Smartphone Trending

48MP Triple Camera မ်ား ပါတဲ့ OnePlus 7 Pro ကို ေၾကညာ

OnePlus 7 Pro မွာ ယခင္မ်ိဳးဆက္ထက္ ဒီဇိုင္းဆန္းသစ္ထားၿပီး စကရင္၊ ကင္မရာနဲ႔ အသံပိုင္းမွာ တိုးတက္လာပါတယ္။ သူ႔မွာ ၆.၆၇ လက္မ QHD+ Display ပါပါတယ္။ OnePlus က Fluid AMOLED လို႔ ေခၚပါတယ္။ 90Hz Refresh Rate ျဖစ္ပါတယ္။ HDR10+ Color မ်ားကို ထုတ္လုပ္ေပးပါတယ္။ သူ႔မွာ OnePlus 7 မွာလို Notch မပါဘဲ Pop-up Selfie Camera ထည့္ထားပါတယ္။ 16MP Selfie Camera ျဖစ္ပါတယ္။ အႀကိမ္ေပါင္း ၃၀၀ ၀၀၀ ေက်ာ္အထိ အထုတ္၊ အသြင္းလုပ္တာေတာင္ အိုေကတယ္လို႔ ကုမၸဏီက ေျပာပါတယ္။

သူဟာ အေနာက္ကင္မရာ သံုးလံုးပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္း ျဖစ္ပါတယ္။ 48MP Main Camera မွာ OIS, EIS မ်ား ပါပါတယ္။ UltraShot Feature အသစ္က HDR+ ကို ေထာက္ပံ့ၿပီး ကုမၸဏီက ကင္မရာက အလင္းေရာင္ကို ေလးဆပို ဖမ္းယူႏုိင္တယ္လို႔ ေျပာပါတယ္။ Super Resolution လည္း ပါပါတယ္။ 8MP Telephoto Camera က 3x Zoom ကို ပံ့ပိုးေပးပါတယ္။ 16MP Ultra-wide Angle Camera ပါပါတယ္။

အေနာက္ကင္မရာက 4K/60fps Video မ်ားကို ရိုက္ကူးေပးႏုိင္ပါတယ္။ အေႏွးဗီဒီယို Mode ႏွစ္ခု ပါပါတယ္။ 1080p/240fps နဲ႔ 720p/480fps မ်ား ျဖစ္ပါတယ္။ ကင္မရာ လုပ္ေဆာင္ခ်က္မ်ားထဲမွာ Dual LED Flash နဲ႔ Laser Autofocus မ်ား ပါပါတယ္။ တတိယမ်ိဳးဆက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္ထားပါတယ္။

Snapdragon 855, 10 Layer Vapor Chamber Cooling မ်ား ပါပါတယ္။ သူဟာ UFS 3.0 Storage ပါတဲ့ ပထမဆံုး ဖုန္းပါ။ 4000mAh Battery ပါၿပီး Warp Charge 30 Fast Charging ကို ေထာက္ပံ့ပါတယ္။ ၂၀ မိနစ္အတြင္းမွာ ၀ ကေန ၄၈ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။ အေရွ႕နဲ႔ အေနာက္မွာ Gorilla Glass 5 နဲ႔ ဖံုးအုပ္ထားပါတယ္။ Nebula Blue, Mirror Gray နဲ႔ Almond အေရာင္မ်ား ထုတ္လုပ္ထားပါတယ္။

ေရစက္၊ ေရေပါက္မ်ားကို ခံႏုိင္ရည္ရွိေပမယ့္ IP Rating ေတာ့ မရွိပါဘူး။ 6/128GB ကို ၆၇၀ ေဒၚလာ၊ 8/256GB ကို ၇၀၀ ေဒၚလာနဲ႔ 12/256GB ကို ၇၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။

unicode

48MP Triple Camera များ ပါတဲ့ OnePlus 7 Pro ကို ကြေညာ

OnePlus 7 Pro မှာ ယခင်မျိုးဆက်ထက် ဒီဇိုင်းဆန်းသစ်ထားပြီး စကရင်၊ ကင်မရာနဲ့ အသံပိုင်းမှာ တိုးတက်လာပါတယ်။ သူ့မှာ ၆.၆၇ လက်မ QHD+ Display ပါပါတယ်။ OnePlus က Fluid AMOLED လို့ ခေါ်ပါတယ်။ 90Hz Refresh Rate ဖြစ်ပါတယ်။ HDR10+ Color များကို ထုတ်လုပ်ပေးပါတယ်။ သူ့မှာ OnePlus 7 မှာလို Notch မပါဘဲ Pop-up Selfie Camera ထည့်ထားပါတယ်။ 16MP Selfie Camera ဖြစ်ပါတယ်။ အကြိမ်ပေါင်း ၃၀၀ ၀၀၀ ကျော်အထိ အထုတ်၊ အသွင်းလုပ်တာတောင် အိုကေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

သူဟာ အနောက်ကင်မရာ သုံးလုံးပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ 48MP Main Camera မှာ OIS, EIS များ ပါပါတယ်။ UltraShot Feature အသစ်က HDR+ ကို ထောက်ပံ့ပြီး ကုမ္ပဏီက ကင်မရာက အလင်းရောင်ကို လေးဆပို ဖမ်းယူနိုင်တယ်လို့ ပြောပါတယ်။ Super Resolution လည်း ပါပါတယ်။ 8MP Telephoto Camera က 3x Zoom ကို ပံ့ပိုးပေးပါတယ်။ 16MP Ultra-wide Angle Camera ပါပါတယ်။

အနောက်ကင်မရာက 4K/60fps Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ အနှေးဗီဒီယို Mode နှစ်ခု ပါပါတယ်။ 1080p/240fps နဲ့ 720p/480fps များ ဖြစ်ပါတယ်။ ကင်မရာ လုပ်ဆောင်ချက်များထဲမှာ Dual LED Flash နဲ့ Laser Autofocus များ ပါပါတယ်။ တတိယမျိုးဆက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

Snapdragon 855, 10 Layer Vapor Chamber Cooling များ ပါပါတယ်။ သူဟာ UFS 3.0 Storage ပါတဲ့ ပထမဆုံး ဖုန်းပါ။ 4000mAh Battery ပါပြီး Warp Charge 30 Fast Charging ကို ထောက်ပံ့ပါတယ်။ ၂၀ မိနစ်အတွင်းမှာ ၀ ကနေ ၄၈ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ အရှေ့နဲ့ အနောက်မှာ Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ Nebula Blue, Mirror Gray နဲ့ Almond အရောင်များ ထုတ်လုပ်ထားပါတယ်။

ရေစက်၊ ရေပေါက်များကို ခံနိုင်ရည်ရှိပေမယ့် IP Rating တော့ မရှိပါဘူး။ 6/128GB ကို ၆၇၀ ဒေါ်လာ၊ 8/256GB ကို ၇၀၀ ဒေါ်လာနဲ့ 12/256GB ကို ၇၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.