48MP Main Camera နဲ့ Snapdragon 855 ပါလာတဲ့ OnePlus 7

0
26




unicode

48MP Main Camera နဲ့ Snapdragon 855 ပါလာတဲ့ OnePlus 7

ပေးရတဲ့ ဈေးထက် တန်တဲ့ OnePlus 7 ကို တရားဝင်ကြေညာလိုက်ပါပြီ။ သူဟာ OnePlus 6T နဲ့ OnePlus 7 Pro တို့ကို ပေါင်းစပ်ထားတာပါ။ သူ့မှာ ၆.၄၁ လက်မ Optic AMOLED 1080p+ Display ပါပါတယ်။ သူ့မှာ ပရိုဗားရှင်းရဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ Snapdragon 855 ပါပါတယ်။ UFS 3.0 Standard အသစ် ပါတဲ့ Storage ထည့်ထားပါတယ်။ 128GB နဲ့ 256GB Storage များ ပါပါတယ်။ 6GB or 8GB RAM များ ရွေးချယ်နိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ နှစ်လုံး ပါပါတယ်။ 48MP Camera ပါပြီး OIS ပါပါတယ်။ နောက်တစ်လုံးက 5MP Depth Sensor ထည့်ထားပါတယ်။ ဆဲလ်ဖီးကင်မရာက 16MP ဖြစ်ပါတယ်။ EIS ပါတဲ့ Full HD Video များကို ရိုက်ကူးနိုင်ပါတယ်။ ပင်မ ကင်မရာက 4K/60fps Video နဲ့ 720p/480fps Slow-mo Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ Android 9.0 Pie အခြေပြု OxygenOS 9.5 မောင်းနှင်ထားပါတယ်။

20W Fast Charging ပါတဲ့ 3700mAh Battery ပါပါတယ်။ အနောက်ဘက်ကို Corning Gorilla Glass နဲ့ ဖုံးအုပ်ထားပါတယ်။ စတီရီယို စပီကာများက Dolby Atmos ပါပါတယ်။ Mirror Grey နဲ့ Red အရောင်များ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ယူရို ၅၄၉ နဲ့ 8/256GB ကို ယူရို ၅၉၉ သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.