iPhone 6, iPhone 6 Plus, iPhone SE တို႕အတြက္ iOS 13 အသံုးျပဳႏုိင္မည္မဟုတ္

0
7

Zawgyi Vesion

Apple က မၾကာခင္မွာက်င္းပမယ့္ Worldwide Developer Conference မွာ iOS 13 ကို ျပသဖို႕အတြက္ မွန္းထားပါတယ္။ ဒါေပမယ့္လည္း iPhone 6, iPhone 6 Plus, iPhone SE တို႕အတြက္ iOS 13 အသံုးျပဳႏုိင္မည္မဟုတ္

 ဆိုတဲ့သတင္းေတြ ထြက္ေနပါတယ္။

iOS 12 ရရွိထားေပမယ့္လည္း ဗားရွင္းအသစ္ထြက္မယ့္အခ်ိန္မွာ အသံုးျပဳခြင့္မရမယ့္္ iOS device ေတြလည္း ရွိေနပါတယ္။ iPhone 6, iPhone 6 Plus နဲ႕ iPhone SE တို႕အျပင္ iOS 13 ကို iPhone 5s, the iPad mini 2 နဲ႕ iPad Air တို႕အတြက္လည္း အသံုးျပဳႏုိင္မွာမဟုတ္ပါဘူး။

iPhone 5s, iPad mini 2 နဲ႕ iPad Air တို႕ဟာ ၂၀၁၃ခုႏွစ္မွာ ျဖန္႕ခ်ိခဲ့တာျဖစ္ျပီး iPhone 6 နဲ႕ iPhone 6 Plus တို႕ကို ၂၀၁၄ခုႏွစ္မွာ ျဖန္႕ခ်ိေပးခဲ့တာပါ။ iPhone SE ကိုေတာ့ ၂၀၁၆ မွာ ျဖန္႕ခ်ိခဲ့တာျဖစ္ေပမယ့္လည္း သတင္းေတြသာမွန္ခဲ့မယ္ဆုိရင္ ေနာက္ဆံုးထြက္ထားတဲ့ iOS ဗားရွင္းကို ရႏုိင္မွာ မဟုတ္ပါဘူး။

မႏွစ္ကထုတ္ခဲ့တဲ့ iOS 12 ဟာ iPhone 5s, iPhone 6 နဲ႕ iPhone 6 Plus အထိ ေထာက္ပံ့ေပးႏုိင္တာကလည္း အံ့ၾသစရာတစ္ခ်က္ပါပဲ။ ပံုမွန္ဆုိရင္ iPhone 5s ကို ေမွ်ာ္လင့္လို႕မရေတာ့ပါဘူး။ iOS 12 မွာက performance optimization ကို ဦးစားေပးထားတဲ့အတြက္ေၾကာင့္ hardware အေဟာင္းေတြမွာလည္း အသံုးျပဳႏုိင္ခဲ့တာပါ။

iOS 13 မွာေတာ့ ဒီလိုမဟုတ္ေတာ့ပါဘူး။ system-wide Dark Mode ကိုေပးစြမ္းႏုိင္သလို swipe-based keyboard ၊ iMessage နဲ႕ Maps apps ေတြကို အဆင့္ျမွင့္တင္ထားျပီး Health functionality ေတြလည္း ပိုမိုေကာင္းမြန္လာတာဆိုေတာ့ hardware အေဟာင္းေတြမွာ အဆင္မေျပေတာ့တာပါ။ iPads အတြက္ကေတာ့ three-finger tap or swipe တို႕ windowed apps တို႕ကို ရႏုိင္မွာပါ။

iOS အသစ္မွာပါလာႏုိင္တဲ့ feature အသစ္ေတြက ေလးလက္မ မ်က္ႏွာျပင္၊ A9 processor တို႕ကို မႏုိင္၀န္ထမ္းသလိုျဖစ္ေနမွာပါ။ ဒါေၾကာင့္ ေထာက္ပံ့မႈရပ္လုိက္တာျဖစ္ႏုိင္ပါတယ္။

