Enterprise Trending

ေဆာင္းရာသီမတိုင္ခင္မွာ ကိုယ္ပုိင္ OS ကို ျဖန္႔ခ်ီေပးႏုိင္တဲ့ Huawei

အေမရိကန္နဲ႔ တရုတ္တို႔က ကုန္သြယ္ခြန္မ်ားကို အျပန္အလွန္ တိုးျမွင့္ေကာက္ခံေနၿပီး ကုန္သြယ္ေရး စစ္ပြဲကို အရွိန္ျမွင့္ေနပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ဟြာေ၀းရဲ႕ ထုတ္ကုန္မ်ားဟာ ႏိုင္ငံ လံုျခံဳေရးအတြက္ စိတ္မခ်ရဘူးဆိုၿပီး အေမရိကန္က ကုမၸဏီရဲ႕ ထုတ္ကုန္မ်ား တင္သြင္းျခင္းကို ရပ္နားမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဂူဂယ္ကလည္း Android OS ပံ့ပိုးေပးေနတာကို ရပ္နားေတာ့မွာပါ။

မတ္လတုန္းက ဟြာေ၀းရဲ႕ စီအီးအို Richard Yu က Android ကို သံုးလို႔ မရေတာ့ဘူးဆိုရင္ ကိုယ္ပုိင္ OS တစ္ခု ဖန္တီးထားတယ္လို႔ ေျပာခဲ့ပါတယ္။ အခုေတာ့ အခ်ိန္က်လာပါၿပီ။ အေမရိကန္နဲ႔ တရုတ္တို႔ရဲ႕ ကုန္သြယ္ေရး စစ္ပြဲ တင္းမာလာမယ့္ အေျခအေနမ်ားကို ဟြာေ၀းက ႀကိဳတင္တြက္ဆထားၿပီး ျဖစ္ပါတယ္။  ဟြာေ၀းက ကိုယ္ပိုင္ Mobile OS ကို ဖန္တီးေနတဲ့ သတင္းမ်ား ယခင္ကတည္းက ထြက္ေနခဲ့တာပါ။

အခုေတာ့ စီအီးအို ျဖစ္သူ Richard Yu က ကုမၸဏီရဲ႕ ကိုယ္ပိုင္ Mobile OS ကို ေဆာင္းရာသီ မတိုင္ခင္မွာ ျဖန္႔ခ်ီေပးမယ္လို႔ ေျပာေၾကာင္း သတင္းထြက္လာပါတယ္။ ဟြာေ၀းကေတာ့ OS ကို ျဖန္႔ခ်ီမယ့္ အခ်ိန္ကို တရား၀င္ မေျပာေသးပါဘူး။ Yu က Private WeChat Group ကေန  ေျပာၾကားခဲ့တာလို႔ သိရပါတယ္။ ဟြာေ၀းရဲ႕ OS ကို ဖုန္း၊ ကြန္ျပဴတာ၊ တက္ဘလက္၊ တီဗီ၊ ကား၊ ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာနဲ႔ အျခား ထုတ္ကုန္မ်ားမွာ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ OS မွာ Android Apps နဲ႔ Web Apps မ်ားကိုပါ အသံုးျပဳႏုိင္မွာပါ။ ဟြာေ၀းရဲ႕ OS မွာ Android Apps မ်ားဟာ ၆၀ ရာခုိင္ႏႈန္း ပိုျမန္မယ္လို႔ သိရပါတယ္။

unicode

ဆောင်းရာသီမတိုင်ခင်မှာ ကိုယ်ပိုင် OS ကို ဖြန့်ချီပေးနိုင်တဲ့ Huawei

အမေရိကန်နဲ့ တရုတ်တို့က ကုန်သွယ်ခွန်များကို အပြန်အလှန် တိုးမြှင့်ကောက်ခံနေပြီး ကုန်သွယ်ရေး စစ်ပွဲကို အရှိန်မြှင့်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟွာဝေးရဲ့ ထုတ်ကုန်များဟာ နိုင်ငံ လုံခြုံရေးအတွက် စိတ်မချရဘူးဆိုပြီး အမေရိကန်က ကုမ္ပဏီရဲ့ ထုတ်ကုန်များ တင်သွင်းခြင်းကို ရပ်နားမယ်လို့ ကြေညာလိုက်ပါတယ်။ ဂူဂယ်ကလည်း Android OS ပံ့ပိုးပေးနေတာကို ရပ်နားတော့မှာပါ။

မတ်လတုန်းက ဟွာဝေးရဲ့ စီအီးအို Richard Yu က Android ကို သုံးလို့ မရတော့ဘူးဆိုရင် ကိုယ်ပိုင် OS တစ်ခု ဖန်တီးထားတယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ အချိန်ကျလာပါပြီ။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲ တင်းမာလာမယ့် အခြေအနေများကို ဟွာဝေးက ကြိုတင်တွက်ဆထားပြီး ဖြစ်ပါတယ်။ ဟွာဝေးက ကိုယ်ပိုင် Mobile OS ကို ဖန်တီးနေတဲ့ သတင်းများ ယခင်ကတည်းက ထွက်နေခဲ့တာပါ။

အခုတော့ စီအီးအို ဖြစ်သူ Richard Yu က ကုမ္ပဏီရဲ့ ကိုယ်ပိုင် Mobile OS ကို ဆောင်းရာသီ မတိုင်ခင်မှာ ဖြန့်ချီပေးမယ်လို့ ပြောကြောင်း သတင်းထွက်လာပါတယ်။ ဟွာဝေးကတော့ OS ကို ဖြန့်ချီမယ့် အချိန်ကို တရားဝင် မပြောသေးပါဘူး။ Yu က Private WeChat Group ကနေ ပြောကြားခဲ့တာလို့ သိရပါတယ်။ ဟွာဝေးရဲ့ OS ကို ဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက်၊ တီဗီ၊ ကား၊ ချပ်ဝတ်တန်ဆာ ကွန်ပြူတာနဲ့ အခြား ထုတ်ကုန်များမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ OS မှာ Android Apps နဲ့ Web Apps များကိုပါ အသုံးပြုနိုင်မှာပါ။ ဟွာဝေးရဲ့ OS မှာ Android Apps များဟာ ၆၀ ရာခိုင်နှုန်း ပိုမြန်မယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.