Smartphone Trending






  • Dual SIM
  • Fingerprint sensor

unicode

Snapdragon 710 ပါတဲ့ တန်ဖိုးနည်း Realme X Lite ကို ကြေညာ

Realme X နဲ့ Realme X Lite တို့ကို တရားဝင် ကြေညာလိုက်ပါတယ်။ Realme X Lite ဟာ Realme 3 Pro ရဲ့ မော်ဒယ်ခွဲတစ်ခု ဖြစ်ပါတယ်။ Realme 3 Pro ကို ပြီးခဲ့တဲ့ လက အိန္ဒိယမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Nitro Blue နဲ့ Lightning Purple အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 4/64GB ကို ၁၇၄ ဒေါ်လာ ၊ 6/64GB ကို ၁၈၉ ဒေါ်လာ၊ 6/128GB ကို ၂၁၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ Realme Store , JD.com , T-mall , Suning.com တို့ကနေ ဝယ်ယူနိုင်ပါတယ်။

သူဟာ Dual –SIM Phone ဖြစ်ပြီး Android 9 Pie အခြေပြု ColorOS 6.0 မောင်းနှင်ထားပါတယ်။ သူ့မှာ ၆.၃ လက်မ Full HD+ (1080x2340p) IPS Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ်။ သူ့မှာ Realme X ရဲ့ Octa-core Qualcomm Snapdragon 710 SoC မောင်းနှင်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 16MP Main Camera နဲ့ 5MP Camera များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 25MP Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။ 4045mAh Battery ထည့်ထားပါတယ်။ VOOC 3.0 Fast Charging ပါပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ ကြည့်ပါ။

realme X Lite specifications
• 6.3-inch (2340 × 1080 pixels) Full HD+ display, Corning Gorilla Glass 5 protection
• Octa Core Snapdragon 710 10nm Mobile Platform (Dual 2.2GHz Kryo 360 + Hexa 1.7GHz Kryo 360 CPUs) with Adreno 616 GPU
• 4GB (LPPDDR4x) RAM with 64GB storage / 6GB (LPPDDR4x) RAM with 64GB / 128GB storage, expandable memory up to 256GB with microSD
• Dual SIM
• ColorOS 6.0 based on Android 9.0 (Pie)
• 16MP rear camera with LED flash, 1/2.6″ Sony IMX519 1.22μm sensor, f/1.7 aperture, EIS, 5MP secondary rear camera with f/2.4 aperture, 960fps super slo-mo
• 25MP front-facing camera with f/2.0 aperture, 1/2.8″ sensor
• Fingerprint sensor
• Dimensions: 156.8 x 74.2×8.3mm; Weight: 172g
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, Micro USB
• 4045mAh battery (typical) / 3960mAh (minimum) with VOOC 3.0 fast charging

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.