Enterprise Gadget Trending





unicode

Withings က စမတ်နာရီ အသစ်များကို ကြေညာ

Withings က မကြာခင်က စွမ်းရည်နိမ့် Hybrid Smartwatch များကို ကြေညာလိုက်ပါတယ်။ Hybrid ဆိုတာကတော့ သာမာန် နာရီလို သာမက စမတ်နာရီလိုပါ အသုံးပြုနိုင်ပါတယ်။ သာမာန် နာရီ ဒီဇိုင်းများနဲ့ အရမ်းကို တူပါတယ်။ အခုတော့ သူတို့ထက် စွမ်းရည်မြင့်မားတဲ့ စမတ်နာရီများကို ကြေညာလိုက်ပါတယ်။ လက်ရှိ ရောင်းချပေးထားတဲ့ စွမ်းရည်မြင့် Steel HR စမတ်နာရီများအတွက် ဒီဇိုင်းအသစ်များကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

Wighing Steel HR Sapphire Edition လို့ အမည်ပေးထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်း၊ ခြေလှမ်းများကို တွက်ချက်ပေးခြင်း အပါအဝင် မူလမော်ဒယ်များမှ လုပ်ဆောင်ချက်အားလုံး ပါပါတယ်။ စမတ် နာရီများကို Android , iPhone များနဲ့ ချိတ်ဆက်ထားနိုင်ပြီး ဖုန်းဝင်လာရင် စမတ်နာရီကနေ သိနိုင်ပါတယ်။ မူလမော်ဒယ်များမှ လုပ်ဆောင်ချက်အားလုံး ပါပါတယ်။ တစ်ခါအားသွင်းထားရင် တစ်လကျော် အသုံးခံတဲ့ ဘက်ထရီ ပါပါတယ်။ ဖုန်းမှ Notifications များကိုလည်း ကန့်သတ်ထားနိုင်ပါတယ်။

မော်ဒယ်အသစ်များရဲ့ အရှေ့ဘက်မှာ Sapphire Glass ကို အသုံးပြုထားပါတယ်။ အဲဒီအတွက် ပိုမိုမာကျောပြီး ခြစ်ရာများ မထင်တော့ပါဘူး။ Withings က မတူညီတဲ့ စတိုင်သုံးခု ထုတ်လုပ်ထားပါတယ်။ ၂ ရောင်စပ် ဒီဇိုင်းများ ဖြစ်ပါတယ်။ 36mm Version အတွက် Rose Gold/ White နဲ့ Blue/Silver များ ရွေးချယ်နိုင်ပါတယ်။ အရွယ်ကြီး မော်ဒယ်အတွက် Black/Slate Grey ကို ထုတ်လုပ်ပေးထားပါတယ်။ စတိုင် သုံးခု စလုံးမှာ Stainless Steel နဲ့ သားရေ လက်ပတ်များ ပါပါတယ်။ ဆီလီကွန် လက်ပတ်တော့ ထုတ်လုပ်ထားခြင်း မရှိပါဘူး။ သူ့မှာ ပိုကောင်းတဲ့ ဟာ့ဒ်ဝဲများ ထည့်သွင်းထားတဲ့ အတွက် ယခင်မော်ဒယ်များထက် ဈေးပိုကြီးပါတယ်။ ၃၀၀ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.