Smartphone Trending

48MP Rear Camera ပါတဲ့ Realme X ကို ကြေညာ




  • Dual SIM


unicode

48MP Rear Camera ပါတဲ့ Realme X ကို ကွညော

Realme က စွမ်းရည်မြင့် ဖုန်းတစ်လုံးကို ကြေညာလိုက်ပါတယ်။ Realme X လို့ အမည်ပေးထားပြီး သူ့မှာ ၆.၅၃ လက်မ Full HD+ AMOLED Display ပါပါတယ်။ အထက်မှ ဘောင်ဟာ ၂.၂ မီလီမီတာနဲ့ ဘေးနှစ်ဖက်မှ ဘောင်ဟာ ၁.၆၂ မီလီမီတာသာရှိပါတယ်။ Screen-to-body Ratio မှာ ၉၁.၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Snapdragon 710 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ အပူချိန်ကို လျှော့ချပေးတဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။

အနောက်ဘက်မှာ 48MP Sony IMX586 Sensor ပါပြီး AI Scene Recognitiion ကို ထောက်ပံ့ပါတယ်။ 5MP Depth Sensor နဲ့ ပူးတွဲထားပါတယ်။ 16MP Pop-up Camera ထည့်သွင်းထားပါတယ်။ ဝ.၇၄ စက္ကန့်အတွင်းမှာ Pop-up Camera ကို ထုတ်နိုင်ပါတယ်။ အကြိမ်ပေါင်း ၂၀၀ ၀၀၀ အထိ အထုတ်၊ အသွင်း ပြုလုပ် စမ်းသပ်ပြီးပါပြီ။ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပြီး အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်ကို S-shaped Curve ဒီဇိုင်း ဖန်တီးထားပါတယ်။ VOOC 3.0 Fast Charging ပါတဲ့ 3765mAh Battery ထည့်ထားပါတယ်။

realme X specifications
• 6.53-inch (2340 × 1080 pixels) Full HD+ AMOLED display with 100% NTSC Color Gamut, Corning Gorilla Glass 5 protection
• Octa Core Snapdragon 710 10nm Mobile Platform (Dual 2.2GHz Kryo 360 + Hexa 1.7GHz Kryo 360 CPUs) with Adreno 616 GPU
• 4GB / 6GB (LPPDDR4x) RAM with 64GB storage / 8GB (LPPDDR4x) RAM with 128GB storage
• Dual SIM
• ColorOS 6.0 based on Android 9.0 (Pie)
• 48MP rear camera with 1/2.0″ Sony IMX586 sensor, f/1.7 aperture, 6P lens, LED flash, 5MP secondary rear camera
• 16MP front-facing camera with Sony IMX471 sensor, f/2.0 aperture
• In-display fingerprint sensor
• Dimensions: 161.2×76×9.4mm; Weight: 191g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 3765mAh battery (typical) / 3680mAh (minimum) with VOOC 3.0 fast charging

Stema White နဲ့ Punk Blue အရောင်များ ထုတ်လုပ်ထားပါတယ်။ 4/64GB Version ကို ၂၁၉ ဒေါ်လာ၊ 6/64GB Version ကို ၂၃၂ ဒေါ်လာ နဲ့ 8/128GB Version ကို ၂၆၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.