Laptop/PC Trending

Dual-screen Gaming Laptop ကို ျပသလိုက္တဲ့ HP

HP က OMEN X 2S အမည္ရ Gaming Laptop ကို ျပသလိုက္ပါတယ္။ သူ႔မွာ စကရင္ ႏွစ္ခု ပါတာက ထူးျခားပါတယ္။ သာမာန္ စကရင္ အျပင္ ကီးဘုတ္ရဲ႕ အထက္မွာ စကရင္ အေသးတစ္ခု အပိုထည့္ထားပါတယ္။ ၆ လက္မ 1080p Display ျဖစ္ၿပီး Screen Mirroring လုပ္ေဆာင္ခ်က္ ပါပါတယ္။

MacBook Pro Models မ်ားမွ Touch Bar လိုပဲ OMEN X 2S ရဲ႕ အရြယ္ေသး စကရင္ဟာ Multitasking ျပဳလုပ္ဖို႔ အတြက္ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ အရြယ္ႀကီး စကရင္မွာ ဂိမ္းကစားေနခ်ိန္မွာ အရြယ္ေသး စကရင္မွာ ဂိမ္းကစားေနတဲ့ သူငယ္ခ်င္းမ်ားနဲ႔ Message မ်ား ေပးပို႔ႏုိင္ပါတယ္။ ဒါ့အျပင္ အရြယ္ေသး စကရင္မွာ Spotify မွ သီခ်င္းမ်ား နားဆင္ျခင္း၊ YouTube / Twitch မွ ဗီဒီယိုမ်ား ၾကည့္ျခင္း၊ Hotkeys မ်ား သံုးျခင္းမ်ားကို ျပဳလုပ္ႏိုင္ပါတယ္။

အရြယ္ႀကီးစကရင္ဟာ ၁၅ လက္မ ျဖစ္ၿပီး 144Hz Refresh Rate ျဖစ္ပါတယ္။ 240Hz Model နဲ႔ 4K HDR Version မ်ားကိုလည္း ေရြးခ်ယ္ႏုိင္ပါတယ္။ Intel 9th Gen Intel Core i9 8-core Processor ထည့္သြင္းထားပါတယ္။ အထူး အေအးေပးစနစ္ ထည့္ထားပါတယ္။ အဲဒီ စနစ္ေၾကာင့္ ၂၈ ရာခိုင္ႏႈန္းအထိ စြမ္းရည္ျမင့္မားလာမယ္္လို႔ HP က ေျပာပါတယ္။

တန္ဖိုးအနည္းဆံုးေမာ္ဒယ္ဟာ ေဒၚလာ ၂၁၀၀ ျဖစ္ၿပီး ဇြန္လမွာ ၀ယ္ယူႏုိင္မွာပါ။ အရြယ္ေသး စကရင္ ထည့္ထားတဲ့ အတြက္ Track Pad ကို ကီးဘုတ္ရဲ႕ ညာဘက္ကို ေျပာင္းေရႊ႕ထားပါတယ္။ HP က Gamer အမ်ားစုဟာ Mouse မ်ားကို အသံုးျပဳတဲ့ အတြက္ Track Pad ကို ေခ်ာင္ထိုးလိုက္တာပါ။

unicode

Dual-screen Gaming Laptop ကို ပြသလိုက်တဲ့ HP

HP က OMEN X 2S အမည်ရ Gaming Laptop ကို ပြသလိုက်ပါတယ်။ သူ့မှာ စကရင် နှစ်ခု ပါတာက ထူးခြားပါတယ်။ သာမာန် စကရင် အပြင် ကီးဘုတ်ရဲ့ အထက်မှာ စကရင် အသေးတစ်ခု အပိုထည့်ထားပါတယ်။ ၆ လက်မ 1080p Display ဖြစ်ပြီး Screen Mirroring လုပ်ဆောင်ချက် ပါပါတယ်။

MacBook Pro Models များမှ Touch Bar လိုပဲ OMEN X 2S ရဲ့ အရွယ်သေး စကရင်ဟာ Multitasking ပြုလုပ်ဖို့ အတွက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် အရွယ်ကြီး စကရင်မှာ ဂိမ်းကစားနေချိန်မှာ အရွယ်သေး စကရင်မှာ ဂိမ်းကစားနေတဲ့ သူငယ်ချင်းများနဲ့ Message များ ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် အရွယ်သေး စကရင်မှာ Spotify မှ သီချင်းများ နားဆင်ခြင်း၊ YouTube / Twitch မှ ဗီဒီယိုများ ကြည့်ခြင်း၊ Hotkeys များ သုံးခြင်းများကို ပြုလုပ်နိုင်ပါတယ်။

အရွယ်ကြီးစကရင်ဟာ ၁၅ လက်မ ဖြစ်ပြီး 144Hz Refresh Rate ဖြစ်ပါတယ်။ 240Hz Model နဲ့ 4K HDR Version များကိုလည်း ရွေးချယ်နိုင်ပါတယ်။ Intel 9th Gen Intel Core i9 8-core Processor ထည့်သွင်းထားပါတယ်။ အထူး အအေးပေးစနစ် ထည့်ထားပါတယ်။ အဲဒီ စနစ်ကြောင့် ၂၈ ရာခိုင်နှုန်းအထိ စွမ်းရည်မြင့်မားလာမယ်လို့ HP က ပြောပါတယ်။

တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ဒေါ်လာ ၂၁၀၀ ဖြစ်ပြီး ဇွန်လမှာ ဝယ်ယူနိုင်မှာပါ။ အရွယ်သေး စကရင် ထည့်ထားတဲ့ အတွက် Track Pad ကို ကီးဘုတ်ရဲ့ ညာဘက်ကို ပြောင်းရွှေ့ထားပါတယ်။ HP က Gamer အများစုဟာ Mouse များကို အသုံးပြုတဲ့ အတွက် Track Pad ကို ချောင်ထိုးလိုက်တာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.