Enterprise Trending

Huawei ရဲ႕ Laptop မ်ားကို အြန္လိုင္းစတိုးကေန ဖယ္ရွားလိုက္တဲ့ Microsoft

အေမရိကန္ အစိုးရက တရုတ္ကုမၸဏီ ဟြာေ၀းကို Black List ထဲထည့္သြင္းၿပီးေနာက္မွာ မိုက္ကရိုေဆာ့ဖ္က သူ႔ရဲ႕ အြန္လိုင္းစတိုးကေန Huawei MateBook X Pro ေရာင္းခ်ျခင္းအား ရပ္နားလိုက္ပါတယ္။ ဂူဂယ္ကလည္း ဟြာေ၀း စမတ္ဖုန္းနဲ႔ တက္ဘလက္မ်ားအတြက္ Android Update မထုတ္ေပးေတာ့ပါဘူး။

ဂူဂယ္ရဲ႕ ပိတ္ပင္မႈအၿပီးမွာ မိုက္ကရိုေဆာ့ဖ္က ဒီလို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္ အစိုးရက ပိတ္ပင္မႈကို ရက္ေပါင္း ၉၀ ေနာက္ဆုတ္ေပးထားတဲ့အတြက္ Huawei Laptop မ်ားအတြက္ Windows Update မ်ား ဆက္လက္ရရွိေနဦးမွာ ျဖစ္ပါတယ္။ လက္ရွိမွာ မိုက္ကရိုေဆာ့ဖ္ရဲ႕ အြန္လိုင္းစတိုးမွာ Huawei MateBook X Pro မရွိေတာ့သလို  စတိုးမွာ Huawei လို႔ စာရိုက္ရွာရင္လည္း ဘာထုတ္ကုန္မွ မျမင္ရေတာ့ပါဘူး။ Microsoft ရဲ႕ ေျမျပင္စတိုးမ်ားမွာေတာ့ လက္က်န္ MateBook X Pro Laptop မ်ားကို ေရာင္းခ်ေပးေနတယ္လို႔ The Verge က ေျပာပါတယ္။

Huawei MateBook X Pro ဟာ လက္ရွိ အေမရိကန္ ေစ်းကြက္ထဲက အေကာင္းဆံုး ၀င္းဒိုး လက္ပ္ေတာ့တစ္လံုး ျဖစ္ပါတယ္။ မိုက္ကရိုေဆာ့ဖ္က ဟြာေ၀းရဲ႕ လက္ပ္ေတာ့မ်ားမွာ Windows OS အသံုးျပဳခြင့္ကို ပိတ္ပင္မလားဆိုတာကို မေျပာေသးဘဲ ေရငံုႏႈတ္ပိတ္ေနေနပါတယ္။ တကယ္လို႔သာ ဒီလို ပိတ္ပင္လိုက္ရင္ေတာ့ ဟြာေ၀းဟာ သူ႔ရဲ႕ လက္ပ္ေတာ့မ်ားမွာ Linux OS ကို အစားထိုး ထည့္သြင္း ႏုိင္ပါတယ္။

Intel က ဟြာေ၀းရဲ႕ လက္ပ္ေတာ့မ်ားအတြက္ Server Chips နဲ႔ Processor မ်ားကို ထုတ္လုပ္ေပးေနပါတယ္။ Intel က အဲဒီ ေထာက္ပံ့မႈေတြကိုလည္း ရပ္နားေတာ့မွာပါ။ ဟြာေ၀းက သူ႔ ဖုန္းမ်ားအတြက္ ပေရာ္ဆက္ဆာနဲ႔ မိုဒမ္မ်ားကိုေတာ့ ကိုယ္တိုင္ ထုတ္လုပ္ေနပါတယ္။

unicode

Huawei ရဲ့ Laptop များကို အွန်လိုင်းစတိုးကနေ ဖယ်ရှားလိုက်တဲ့ Microsoft

အမေရိကန် အစိုးရက တရုတ်ကုမ္ပဏီ ဟွာဝေးကို Black List ထဲထည့်သွင်းပြီးနောက်မှာ မိုက်ကရိုဆော့ဖ်က သူ့ရဲ့ အွန်လိုင်းစတိုးကနေ Huawei MateBook X Pro ရောင်းချခြင်းအား ရပ်နားလိုက်ပါတယ်။ ဂူဂယ်ကလည်း ဟွာဝေး စမတ်ဖုန်းနဲ့ တက်ဘလက်များအတွက် Android Update မထုတ်ပေးတော့ပါဘူး။

ဂူဂယ်ရဲ့ ပိတ်ပင်မှုအပြီးမှာ မိုက်ကရိုဆော့ဖ်က ဒီလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက ပိတ်ပင်မှုကို ရက်ပေါင်း ၉၀ နောက်ဆုတ်ပေးထားတဲ့အတွက် Huawei Laptop များအတွက် Windows Update များ ဆက်လက်ရရှိနေဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မိုက်ကရိုဆော့ဖ်ရဲ့ အွန်လိုင်းစတိုးမှာ Huawei MateBook X Pro မရှိတော့သလို စတိုးမှာ Huawei လို့ စာရိုက်ရှာရင်လည်း ဘာထုတ်ကုန်မှ မမြင်ရတော့ပါဘူး။ Microsoft ရဲ့ မြေပြင်စတိုးများမှာတော့ လက်ကျန် MateBook X Pro Laptop များကို ရောင်းချပေးနေတယ်လို့ The Verge က ပြောပါတယ်။

Huawei MateBook X Pro ဟာ လက်ရှိ အမေရိကန် ဈေးကွက်ထဲက အကောင်းဆုံး ဝင်းဒိုး လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ မိုက်ကရိုဆော့ဖ်က ဟွာဝေးရဲ့ လက်ပ်တော့များမှာ Windows OS အသုံးပြုခွင့်ကို ပိတ်ပင်မလားဆိုတာကို မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါတယ်။ တကယ်လို့သာ ဒီလို ပိတ်ပင်လိုက်ရင်တော့ ဟွာဝေးဟာ သူ့ရဲ့ လက်ပ်တော့များမှာ Linux OS ကို အစားထိုး ထည့်သွင်း နိုင်ပါတယ်။

Intel က ဟွာဝေးရဲ့ လက်ပ်တော့များအတွက် Server Chips နဲ့ Processor များကို ထုတ်လုပ်ပေးနေပါတယ်။ Intel က အဲဒီ ထောက်ပံ့မှုတွေကိုလည်း ရပ်နားတော့မှာပါ။ ဟွာဝေးက သူ့ ဖုန်းများအတွက် ပရော်ဆက်ဆာနဲ့ မိုဒမ်များကိုတော့ ကိုယ်တိုင် ထုတ်လုပ်နေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.