Enterprise Trending
unicode
Social Media Manager တစ်ဦးကို ငှားရမ်းနေတဲ့ အင်္ဂလန် ဘုရင်မကြီး
အင်္ဂလန်ရဲ့ အဲလိဇဘက် ဘုရင်မကြီးကို လူတိုင်း သိကြမှာပါ။ သူလည်း အခုတော့ လူမှုကွန်ရက်ပေါ်ကို ရောက်လာပါပြီ။ ဘုရင်မကြီးဟာ မတ်လမှာ အင်စတာဂရမ်ကို ပထမဆုံး အကြိမ် အသုံးပြုခဲ့တာပါ။ အခုတော့ သူမရဲ့ အဲဒီ အကောင့်နဲ့ ဝက်ဘ်ဆိုက်ကို ကိုင်ဖို့ လူမှုကွန်ရက် မန်နေဂျာ တစ်ဦးကို အလုပ်ခေါ်ယူနေပါတယ်။ အလုပ်ခေါ်စာကို LinkedIn မှာလည်း တင်ထားပါတယ်။
မင်းသား ဝီလီယမ်နဲ့ ဟယ်ရီတို့ တော်ဝင် မိသားစုများဟာ လူမှုကွန်ရက် အကောင့်များကနေ သူတို့ရဲ့ လှုပ်ရှားမှုများကို မျှဝေနေကြပြီး လူများစွာအကြားမှာ ရေပန်းစားနာမည်ကြီးနေပါတယ်။ အခုတော့ အဲလိဇဘက် ဘုရင်မကြီးကလည်း လူမှုကွန်ရက်များမှာ နာမည်ကြီးအောင် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
Job Description မှာ “ဘာကင်ဟမ် နန်းတော်မှာ လူမှုကွန်ရက် မန်နေဂျာလုပ်မယ့် လူဟာ Analytics Tools များကို ကျွမ်းကျင်ပိုင်နိုင်ရမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်များနဲ့ လူမှုကွန်ရက်များကို စီမံခန့်ခွဲတဲ့ အတွေ့အကြုံရှိဖို့ လိုအပ်ပါတယ်။ စာအရေးအသား ကောင်းရမှာ ဖြစ်ပြီး ဓါတ်ပုံ ရိုက်ကူးတာလည်း ကျွမ်းကျင်ရမှာ ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ကူးမှု အပိုင်းမှာလည်း အလွန်ကို ကျွမ်းကျင်ရမှာပါ။ တော်ဝင်မျိုးနွယ်များရဲ့ လှုပ်ရှားမှုများ၊ အခြားနိုင်ငံများသို့ လည်ပတ်မှုများ၊ ပွဲအခမ်းအနားများ တက်ရောက်ခြင်းများကို ဘုရင်မကြီးရဲ့ လူမှုကွန်ရက် ပလက်ဖောင်း များမှာ စဉ်ဆက်မပြတ် မျှဝေပေးရမှာဖြစ်ပါတယ်။ လူများစွာ မြင်အောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ အထင်ကရ ပုဂ္ဂိုလ်များ ဖြစ်တဲ့ အတွက် ရလဒ်ကောင်းမွန်မှုက အဓိက အချက် ဖြစ်ပါတယ်။ တစ်လလျှင် ၃၃ ရက်ခွင့်ရမှာ ဖြစ်ပြီး နေ့လည်စာကို အခမဲ့ စားသုံးနိုင်မှာ ဖြစ်ပါတယ်။ လစာ ဒေါ်လာ ၃၈ ၀၀၀ ပေးအပ်မှာဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.