Honor 20 Pro ရဲ႕ DxOMark ရမွတ္ဟာ OnePlus 7 Pro နဲ႔ တူညီ

0
242

Honor 20 နဲ႔ Honor 20 Pro မွာ 48MP Rear Camera ပါပါတယ္။ ဒါေပမယ့္ ပရိုဗားရွင္းဟာ ကမာၻ႕ ပထမဆံုး အေနနဲ႔ f/1.4 Aperture ထည့္ထားၿပီး f/1.8 Aperture ထက္ အလင္းေရာင္ကို ၅၀ ရာခုိင္ႏႈန္း ပိုမို ဖမ္းယူေပးႏုိင္ပါတယ္။ ပရိုဗားရွင္းမွာ 4-axis OIS, EIS, PDAF, Laser Auto Focus မ်ား ပါပါတယ္။ အေနာက္ဘက္မွာ 48MP နဲ႔ အတူ 16MP 117 Degree Ultra Wide Angle Lens , 8MP Telephoto Camera , 2MP Macro Camera မ်ား ပါပါတယ္။

အခုေတာ့ Honor 20 Pro ရဲ႕ အေနာက္ကင္မရာမ်ားကို DxOMark က စမ္းသပ္လိုက္ပါတယ္။ ဓါတ္ပံုနဲ႔ ဗီဒီယို ရိုက္ကူးမႈမ်ားကို စမ္းသပ္လိုက္တာ ျဖစ္ပါတယ္။ ဓါတ္ပံုနဲ႔ ဗီဒီယို ႏွစ္ခုစလံုးအတြက္ Laser + Phase Detection AF ပါပါတယ္။ Honor 20 Pro မွာ Honor 20 မွာလို Depth Sensor မပါေပမယ့္ Bokeh Shot မ်ားက ေကာင္းမြန္ပါတယ္။

ဗီဒီယို အပိုင္းမွာ Honor 20 Pro ဟာ OIS နဲ႔ EIS မ်ားေၾကာင့္ တည္ၿငိမ္တဲ့ ရုပ္ပံုမ်ားကို ဖမ္းယူေပးႏုိင္ပါတယ္။ အေသးစိတ္က်တဲ့ ပံုရိပ္မ်ားကို ဖမ္းယူေပးပါတယ္။ အလင္းေရာင္နည္းပါးခ်ိန္မ်ားမွာလည္း ဗီဒီယိုမ်ားက ေကာင္းမြန္ပါတယ္။ ၾကည္လင္ျပတ္သားတဲ့ အေရာင္္မ်ားကို ဖမ္းယူေပးပါတယ္။ ဗီဒီယို အပိုင္းမွာ သူဟာ P30 Pro , S10 5G မ်ားနဲ႔ ရမွတ္ တူညီေနပါတယ္။ ၉၇ မွတ္ ရရွိထားတာပါ။

Honor 20 Pro ရဲ႕ ဓါတ္ပံုရမွတ္ဟာ ၁၁၇ ျဖစ္ၿပီး DxOMark က ကင္မရာဟာ Dynamic Range , Exposure နဲ႔ Noise Level မ်ားက အလြန္ ေကာင္းတယ္လို႔ ေျပာပါတယ္။ ဓါတ္ပံုနဲ႔ ဗီဒီယို ရမွတ္က ၁၁၁ ျဖစ္ၿပီး OnePlus 7 Pro နဲ႔ အမွတ္တူသြားပါတယ္။ Huawei P30 Pro နဲ႔ Samsung Galaxy S10 5G မ်ားကေတာ့ သူတို႔ထက္ ရမွတ္ သာလြန္ပါတယ္။

unicode

Honor 20 Pro ရဲ့ DxOMark ရမှတ်ဟာ OnePlus 7 Pro နဲ့ တူညီ

Honor 20 နဲ့ Honor 20 Pro မှာ 48MP Rear Camera ပါပါတယ်။ ဒါပေမယ့် ပရိုဗားရှင်းဟာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ f/1.4 Aperture ထည့်ထားပြီး f/1.8 Aperture ထက် အလင်းရောင်ကို ၅၀ ရာခိုင်နှုန်း ပိုမို ဖမ်းယူပေးနိုင်ပါတယ်။ ပရိုဗားရှင်းမှာ 4-axis OIS, EIS, PDAF, Laser Auto Focus များ ပါပါတယ်။ အနောက်ဘက်မှာ 48MP နဲ့ အတူ 16MP 117 Degree Ultra Wide Angle Lens , 8MP Telephoto Camera , 2MP Macro Camera များ ပါပါတယ်။

အခုတော့ Honor 20 Pro ရဲ့ အနောက်ကင်မရာများကို DxOMark က စမ်းသပ်လိုက်ပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးမှုများကို စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယို နှစ်ခုစလုံးအတွက် Laser + Phase Detection AF ပါပါတယ်။ Honor 20 Pro မှာ Honor 20 မှာလို Depth Sensor မပါပေမယ့် Bokeh Shot များက ကောင်းမွန်ပါတယ်။

ဗီဒီယို အပိုင်းမှာ Honor 20 Pro ဟာ OIS နဲ့ EIS များကြောင့် တည်ငြိမ်တဲ့ ရုပ်ပုံများကို ဖမ်းယူပေးနိုင်ပါတယ်။ အသေးစိတ်ကျတဲ့ ပုံရိပ်များကို ဖမ်းယူပေးပါတယ်။ အလင်းရောင်နည်းပါးချိန်များမှာလည်း ဗီဒီယိုများက ကောင်းမွန်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ အရောင်များကို ဖမ်းယူပေးပါတယ်။ ဗီဒီယို အပိုင်းမှာ သူဟာ P30 Pro , S10 5G များနဲ့ ရမှတ် တူညီနေပါတယ်။ ၉၇ မှတ် ရရှိထားတာပါ။

Honor 20 Pro ရဲ့ ဓါတ်ပုံရမှတ်ဟာ ၁၁၇ ဖြစ်ပြီး DxOMark က ကင်မရာဟာ Dynamic Range , Exposure နဲ့ Noise Level များက အလွန် ကောင်းတယ်လို့ ပြောပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယို ရမှတ်က ၁၁၁ ဖြစ်ပြီး OnePlus 7 Pro နဲ့ အမှတ်တူသွားပါတယ်။ Huawei P30 Pro နဲ့ Samsung Galaxy S10 5G များကတော့ သူတို့ထက် ရမှတ် သာလွန်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.