Smartphone Trending

SanDisk က 1TB microSD Card ကို ေဒၚလာ ၅၅၀ နဲ႔ ေရာင္းခ်

SanDisk က 1TB microSD Card ကို ေဒၚလာ ၅၅၀ နဲ႔ ေရာင္းခ်ေပးလိုက္ပါတယ္။ SanDisk ရဲ႕ စတိုးနဲ႔ B&H Photo တို႔ကေန ၀ယ္ယူႏိုင္ပါၿပီ။ ေဖေဖာ္၀ါရီလမွာ ဘာစီလိုနာ ႏိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ MWC ပြဲမွာ SanDisk နဲ႔ Micro ကုမၸဏီေတြက ကမၻာ့ပထမဆုံး 1TB microSD ကတ္ေတြကို စတင္ မိတ္ဆက္ခဲ့တာပါ။

SanDisk ရဲ႕ Extreme UHS-1 microSD ကတ္ဟာ Read speed 160 MB/s အထိ ရွိျပီး၊ Micro ရဲ႕ microSDXC UHS-1 ကတ္ကေတာ့ 100MB/s ရွိပါတယ္။ ဒါေပမယ့္ Write Speed မွာေတာ့ SanDisk ရဲ႕ ကတ္က 90 MB/s ရွိျပီး၊ Micro ကတ္ကေတာ့ 95 MB/s ရွိပါတယ္။ Micron ကေတာ့ သူတုိ႔ကုမၸဏီကထုတ္လုပ္လုိက္တဲ့ microSD ကတ္ဟာကမၻာ့ပထမဆုံးေစ်းကြက္၀င္ေရာင္းခ်တဲ့ 1TB microSD ကတ္ျဖစ္ၿပီးေတာ့ SanDisk ကေတာ့ သူတုိ႔ကုမၸဏီကထုတ္လုပ္တဲ့ microSD ကတ္ဟာကမၻာ့အျမန္ဆုံးကတ္ျဖစ္တယ္လုိ႔ဂုဏ္ယူ၀င့္ၾကြားစြာမိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္။

စမတ္ဖုန္းေတြအေနနဲ႔ လက္ပ္ေတာ့တလုံးေလာက္ Storage မ်ားတဲ့ ေန႔ေတြ ေရာက္ရွိလို႔ လာျပီ။ စမတ္ဖုန္းေတြထဲမွာ 1TB Storage ေတြ တပါတည္း ပါရွိလာျပီ ျဖစ္သလို၊ အခုဆို 1TB အထိ ဆံ့တဲ့ microSD ကတ္ေတြလည္း ေပၚထြက္လို႔ လာပါျပီ။ Micro ကတ္ကေတာ့ ေစ်းႏႈန္း မသိရေသးပါဘူး။

unicode

SanDisk က 1TB microSD Card ကို ဒေါ်လာ ၅၅၀ နဲ့ ရောင်းချ

SanDisk က 1TB microSD Card ကို ဒေါ်လာ ၅၅၀ နဲ့ ရောင်းချပေးလိုက်ပါတယ်။ SanDisk ရဲ့ စတိုးနဲ့ B&H Photo တို့ကနေ ဝယ်ယူနိုင်ပါပြီ။ ဖေဖော်ဝါရီလမှာ ဘာစီလိုနာ နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ MWC ပွဲမှာ SanDisk နဲ့ Micro ကုမ္ပဏီတွေက ကမ္ဘာ့ပထမဆုံး 1TB microSD ကတ်တွေကို စတင် မိတ်ဆက်ခဲ့တာပါ။

SanDisk ရဲ့ Extreme UHS-1 microSD ကတ်ဟာ Read speed 160 MB/s အထိ ရှိပြီး၊ Micro ရဲ့ microSDXC UHS-1 ကတ်ကတော့ 100MB/s ရှိပါတယ်။ ဒါပေမယ့် Write Speed မှာတော့ SanDisk ရဲ့ ကတ်က 90 MB/s ရှိပြီး၊ Micro ကတ်ကတော့ 95 MB/s ရှိပါတယ်။ Micron ကတော့ သူတို့ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ microSD ကတ်ဟာကမ္ဘာ့ပထမဆုံးဈေးကွက်ဝင်ရောင်းချတဲ့ 1TB microSD ကတ်ဖြစ်ပြီးတော့ SanDisk ကတော့ သူတို့ကုမ္ပဏီကထုတ်လုပ်တဲ့ microSD ကတ်ဟာကမ္ဘာ့အမြန်ဆုံးကတ်ဖြစ်တယ်လို့ဂုဏ်ယူဝင့်ကြွားစွာမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

စမတ်ဖုန်းတွေအနေနဲ့ လက်ပ်တော့တလုံးလောက် Storage များတဲ့ နေ့တွေ ရောက်ရှိလို့ လာပြီ။ စမတ်ဖုန်းတွေထဲမှာ 1TB Storage တွေ တပါတည်း ပါရှိလာပြီ ဖြစ်သလို၊ အခုဆို 1TB အထိ ဆံ့တဲ့ microSD ကတ်တွေလည်း ပေါ်ထွက်လို့ လာပါပြီ။ Micro ကတ်ကတော့ ဈေးနှုန်း မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.