Triple AI Rear Cameras မ်ား ပါတဲ့ Vivo Y3
0
124
unicode
Triple AI Rear Cameras များ ပါတဲ့ Vivo Y3
Vivo Y3 အမည်ရ စွမ်းရည်သင့် စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ ဟာ့ဒ်ဝဲများက စွမ်းရည်သင့်တာထက် ပိုကောင်းပါတယ်။ ဒီဇိုင်းက လှပပါတယ်။ အကောင်းဆုံး အချက်က Triple AI Rear Cameras များပါ။ အရွယ်ကြီးမားတဲ့ 5000mAh Battery ကလည်း အရမ်းကို အသုံးခံမှာပါ။ 18W Dual-engine Fast Charging ထည့်ထားပါတယ်။ ဟာ့ဒ်ဝဲများ ကောင်းမွန်ပေမယ့် ၂၁၆ ဒေါ်လာသာ ရှိပါတယ်။
သူ့မှာ ၆.၃၅ လက်မ 1544x720p LCD Display ပါပါတယ်။ မျက်နှာပြင် အချိုးမှာ 19.3:9 ပါ။ Screen-to-body Ratio က ၈၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ 4GB RAM , 128GB Storage များ ထည့်ထားပါတယ်။ Helio P35 SoC မောင်းနှင်ထားပါတယ်။ Android Pie အခြေပြု Funtouch OS 9 ပါပါတယ်။ Peacock Blue, Peach Pink, Ink Blue အရောင်များ ထုတ်ထားပါတယ်။
အနောက်ကင်မရာ သုံးလုံးက 13MP Main , 8MP Wide Angle , 2MP Depth Sensor များ ဖြစ်ပါတယ်။ အရွယ်သေး Notch မှာ 16MP Selfie Camera တပ်ဆင်ထားပြီး Face Unlock ကို ထောက်ပံ့ပါတယ်။ AI အခြေပြု Digital Assistant Jovi ထည့်ထားပါတယ်။ USB-C မပါတာက အားနည်းချက် ဖြစ်ပြီး microUSB သာ ပါပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.