Smartphone Trending

Sony က စြမ္းေဆာင္ရည္သင့္ အရြယ္ေသး Xperia Ace ကို ေၾကညာ

ဒီေန႔ေခတ္မွာ အရြယ္ေသး စမတ္ဖုန္းမ်ားကို သိပ္မထုတ္ၾကေတာ့ပါဘူး။ ဒါေပမယ့္ ဆိုနီကေတာ့ အရြယ္ေသး စမတ္ဖုန္းမ်ားကို ဆက္လက္ထုတ္လုပ္ေနပါတယ္။ Sony က Xperia XZ4 Compact ကို ထုတ္လုပ္ေရာင္းခ်ခဲ့ျခင္း မရွိခဲ့ပါဘူး။ အခုေတာ့ သူ႔ကို Xperia Ace အမည္နဲ႔ ဂ်ပန္မွာ ေၾကညာလိုက္ပါတယ္။

သူ႔မွာ ၅ လက္မ LCD FHD+ Display တပ္ဆင္ထားၿပီး 18:9 Aspect Ratio ျဖစ္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္က ေဘာင္ဟာ ဒီေန႔ေခတ္ဖုန္းမ်ားနဲ႔ ယွဥ္ရင္ အရြယ္အစား အနည္းငယ္ႀကီးမားေနပါတယ္။ အဲဒီမွာ 8MP Selfie Camera နဲ႔ Dual Speakers မ်ား တပ္ဆင္ထားပါတယ္။

သူ႔မွာ Qualcomm Snapdragon 630 Chipset ေမာင္းႏွင္ထားပါတယ္။ 4GB RAM , 64GB Storage မ်ား ပါပါတယ္။ microSD Card နဲ႔ Storage ကို တိုးျမွင့္ႏိုင္ပါတယ္။ အေနာက္ဘက္မွာ 12MP Camera ပါပါတယ္။ ဖုန္းရဲ႕ ညာဘက္ျခမ္းမွာ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ အသံခလုတ္မ်ား တပ္ဆင္ထားပါတယ္။

2700mAh Battery ပါၿပီး USB-C ကေန လွ်င္ျမန္စြာ အားသြင္းႏုိင္ပါတယ္။ Android 9 Pie ကို ဆိုနီရဲ႕ Custom UI နဲ႔ ေပါင္းစပ္ထားပါတယ္။ သူ႔မွာ IPX5 နဲ႔ IPX8 စံႏႈန္းမ်ား ပါၿပီး ေရစိုခံပါတယ္။ ဖုန္ မ၀င္ေအာင္ ကာကြယ္ေပးပါတယ္။ NFC, 3.5mm Headphone Jack မ်ား ပါပါတယ္။ ၄၄၄ ေဒၚလာ သတ္မွတ္ထားပါတယ္။ ဇြန္လ ၁ ရက္ေန႔မွာ စတင္ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ခရမ္း၊ အနက္နဲ႔ အျဖဴေရာင္မ်ား ထုတ္လုပ္ထားပါတယ္။

unicode

Sony က စွမ်းဆောင်ရည်သင့် အရွယ်သေး Xperia Ace ကို ကြေညာ

ဒီနေ့ခေတ်မှာ အရွယ်သေး စမတ်ဖုန်းများကို သိပ်မထုတ်ကြတော့ပါဘူး။ ဒါပေမယ့် ဆိုနီကတော့ အရွယ်သေး စမတ်ဖုန်းများကို ဆက်လက်ထုတ်လုပ်နေပါတယ်။ Sony က Xperia XZ4 Compact ကို ထုတ်လုပ်ရောင်းချခဲ့ခြင်း မရှိခဲ့ပါဘူး။ အခုတော့ သူ့ကို Xperia Ace အမည်နဲ့ ဂျပန်မှာ ကြေညာလိုက်ပါတယ်။

သူ့မှာ ၅ လက်မ LCD FHD+ Display တပ်ဆင်ထားပြီး 18:9 Aspect Ratio ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်က ဘောင်ဟာ ဒီနေ့ခေတ်ဖုန်းများနဲ့ ယှဉ်ရင် အရွယ်အစား အနည်းငယ်ကြီးမားနေပါတယ်။ အဲဒီမှာ 8MP Selfie Camera နဲ့ Dual Speakers များ တပ်ဆင်ထားပါတယ်။

သူ့မှာ Qualcomm Snapdragon 630 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM , 64GB Storage များ ပါပါတယ်။ microSD Card နဲ့ Storage ကို တိုးမြှင့်နိုင်ပါတယ်။ အနောက်ဘက်မှာ 12MP Camera ပါပါတယ်။ ဖုန်းရဲ့ ညာဘက်ခြမ်းမှာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ အသံခလုတ်များ တပ်ဆင်ထားပါတယ်။

2700mAh Battery ပါပြီး USB-C ကနေ လျှင်မြန်စွာ အားသွင်းနိုင်ပါတယ်။ Android 9 Pie ကို ဆိုနီရဲ့ Custom UI နဲ့ ပေါင်းစပ်ထားပါတယ်။ သူ့မှာ IPX5 နဲ့ IPX8 စံနှုန်းများ ပါပြီး ရေစိုခံပါတယ်။ ဖုန် မဝင်အောင် ကာကွယ်ပေးပါတယ်။ NFC, 3.5mm Headphone Jack များ ပါပါတယ်။ ၄၄၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ ခရမ်း၊ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.