Smartphone Trending

48MP Rotating Camera ပါတဲ့ Asus Zenfone 6





Display6.4″ FHD+ IPS LCD
CPUSnapdragon 855
RAM6/8GB
Battery5,000mAh
Headphone jackYes
Price$499/€499

unicode


Asus က ၂၀၁၉ ခုနှစ်အတွက် သူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ Asus Zenfone 6 လို့ အမည်ပေးထားပြီး သူ့ရဲ့ အဓိက စွမ်းရည်တစ်ခုက Rotating Camera ဖြစ်ပါတယ်။ ကင်မရာ ၂ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး ဆဲလ်ဖီး ရိုက်ချင်ရင် Rotate ပြုလုပ်ရမှာပါ။ အကြိမ်ပေါင်း ၁၀၀ ၀၀၀ အထိ ကင်မရာကို Flip လုပ်တာတောင် အိုကေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ကင်မရာ ၂ လုံးမှာ 48MP Main Camera နဲ့ 13MP 125 Degree Ultra-wide Camera များ ဖြစ်ပါတယ်။ ကင်မရာမှာ Electronic Image Stabilization ပါပြီး 60fps 4K Video များကို ဖမ်းယူပေးနိုင်ပါတယ်။ HDR+ Enhanced နဲ့ Night Mode များ ပါပါတယ်။ သူ့မှာ ၆.၄ လက်မ IPS LCD Display တပ်ဆင်ထားပြီး Screen-to-body Ratio မှာ ၉၂ ရာခိုင်နှုန်းပါ။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Snapdragon 855 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 256GB Storage များ အထိ ရွေးချယ်နိုင်ပါတယ်။ Dual SIM Phone ဖြစ်ပြီး microSD Card Slot လည်း သီးသန့်ပါပါတယ်။ 18W Charging ပါတဲ့ 5000mAh Battery ပါပါတယ်။ ကြိုးမဲ့အားသွင်း နည်းပညာတော့ မပါပါဘူး။ Android 9.0 Pie အခြေပြု ZenUI 6 ပါပါတယ်။ Android Q နဲ့ R ထွက်ရင်လည်း ရမှာပါ။

အနောက်ဘက်ကို 3D Corning Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ မလ ၂၅ ရက်မှာ ရောင်းချမှာပါ။ 6/64GB ကို ၅၅၇ ဒေါ်လာ၊ 6/128GB ကို ၆၂၄ ဒေါ်လာ၊ 8/256GB ကို ၆၆၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Midnight Black နဲ့ Twilight Silver အရောင်များ ရွေးချယ်နိုင်ပါတယ်။

Display6.4″ FHD+ IPS LCD
SoftwareAndroid 9.0 Pie, ZenUI 6
CPUSnapdragon 855
RAM6/8GB
Storage64/128/256GB, expandable via microSD
Battery5,000mAh
Camera48MP IMX586 (f/1.7) + 13MP 125° ultrawide, flippable for front-facing
Headphone jackYes
Connectivity2×2 MIMO, Wi-Fi 802.11 a/b/g/n/ac, dual-band, dual nano SIM, Bluetooth 5.0, NFC
Measurements159.1 x 75.4 x 9.2 mm, 190g
ColorsMidnight Black, Twilight Silver
Price$499/€499

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.