Enterprise Smartphone Trending

ဂ်ပန္မွာ ဖုန္းနံပါတ္မ်ား ကုန္ေတာ့မည္

ဂ်ပန္မွာ ၂၀၂၀ ခုႏွစ္မွာ 5G ကြန္ရက္ကို စတင္ အသံုးျပဳႏုိင္ေတာ့မွာ ျဖစ္တဲ့ အတြက္ Device အသစ္မ်ားစြာ ေပၚလာမွာပါ။ ဂ်ပန္မွာ စမတ္ဖုန္း၊ တက္ဘလက္မ်ား အျပင္ Internet of Things Device မ်ားမွာလည္း ဖုန္းနံပါတ္မ်ားကို အသံုးျပဳေနၾကပါတယ္။ ဂ်ပန္မွာ နံပါတ္ ၁၁ လံုးပါတဲ့ ဖုန္း နံပါတ္မ်ားကို အသံုးျပဳေနၾကပါတယ္။ ဒါေပမယ့္ ၂၀၂၂ ခုႏွစ္မွာ အဲဒီ ဖုန္းနံပါတ္မ်ား ကုန္သြားေတာ့မယ္လို႔ သိရပါတယ္။

ဂ်ပန္က အဲဒီလိုအပ္ခ်က္အတြက္ နံပါတ္ ၁၄ လံုးပါတဲ့ ဖုန္း နံပါတ္ အသစ္ ၁၀ ဘီလီယမ္ကို ျပဳလုပ္ေပးဖို႔ စီစဥ္ေနပါတယ္။ ၂၀၂၁ ခုႏွစ္ မတိုင္ခင္မွာ ဖုန္းနံပါတ္ အသစ္မ်ားကို စတင္ အသံုးျပဳႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ Japan Times ရဲ႕ အဆိုအရ နံပါတ္ ၁၄ လံုးပါ ဖုန္း နံပါတ္မ်ား အသံုးျပဳမယ့္ စီမံကိန္းကို KDDI, NTT Docomo, SoftBank တို႔က သေဘာတူညီၿပီးၿပီလို႔ ေျပာပါတယ္။

ဖုန္းနံပါတ္ အသစ္မ်ားရဲ႕ အေရွ႕ဆံုး နံပါတ္မ်ားဟာ ၀၂၀ နဲ႔ စတင္မွာ ျဖစ္ပါတယ္။ အဲဒီ ထိပ္စီးနံပါတ္ကို ဂ်ပန္မွာ Internet of Things Device မ်ားအတြက္ လက္ရွိမွာ အသံုးျပဳေနၾကပါတယ္။ အဲဒီ ထိပ္စီးကို ၂၀၁၇ ခုႏွစ္ အေစာပိုင္းမွာ စတင္ မိတ္ဆက္ခဲ့ၿပီး မတ္လ ၂၀၁၉ ခုႏွစ္အကုန္မွာ အဲဒီ ထိပ္စီးကို အသံုးျပဳထားတဲ့ Device ေပါင္း ၃၂.၆ သန္း ရွိၿပီလို႔ သိရပါတယ္။

unicode

ဂျပန်မှာ ဖုန်းနံပါတ်များ ကုန်တော့မည်

ဂျပန်မှာ ၂၀၂၀ ခုနှစ်မှာ 5G ကွန်ရက်ကို စတင် အသုံးပြုနိုင်တော့မှာ ဖြစ်တဲ့ အတွက် Device အသစ်များစွာ ပေါ်လာမှာပါ။ ဂျပန်မှာ စမတ်ဖုန်း၊ တက်ဘလက်များ အပြင် Internet of Things Device များမှာလည်း ဖုန်းနံပါတ်များကို အသုံးပြုနေကြပါတယ်။ ဂျပန်မှာ နံပါတ် ၁၁ လုံးပါတဲ့ ဖုန်း နံပါတ်များကို အသုံးပြုနေကြပါတယ်။ ဒါပေမယ့် ၂၀၂၂ ခုနှစ်မှာ အဲဒီ ဖုန်းနံပါတ်များ ကုန်သွားတော့မယ်လို့ သိရပါတယ်။

ဂျပန်က အဲဒီလိုအပ်ချက်အတွက် နံပါတ် ၁၄ လုံးပါတဲ့ ဖုန်း နံပါတ် အသစ် ၁၀ ဘီလီယမ်ကို ပြုလုပ်ပေးဖို့ စီစဉ်နေပါတယ်။ ၂၀၂၁ ခုနှစ် မတိုင်ခင်မှာ ဖုန်းနံပါတ် အသစ်များကို စတင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Japan Times ရဲ့ အဆိုအရ နံပါတ် ၁၄ လုံးပါ ဖုန်း နံပါတ်များ အသုံးပြုမယ့် စီမံကိန်းကို KDDI, NTT Docomo, SoftBank တို့က သဘောတူညီပြီးပြီလို့ ပြောပါတယ်။

ဖုန်းနံပါတ် အသစ်များရဲ့ အရှေ့ဆုံး နံပါတ်များဟာ ၀၂၀ နဲ့ စတင်မှာ ဖြစ်ပါတယ်။ အဲဒီ ထိပ်စီးနံပါတ်ကို ဂျပန်မှာ Internet of Things Device များအတွက် လက်ရှိမှာ အသုံးပြုနေကြပါတယ်။ အဲဒီ ထိပ်စီးကို ၂၀၁၇ ခုနှစ် အစောပိုင်းမှာ စတင် မိတ်ဆက်ခဲ့ပြီး မတ်လ ၂၀၁၉ ခုနှစ်အကုန်မှာ အဲဒီ ထိပ်စီးကို အသုံးပြုထားတဲ့ Device ပေါင်း ၃၂.၆ သန်း ရှိပြီလို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.