iPhone / iPad မွ စာမ်ားကို ဖတ္ႏုိင္မယ့္ မ်က္မျမင္ စာဖတ္ ကိရိယာ

0
11

မ်က္မျမင္မ်ားအတြက္ အေထာက္အကူျပဳ ပစၥည္းမ်ားကို တီထြင္ဖန္တီးထားၾကပါတယ္။ မ်က္မျမင္ စာဖတ္စနစ္ Braille ကိုလည္း အသံုးျပဳေနၾကတာ ႏွစ္ေပါင္းမ်ားစြာ ရွိေနပါၿပီ။ အခုေတာ့ ဒစ္ဂ်စ္တယ္ Content မ်ားကို Braille စနစ္အျဖစ္ေျပာင္းေပးတဲ့ ကိရိယာ တစ္ခု ထြက္လာပါၿပီ။ ကိရိယာရဲ႕ အမည္က Bonocle ျဖစ္ၿပီး စတာလင္ေပါင္ ၃၀၀ ေလာက္နဲ႔ ေရာင္းခ်မွာပါ။ ေစ်းကြက္ထဲမွာ ေရာင္းခ်ေနၾကတဲ့ အလားတူ ကိရိယာမ်ားဟာ စတာလင္ေပါင္ ၁၀၀၀ ကေန ၆၀၀၀ အထိ ရွိၾကပါတယ္။ Bonocle ကို ယခုႏွစ္ ေႏွာင္းပိုင္းမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

ကိရိယာက ကြန္ျပဴတာ ေမာက္စ္အရြယ္အစားသာ ရွိၿပီး မ်က္မျမင္မ်ားဟာ လက္ပ္ေတာ့၊ အိုင္ဖုန္း၊ အိုင္ပတ္မွ စာမ်ားကို ဖတ္ႏုိင္ပါတယ္။ ကိရိယာကို စကရင္ေပၚမွာ တင္ၿပီး ဘယ္ကေန ညာသို႔ ေရႊ႕ေပးျခင္းျဖင့္ စာမ်ားကို ဖတ္ႏုိင္ပါတယ္။ သို႔မဟုတ္ Auto-scroll Option ကို ေရြးထားရင္း စာတစ္ေၾကာင္းၿပီးတာနဲ႔ ေနာက္တစ္ေၾကာင္းကို အလိုလို ေရႊ႕ေပးမွာ ျဖစ္ပါတယ္။

စာေၾကာင္းမ်ား ၊ စာပိုဒ္မ်ား၊ စာမ်က္ႏွာမ်ားကို ေက်ာ္ျခင္းမ်ားျပဳလုပ္ဖို႔အတြက္ သူ႔မွာ ပါတဲ့ ခလုတ္ကို တစ္ခ်က္၊ ႏွစ္ခ်က္၊ သံုးခ်က္ ႏွိပ္ေပးႏုိင္ပါတယ္။ Bonocle ဟာ အရြယ္အစား ေသးငယ္ၿပီး အိတ္ကပ္ သို႔မဟုတ္ လက္ကိုင္အိတ္ထဲ ထည့္သြားႏုိင္ပါတယ္။ လူၾကားထဲမွာ သူ႔ကို သံုးေနသူကို မ်က္မျမင္လို႔ မထင္ရေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ တီထြင္သူမ်ားက သူ႔ကို လူတိုင္း သံုးႏိုင္ေအာင္ ေစ်းႏႈန္းသက္သာေစဖို႔ အဓိက ရည္ရြယ္ဖန္တီးထားတယ္လို႔ ေျပာပါတယ္။

ကိရိယာကို အင္ဂ်င္နီယာ သံုးဦးက တီထြင္ခဲ့တာ ျဖစ္ပါတယ္။ ကိရိယာက Digital Content မ်ားကို ဘလူးတုကေန ဖတ္ယူၿပီး Braille အျဖစ္ ေျပာင္းလဲေပးတာ ျဖစ္ပါတယ္။

unicode

iPhone / iPad မှ စာများကို ဖတ်နိုင်မယ့် မျက်မမြင် စာဖတ် ကိရိယာ

မျက်မမြင်များအတွက် အထောက်အကူပြု ပစ္စည်းများကို တီထွင်ဖန်တီးထားကြပါတယ်။ မျက်မမြင် စာဖတ်စနစ် Braille ကိုလည်း အသုံးပြုနေကြတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ အခုတော့ ဒစ်ဂျစ်တယ် Content များကို Braille စနစ်အဖြစ်ပြောင်းပေးတဲ့ ကိရိယာ တစ်ခု ထွက်လာပါပြီ။ ကိရိယာရဲ့ အမည်က Bonocle ဖြစ်ပြီး စတာလင်ပေါင် ၃၀၀ လောက်နဲ့ ရောင်းချမှာပါ။ ဈေးကွက်ထဲမှာ ရောင်းချနေကြတဲ့ အလားတူ ကိရိယာများဟာ စတာလင်ပေါင် ၁၀၀၀ ကနေ ၆၀၀၀ အထိ ရှိကြပါတယ်။ Bonocle ကို ယခုနှစ် နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

ကိရိယာက ကွန်ပြူတာ မောက်စ်အရွယ်အစားသာ ရှိပြီး မျက်မမြင်များဟာ လက်ပ်တော့၊ အိုင်ဖုန်း၊ အိုင်ပတ်မှ စာများကို ဖတ်နိုင်ပါတယ်။ ကိရိယာကို စကရင်ပေါ်မှာ တင်ပြီး ဘယ်ကနေ ညာသို့ ရွှေ့ပေးခြင်းဖြင့် စာများကို ဖတ်နိုင်ပါတယ်။ သို့မဟုတ် Auto-scroll Option ကို ရွေးထားရင်း စာတစ်ကြောင်းပြီးတာနဲ့ နောက်တစ်ကြောင်းကို အလိုလို ရွှေ့ပေးမှာ ဖြစ်ပါတယ်။

စာကြောင်းများ ၊ စာပိုဒ်များ၊ စာမျက်နှာများကို ကျော်ခြင်းများပြုလုပ်ဖို့အတွက် သူ့မှာ ပါတဲ့ ခလုတ်ကို တစ်ချက်၊ နှစ်ချက်၊ သုံးချက် နှိပ်ပေးနိုင်ပါတယ်။ Bonocle ဟာ အရွယ်အစား သေးငယ်ပြီး အိတ်ကပ် သို့မဟုတ် လက်ကိုင်အိတ်ထဲ ထည့်သွားနိုင်ပါတယ်။ လူကြားထဲမှာ သူ့ကို သုံးနေသူကို မျက်မမြင်လို့ မထင်ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ တီထွင်သူများက သူ့ကို လူတိုင်း သုံးနိုင်အောင် ဈေးနှုန်းသက်သာစေဖို့ အဓိက ရည်ရွယ်ဖန်တီးထားတယ်လို့ ပြောပါတယ်။

ကိရိယာကို အင်ဂျင်နီယာ သုံးဦးက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ကိရိယာက Digital Content များကို ဘလူးတုကနေ ဖတ်ယူပြီး Braille အဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.