Laptop/PC Trending

Lenovo က ကမာၻ႕ပထမဆံုး ေခါက္ခ်ိဳး လက္ပ္ေတာ့ကို ျပသ

စမတ္ဖုန္း နယ္ပယ္မွာေတာ့ ေခါက္ခ်ိဳး မ်က္ႏွာျပင္မ်ားကို ျမင္လာၾကရပါၿပီ။ ဟြာေ၀း၊ ဆမ္ေဆာင္း အျပင္ ကုမၸဏီငယ္မ်ားကလည္း ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ဖန္တီးေနၾကပါတယ္။ အခုေတာ့ ေခါက္ခ်ိဳး မ်က္ႏွာျပင္မ်ားကို စမတ္ဖုန္းမ်ားမွာသာမကဘဲ ကြန္ျပဴတာမ်ားမွာပါ ထည့္သြင္းလာၾကပါတယ္။

ကြန္ျပဴတာ နယ္ပယ္မွာ နာမည္ရွိတဲ့ လီႏိုဗိုက ကမာၻ႕ပထမဆံုး ေခါက္ခ်ိဳး လက္ပ္ေတာ့ကို ျပသလိုက္ပါတယ္။ သူ႔ရဲ႕ အမည္က ThinkPad X1 ျဖစ္ပါတယ္။ ေခါက္ခ်ိဳး မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ ကုမၸဏီရဲ႕ Accelerate Conference မွာ ေၾကညာလိုက္တာ ျဖစ္ၿပီး All-screen Design ျဖစ္ပါတယ္။ အလယ္ကေန ေခါက္ခ်ိဳး အသံုးျပဳႏုိင္ပါတယ္။

သူ႔ကို ေခါက္ခ်ိဳးလိုက္ရင္ သယ္ေဆာင္ရတာ လြယ္ကူသြားပါတယ္။ လူမႈကြန္ရက္မ်ား ၾကည့္မလား ၊ မီးဖိုေခ်ာင္မွာ ဟင္းခ်က္ေနရင္း ေထာင္ၿပီး သတင္းမ်ား နားေထာင္မလား၊ ရံုးက ကြန္ျပဴတာနဲ႔ ခ်ိတ္ၿပီး အပိုေမာ္နီတာလို သံုးမလား ၊ အားလံုး အဆင္ေျပပါတယ္။ သူ႔ကို လက္ပ္ေတာ့လို ေခါက္ခ်ိဳးထားၿပီး ေအာက္ဘက္က စကရင္မွာ On-screen Keyboard ကို သံုး၍ စာရိုက္ႏုိင္ပါတယ္။ ဒါ့အျပင္ External Keyboard နဲ႔လည္း သူ႔ကို ခ်ိတ္ဆက္ အသံုးျပဳႏုိင္ပါတယ္။

သူ႔မွာ ၁၃.၃ လက္မ 2K OLED Display ထည့္သြင္းထားၿပီး ဒစ္ဂ်စ္တယ္ ေဘာပင္လည္း ပါပါတယ္။ ပံုဆြဲျခင္း၊ စာေရးျခင္းမ်ား ျပဳလုပ္ႏိုင္ပါတယ္။ သူဟာ လက္ပ္ေတာ့၊ တက္ဘလက္ ႏွစ္မ်ိဳးသံုး ပီစီ ျဖစ္ပါတယ္။ သူ႔ရဲ႕ Hardware Specifications နဲ႔ ေစ်းႏႈန္းကို မသိရေသးပါဘူး။ ၂၀၂၀ ခုႏွစ္မွာ ေရာင္းခ်မယ္လို႔ လီႏိုဗိုက ေျပာပါတယ္။

unicode

Lenovo က ကမ္ဘာ့ပထမဆုံး ခေါက်ချိုး လက်ပ်တော့ကို ပြသ

စမတ်ဖုန်း နယ်ပယ်မှာတော့ ခေါက်ချိုး မျက်နှာပြင်များကို မြင်လာကြရပါပြီ။ ဟွာဝေး၊ ဆမ်ဆောင်း အပြင် ကုမ္ပဏီငယ်များကလည်း ခေါက်ချိုး စမတ်ဖုန်းများကို ဖန်တီးနေကြပါတယ်။ အခုတော့ ခေါက်ချိုး မျက်နှာပြင်များကို စမတ်ဖုန်းများမှာသာမကဘဲ ကွန်ပြူတာများမှာပါ ထည့်သွင်းလာကြပါတယ်။

ကွန်ပြူတာ နယ်ပယ်မှာ နာမည်ရှိတဲ့ လီနိုဗိုက ကမ္ဘာ့ပထမဆုံး ခေါက်ချိုး လက်ပ်တော့ကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်က ThinkPad X1 ဖြစ်ပါတယ်။ ခေါက်ချိုး မျက်နှာပြင် ထည့်သွင်းထားပါတယ်။ ကုမ္ပဏီရဲ့ Accelerate Conference မှာ ကြေညာလိုက်တာ ဖြစ်ပြီး All-screen Design ဖြစ်ပါတယ်။ အလယ်ကနေ ခေါက်ချိုး အသုံးပြုနိုင်ပါတယ်။

သူ့ကို ခေါက်ချိုးလိုက်ရင် သယ်ဆောင်ရတာ လွယ်ကူသွားပါတယ်။ လူမှုကွန်ရက်များ ကြည့်မလား ၊ မီးဖိုချောင်မှာ ဟင်းချက်နေရင်း ထောင်ပြီး သတင်းများ နားထောင်မလား၊ ရုံးက ကွန်ပြူတာနဲ့ ချိတ်ပြီး အပိုမော်နီတာလို သုံးမလား ၊ အားလုံး အဆင်ပြေပါတယ်။ သူ့ကို လက်ပ်တော့လို ခေါက်ချိုးထားပြီး အောက်ဘက်က စကရင်မှာ On-screen Keyboard ကို သုံး၍ စာရိုက်နိုင်ပါတယ်။ ဒါ့အပြင် External Keyboard နဲ့လည်း သူ့ကို ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

သူ့မှာ ၁၃.၃ လက်မ 2K OLED Display ထည့်သွင်းထားပြီး ဒစ်ဂျစ်တယ် ဘောပင်လည်း ပါပါတယ်။ ပုံဆွဲခြင်း၊ စာရေးခြင်းများ ပြုလုပ်နိုင်ပါတယ်။ သူဟာ လက်ပ်တော့၊ တက်ဘလက် နှစ်မျိုးသုံး ပီစီ ဖြစ်ပါတယ်။ သူ့ရဲ့ Hardware Specifications နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ ၂၀၂၀ ခုနှစ်မှာ ရောင်းချမယ်လို့ လီနိုဗိုက ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.