတ္လုပ္ေရာင္းခ်ဖို႔အတြက္ တီထြင္သူမ်ားက Indiegogo ၀က္ဆိုက္မွာ ရန္ပံုေငြ ေကာက္ခံေနပါတယ္။ ရန္ပံုေငြ ေကာက္ခံတဲ့ ကာလအတြင္းမွာ ၁၉ ေဒၚလာ ထည့္၀င္ထားရင္ ေရာင္းခ်ခ်ိန္မွာ Hey Stick တစ္ခု ရရွိမွာ ျဖစ္ပါတယ္။

Ref : digital trend

unicode

အရွယ်အစား အသေးဆုံး Selfie Stick

ဒီနေ့ခေတ်မှာတော့ လူတိုင်းကိုယ်စီမှာ Selfie Stick တစ်ချောင်းလောက်တော့ ရှိကြမှာပါ။ ဒါပေမယ့် Selfie Stick များဟာ အရွယ်သေးငယ်ပေမယ့် သက်တောင့်သက်သာ သယ်ဆောင်နိုင်တဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ Hey Stick ပေါ်လာပါပြီ။
.
Hey Stick ရဲ့ အရှည်ဟာ ကျုံ့ထားတဲ့ အချိန်မှာ ၆.၃ လက်မလောက်သာ ရှိပြီး အချင်းမှာလည်း ၁ လက်မအောက်သာ ရှိပါတယ်။ ပိုက်ဆံအိတ်၊ အင်္ကျ ီအိတ်ကပ်၊ ဘောင်းဘီအိတ်ကပ်ထဲ အလွယ်တကူ ထည့်နိုင်ပါတယ်။ Hey Stick ဟာ အရွယ်သေးငယ်ပေမယ့်လည်း ၅.၅ လက်မ အရွယ်စမတ်ဖုန်းများနဲ့ အထိ တွဲဖက် အသုံးပြုနိုင်ပါတယ်။ Hey Stick ကို အရှည်ဆုံး ဆန့်ထုတ်ရင် ၂၅ လက်မအထိ ရောက်နိုင်ပါတယ်။ အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး သူဟာ နှုတ်ခမ်းနီတောင့် အရွယ်သာ ရှိပါတယ်။ သူ့ရဲ့ အရောင်ကတော့ နှင်းဆီရွှေရောင် ဖြစ်ပါတယ်။
.
Hey Stick ကို ထိန်းချုပ်ဖို့အတွက် Bluetooth Remote Control ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ Hey Stick ကို Tripod များနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပါသေးတယ်။ Hey Stick ကို ထုတ်လုပ်ရောင်းချဖို့အတွက် တီထွင်သူများက Indiegogo ဝက်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ရန်ပုံငွေ ကောက်ခံတဲ့ ကာလအတွင်းမှာ ၁၉ ဒေါ်လာ ထည့်ဝင်ထားရင် ရောင်းချချိန်မှာ Hey Stick တစ်ခု ရရှိမှာ ဖြစ်ပါတယ်။

Ref : digital trend

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.