Gadget Trending

ေရငုပ္ၿပီး ဗီဒီယို ရိုက္ေပးႏိုင္တဲ့ Drone

ေရေအာက္သံုး စက္ရုပ္မ်ားကို သုေတသနနယ္ပယ္နဲ႔ ရွာေဖြကယ္ဆယ္ေရး နယ္ပယ္မ်ားမွာသာ အသံုးျပဳေနၾကပါတယ္။ အခုေတာ့ အေပ်ာ္တမ္းသံုး ေရေအာက္ ဒရုန္းတစ္ခုကို တရုတ္ အေျခစိုက္ Youcan Robot က ဖန္တီးလိုက္ပါတယ္။ သူ႔ကို ထုတ္လုပ္ေရာင္းခ်ဖို႔ Kickstarter ၀က္ဆိုက္မွာ ရန္ပံုေငြ ေကာက္ခံေနပါတယ္။ အေျခခံ ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းဟာ ၆၅၉ ေဒၚလာ ျဖစ္ၿပီး ဒီထက္ေစ်းျမင့္တဲ့ ေမာ္ဒယ္မွာေတာ့ Accessory မ်ား ပါရွိပါတယ္။ ေအာက္တိုဘာလမွာ ေရာင္းေပးမွာပါ။

သူ႔ကို စမတ္ဖုန္း၊ တက္ဘလက္မ်ားကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ သူ႔မွာ အဆင့့္ျမင့္ အာရံုခံ စနစ္ပါတဲ့အတြက္ သင္ ေရငုပ္တဲ့ေနာက္ကို အလိုအေလွ်ာက္ တေကာက္ေကာက္လိုက္ၿပီး ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ား ရိုက္ကူးႏုိင္ပါတယ္။ ရုပ္ေသဓါတ္ပံုမ်ားအတြက္ေတာ့ 12MP နဲ႔ ဗီဒီယိုမ်ားအတြက္ 4K Video မ်ားကို ရိုက္ကူးေပးပါတယ္။

သူ႔မွာ အင္တာနက္ ရရွိေစဖုိ႔အတြက္ ေျမျပင္ေပၚမွ WiFi Module နဲ႔ ႀကိဳးျဖင့္ ခ်ိတ္ဆက္ေပးထားပါတယ္။ သူက ေရေအာက္မွ အလင္းေရာင္ ရရွိမႈ အေပၚမူတည္ၿပီး ဓါတ္ပံု၊ ဗီဒီယိုမ်ားအတြက္ Flash ရဲ႕ အလင္းေရာင္ကို အလိုအေလွ်ာက္ ခ်ိန္ညွိေပးပါတယ္။ ေရအနက္ထဲသြားရင္ သဘာ၀ အလင္းေရာင္ ရရွိမႈ နည္းသြားပါတယ္။ အဲဒါဆိုရင္ သူက Flash ရဲ႕ အလင္းေရာင္ကို တိုးျမွင့္ေပးပါတယ္။

တီထြင္သူမ်ားက “ BW-Space Underwater Drone ဟာ Youcan Robot Team ရဲ႕ ဒုတိယ မ်ိဳးဆက္ ထုတ္ကုန္ ျဖစ္ပါတယ္။ သူဟာ ဥာဏ္ရည္ျမင့္ အာရံုခံ စနစ္ပါတဲ့ ကမာၻ႕ ပထမဆံုး ေရေအာက္သံုး ဒရုန္း ျဖစ္ပါတယ္။ ေရေအာက္ထဲမွာ သူ႔ကို လက္နဲ႔ ကိုင္ၿပီး ထိန္းခ်ဳပ္စရာ လံုး၀ မလိုပါဘူး။ “ လို႔ ေျပာပါတယ္။

unicode

ရေငုပ်ပြီး ဗီဒီယို ရိုက်ပေးနိုင်တဲ့ Drone

ရေအောက်သုံး စက်ရုပ်များကို သုတေသနနယ်ပယ်နဲ့ ရှာဖွေကယ်ဆယ်ရေး နယ်ပယ်များမှာသာ အသုံးပြုနေကြပါတယ်။ အခုတော့ အပျော်တမ်းသုံး ရေအောက် ဒရုန်းတစ်ခုကို တရုတ် အခြေစိုက် Youcan Robot က ဖန်တီးလိုက်ပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ဝက်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ အခြေခံ မော်ဒယ်ရဲ့ ဈေးနှုန်းဟာ ၆၅၉ ဒေါ်လာ ဖြစ်ပြီး ဒီထက်ဈေးမြင့်တဲ့ မော်ဒယ်မှာတော့ Accessory များ ပါရှိပါတယ်။ အောက်တိုဘာလမှာ ရောင်းပေးမှာပါ။

သူ့ကို စမတ်ဖုန်း၊ တက်ဘလက်များကနေ ထိန်းချုပ်နိုင်ပါတယ်။ သူ့မှာ အဆင့်မြင့် အာရုံခံ စနစ်ပါတဲ့အတွက် သင် ရေငုပ်တဲ့နောက်ကို အလိုအလျှောက် တကောက်ကောက်လိုက်ပြီး ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးနိုင်ပါတယ်။ ရုပ်သေဓါတ်ပုံများအတွက်တော့ 12MP နဲ့ ဗီဒီယိုများအတွက် 4K Video များကို ရိုက်ကူးပေးပါတယ်။

သူ့မှာ အင်တာနက် ရရှိစေဖို့အတွက် မြေပြင်ပေါ်မှ WiFi Module နဲ့ ကြိုးဖြင့် ချိတ်ဆက်ပေးထားပါတယ်။ သူက ရေအောက်မှ အလင်းရောင် ရရှိမှု အပေါ်မူတည်ပြီး ဓါတ်ပုံ၊ ဗီဒီယိုများအတွက် Flash ရဲ့ အလင်းရောင်ကို အလိုအလျှောက် ချိန်ညှိပေးပါတယ်။ ရေအနက်ထဲသွားရင် သဘာ၀ အလင်းရောင် ရရှိမှု နည်းသွားပါတယ်။ အဲဒါဆိုရင် သူက Flash ရဲ့ အလင်းရောင်ကို တိုးမြှင့်ပေးပါတယ်။

တီထွင်သူများက “ BW-Space Underwater Drone ဟာ Youcan Robot Team ရဲ့ ဒုတိယ မျိုးဆက် ထုတ်ကုန် ဖြစ်ပါတယ်။ သူဟာ ဉာဏ်ရည်မြင့် အာရုံခံ စနစ်ပါတဲ့ ကမ္ဘာ့ ပထမဆုံး ရေအောက်သုံး ဒရုန်း ဖြစ်ပါတယ်။ ရေအောက်ထဲမှာ သူ့ကို လက်နဲ့ ကိုင်ပြီး ထိန်းချုပ်စရာ လုံး၀ မလိုပါဘူး။ “ လို့ ပြောပါတယ်။

Ref : digitaltrends

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.