အတည္ျပဳထားတာမ်ိဳးေတာ့ မရွိေသးပါဘူး။ သံုးလို႕ရႏုိင္မလားဆိုတာကေတာ့ ဂၽြန္လ၃ရက္ေန႕ တရား၀င္ေၾကညာတဲ့အခ်ိန္ကို ေစာင့္ဆုိင္းရမွာပါ။

Unicode Version

Apple က မကြာခင်မှာကျင်းပမယ့် Worldwide Developer Conference မှာ iOS 13 ကို ပြသဖို့အတွက် မှန်းထားပါတယ်။ ဒါပေမယ့်လည်း iPhone 6, iPhone 6 Plus, iPhone SE တို့အတွက် iOS 13 အသုံးပြုနိုင်မည်မဟုတ်

 ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။

iOS 12 ရရှိထားပေမယ့်လည်း ဗားရှင်းအသစ်ထွက်မယ့်အချိန်မှာ အသုံးပြုခွင့်မရမယ့် iOS device တွေလည်း ရှိနေပါတယ်။ iPhone 6, iPhone 6 Plus နဲ့ iPhone SE တို့အပြင် iOS 13 ကို iPhone 5s, the iPad mini 2 နဲ့ iPad Air တို့အတွက်လည်း အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

iPhone 5s, iPad mini 2 နဲ့ iPad Air တို့ဟာ ၂၀၁၃ခုနှစ်မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး iPhone 6 နဲ့ iPhone 6 Plus တို့ကို ၂၀၁၄ခုနှစ်မှာ ဖြန့်ချိပေးခဲ့တာပါ။ iPhone SE ကိုတော့ ၂၀၁၆ မှာ ဖြန့်ချိခဲ့တာဖြစ်ပေမယ့်လည်း သတင်းတွေသာမှန်ခဲ့မယ်ဆိုရင် နောက်ဆုံးထွက်ထားတဲ့ iOS ဗားရှင်းကို ရနိုင်မှာ မဟုတ်ပါဘူး။

မနှစ်ကထုတ်ခဲ့တဲ့ iOS 12 ဟာ iPhone 5s, iPhone 6 နဲ့ iPhone 6 Plus အထိ ထောက်ပံ့ပေးနိုင်တာကလည်း အံ့သြစရာတစ်ချက်ပါပဲ။ ပုံမှန်ဆိုရင် iPhone 5s ကို မျှော်လင့်လို့မရတော့ပါဘူး။ iOS 12 မှာက performance optimization ကို ဦးစားပေးထားတဲ့အတွက်ကြောင့် hardware အဟောင်းတွေမှာလည်း အသုံးပြုနိုင်ခဲ့တာပါ။

iOS 13 မှာတော့ ဒီလိုမဟုတ်တော့ပါဘူး။ system-wide Dark Mode ကိုပေးစွမ်းနိုင်သလို swipe-based keyboard ၊ iMessage နဲ့ Maps apps တွေကို အဆင့်မြှင့်တင်ထားပြီး Health functionality တွေလည်း ပိုမိုကောင်းမွန်လာတာဆိုတော့ hardware အဟောင်းတွေမှာ အဆင်မပြေတော့တာပါ။ iPads အတွက်ကတော့ three-finger tap or swipe တို့ windowed apps တို့ကို ရနိုင်မှာပါ။

iOS အသစ်မှာပါလာနိုင်တဲ့ feature အသစ်တွေက လေးလက်မ မျက်နှာပြင်၊ A9 processor တို့ကို မနိုင်ဝန်ထမ်းသလိုဖြစ်နေမှာပါ။ ဒါကြောင့် ထောက်ပံ့မှုရပ်လိုက်တာဖြစ်နိုင်ပါတယ်။

အတည်ပြုထားတာမျိုးတော့ မရှိသေးပါဘူး။ သုံးလို့ရနိုင်မလားဆိုတာကတော့ ဂျွန်လ၃ရက်နေ့ တရားဝင်ကြေညာတဲ့အချိန်ကို စောင့်ဆိုင်းရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.