Enterprise Trending

တရုတ္မွာ Game of Thrones ျပသမႈကို ပိတ္ပင္ခဲ့

တရုတ္နဲ႔ အေမရိကန္ရဲ႕ ကုန္သြယ္ေရး စစ္ပြဲက တီဗီစီးရီးမ်ားအထိကိုပါ အက်ိဳးသက္ေရာက္ေနၿပီလို႔ ဆိုရမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းက လႊင့္ခဲ့တဲ့ Game of Thrones အပုိင္းတစ္ခုကို တရုတ္ကလြဲၿပီး ကမာၻအ၀န္းမွာ ၾကည့္ရႈအားေပးခဲ့ၾကပါတယ္။  Tencent က သူ႔ရဲ႕ Streaming Platform မွာ အဲဒီ စီးရီး ျပသခ်ိန္မွာ လိုင္း ျပတ္ေတာက္မႈ ျဖစ္ပြားခဲ့ပါတယ္လို႔ ေျပာပါတယ္။ The Wall Street Journal က HBO ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက သူတို႔ဘက္အျခမ္းမွာ ျပႆနာ ရွိခဲ့တာ မဟုတ္ဘဲ တရုတ္ဘက္မွာသာ ျပႆနာ ျဖစ္ခဲ့တာလို႔ ေျပာပါတယ္။ တရုတ္ အစိုးရက အဲဒီ စီးရီး ထုတ္လႊင့္ခြင့္ မျပဳဖို႔ Tencent ကို ညႊန္ၾကားထားတာလို႔ ယူဆစရာ ျဖစ္လာပါတယ္။

Game of Thrones ဟာ တရုတ္မွာ အရမ္းကို လူၾကည့္မ်ားတဲ့ စီးရီး ျဖစ္ပါတယ္။ အခုလို လိုင္းျပတ္မႈေၾကာင့္ Fans ေတြကလည္း အလြန္ကို စိတ္ဆိုးခဲ့ၾကပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ အလုပ္ဖ်က္ၿပီး အိမ္ျပန္ၾကည့္ၾကတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီတုန္းကလည္း Tencent Video Platform မွာ ၾကည့္ရႈသူ သန္း ၅၅၀ ေက်ာ္ ရွိခဲ့ပါတယ္လို႔ The Wall Street Journal က ေဖာ္ျပထားပါတယ္။

Piracy Sites မ်ားကေန Game of Thrones ကို ၾကည့္လို႔ရခဲ့ေပမယ့္ Tencent Video Platform ကေန ၾကည့္လို႔ မရခဲ့ဘူးလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အေမရိကန္ အစိုးရက ဟြာေ၀းရဲ႕ ထုတ္ကုန္မ်ားအား သူ႔ႏုိင္ငံထဲ တင္သြင္းခြင့္ကို ပိတ္ပင္မယ္လို႔ ေၾကညာခဲ့ပါတယ္။ အေမရိကန္ ကုမၸဏီမ်ားဟာလည္း ဟြာေ၀းနဲ႔ လက္တြဲ အလုပ္လုပ္လို႔ မရေတာ့ပါဘူး။ ဂူဂယ္ရဲ႕ Android OS ကိုလည္း ဟြာေ၀းရဲ႕ ဖုန္းမ်ားမွာ ဆက္သံုးလို႔ ရမွာ မဟုတ္ပါဘူး။

unicode

တရုတ်မှာ Game of Thrones ပြသမှုကို ပိတ်ပင်ခဲ့

တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး စစ်ပွဲက တီဗီစီးရီးများအထိကိုပါ အကျိုးသက်ရောက်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လွှင့်ခဲ့တဲ့ Game of Thrones အပိုင်းတစ်ခုကို တရုတ်ကလွဲပြီး ကမ္ဘာအဝန်းမှာ ကြည့်ရှုအားပေးခဲ့ကြပါတယ်။ Tencent က သူ့ရဲ့ Streaming Platform မှာ အဲဒီ စီးရီး ပြသချိန်မှာ လိုင်း ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါတယ်လို့ ပြောပါတယ်။ The Wall Street Journal က HBO ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူတို့ဘက်အခြမ်းမှာ ပြဿနာ ရှိခဲ့တာ မဟုတ်ဘဲ တရုတ်ဘက်မှာသာ ပြဿနာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ တရုတ် အစိုးရက အဲဒီ စီးရီး ထုတ်လွှင့်ခွင့် မပြုဖို့ Tencent ကို ညွှန်ကြားထားတာလို့ ယူဆစရာ ဖြစ်လာပါတယ်။

Game of Thrones ဟာ တရုတ်မှာ အရမ်းကို လူကြည့်များတဲ့ စီးရီး ဖြစ်ပါတယ်။ အခုလို လိုင်းပြတ်မှုကြောင့် Fans တွေကလည်း အလွန်ကို စိတ်ဆိုးခဲ့ကြပါတယ်။ တစ်ချို့ဆိုရင် အလုပ်ဖျက်ပြီး အိမ်ပြန်ကြည့်ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း Tencent Video Platform မှာ ကြည့်ရှုသူ သန်း ၅၅၀ ကျော် ရှိခဲ့ပါတယ်လို့ The Wall Street Journal က ဖော်ပြထားပါတယ်။

Piracy Sites များကနေ Game of Thrones ကို ကြည့်လို့ရခဲ့ပေမယ့် Tencent Video Platform ကနေ ကြည့်လို့ မရခဲ့ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန် အစိုးရက ဟွာဝေးရဲ့ ထုတ်ကုန်များအား သူ့နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်မယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန် ကုမ္ပဏီများဟာလည်း ဟွာဝေးနဲ့ လက်တွဲ အလုပ်လုပ်လို့ မရတော့ပါဘူး။ ဂူဂယ်ရဲ့ Android OS ကိုလည်း ဟွာဝေးရဲ့ ဖုန်းများမှာ ဆက်သုံးလို့ ရမှာ မဟုတ်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.