App/Game Enterprise Trending

အသံုးျပဳမႈနည္းေနတဲ့ app ေတြကို uninstall လုပ္ဖို႕ အၾကံေပးမယ့္ Google Play Store feature အသစ္

Zawgyi Version

Google Play Store feature အသစ္ေလးကေတာ့ အသံုုးမျပဳတဲ့ app ေတြစာရင္းကို ျပဳစုျပီးေတာ့ မမ္မိုရီသက္သာေအာင္ uninstall လုပ္ခ်င္မလားလို႕ အၾကံျပဳေတာ့မွာပါ။

Google Play Store မွတစ္ဆင့္ Android စမတ္ဖုန္းထဲကို app ေတြေဒါင္းျပီး ထည့္တာက လြယ္ကူပါတယ္။ ဒါေၾကာင့္ app အေတာ္မ်ားမ်ားကို လူေတြက မသံုးလည္းပဲ ထည့္ထားၾကပါတယ္။

ဒီ feature အသစ္ေလးမွာေတာ့ အသံုးမျပဳဘဲထားတဲ့ app ေတြကို ျဖဳတ္ပစ္ဖို႕ အၾကံေပးေတာ့မွာပါ။ Google Play Store ဟာ notification ေလးျပျပီးေတာ့ “remove unused apps for extra storage” ဆိုတဲ့ စာသားေလးကို ေတြ႕ျမင္ရမွာပါ။ ထိလိုက္မယ္ဆိုရင္ေတာ့ အခ်ိန္အေတာ္ၾကာမဖြင့္ျဖစ္တဲ့ app ေတြကို ေတြ႕ျမင္ရမွာပါ။

စာရင္းထဲမွာျပသထားတဲ့ app တုိင္းဟာ ေဖာ္ျပခ်က္ေလးေတြပါ၀င္ေနမွာပါ။ ေနာက္ဆံုးဘယ္အခ်ိန္မွာ ဖြင့္ခဲ့သလဲဆုိတာလည္း ပါ၀င္ေနမွာပါ။ အဲဒီေနရာမွာ uninstall လုပ္ရတာလည္း လြယ္ကူမွာပါ။

ဒီ feature ေလးဟာ Android ဖုန္းေတြမွာ ျဖစ္တတ္တဲ့ မမ္မိုရီစားတဲ့ကိစၥကို ေျဖရွင္းႏုိင္မွာပါ။ ဒါေပမယ့္လည္း ကမာၻ႕ေနရာအႏွံအျပားကို ထုတ္ေပးပါ့မလားဆိုတာ မေျပာထားေသးပါဘူး။ ဘယ္ေလာက္ၾကာၾကာ မဖြင့္ဘဲထားမွ အၾကံျပဳခ်က္ တက္လာမလဲဆိုတာကေတာ့ မရွင္းလင္းေသးပါဘူး။

Feature အသစ္ေလးကို Google I/O 2019 ေၾကညာခ်က္မွာ ေတြ႕ျမင္ရတာျဖစ္ျပီးေတာ့ Google Play Store အတြက္ app and game review အသစ္လည္း လုပ္ေဆာင္ေတာ့မွာပါ။ app reviews ေတြဟာ ဆီေလ်ာ္တဲ့၊ မၾကာေသးခင္ကမွ ေပးထားတာေတြကို ျပသေပးမွာျဖစ္ျပီးေတာ့ Google Play Store ratings ေတြကိုလည္း ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ေတာ့မွာျဖစ္ပါတယ္။

ratings adjustment ကိုေတာ့ developers ေတြအေနနဲ႕ တံု႕ျပန္ရလြယ္ကူေအာင္လည္း စီစဥ္ထားပါတယ္။ comment ဒါမွမဟုတ္ ေမးခြန္းကို ျပန္တံု႕ျပန္ခ်င္တဲ့ Developers ေတြအတြက္လည္း suggested replies သံုးခုေပးထားမွာပါ။ suggestions သံုးခုကေန ေရြးခ်ယ္ျပီးေတာ့ ပို႕တာမ်ိဳး၊ ျပင္ဆင္တာမ်ိဳး၊ အသစ္ဖန္တီးျခင္း စတာေတြလည္း လုပ္ေဆာင္ႏုိင္ဦးမွာပါ။

Unicode Version

Google Play Store feature အသစ်လေးကတော့ အသုံးမပြုတဲ့ app တွေစာရင်းကို ပြုစုပြီးတော့ မမ်မိုရီသက်သာအောင် uninstall လုပ်ချင်မလားလို့ အကြံပြုတော့မှာပါ။

Google Play Store မှတစ်ဆင့် Android စမတ်ဖုန်းထဲကို app တွေဒေါင်းပြီး ထည့်တာက လွယ်ကူပါတယ်။ ဒါကြောင့် app အတော်များများကို လူတွေက မသုံးလည်းပဲ ထည့်ထားကြပါတယ်။

ဒီ feature အသစ်လေးမှာတော့ အသုံးမပြုဘဲထားတဲ့ app တွေကို ဖြုတ်ပစ်ဖို့ အကြံပေးတော့မှာပါ။ Google Play Store ဟာ notification လေးပြပြီးတော့ “remove unused apps for extra storage” ဆိုတဲ့ စာသားလေးကို တွေ့မြင်ရမှာပါ။ ထိလိုက်မယ်ဆိုရင်တော့ အချိန်အတော်ကြာမဖွင့်ဖြစ်တဲ့ app တွေကို တွေ့မြင်ရမှာပါ။

စာရင်းထဲမှာပြသထားတဲ့ app တိုင်းဟာ ဖော်ပြချက်လေးတွေပါဝင်နေမှာပါ။ နောက်ဆုံးဘယ်အချိန်မှာ ဖွင့်ခဲ့သလဲဆိုတာလည်း ပါဝင်နေမှာပါ။ အဲဒီနေရာမှာ uninstall လုပ်ရတာလည်း လွယ်ကူမှာပါ။

ဒီ feature လေးဟာ Android ဖုန်းတွေမှာ ဖြစ်တတ်တဲ့ မမ်မိုရီစားတဲ့ကိစ္စကို ဖြေရှင်းနိုင်မှာပါ။ ဒါပေမယ့်လည်း ကမ္ဘာ့နေရာအနှံအပြားကို ထုတ်ပေးပါ့မလားဆိုတာ မပြောထားသေးပါဘူး။ ဘယ်လောက်ကြာကြာ မဖွင့်ဘဲထားမှ အကြံပြုချက် တက်လာမလဲဆိုတာကတော့ မရှင်းလင်းသေးပါဘူး။

Feature အသစ်လေးကို Google I/O 2019 ကြေညာချက်မှာ တွေ့မြင်ရတာဖြစ်ပြီးတော့ Google Play Store အတွက် app and game review အသစ်လည်း လုပ်ဆောင်တော့မှာပါ။ app reviews တွေဟာ ဆီလျော်တဲ့၊ မကြာသေးခင်ကမှ ပေးထားတာတွေကို ပြသပေးမှာဖြစ်ပြီးတော့ Google Play Store ratings တွေကိုလည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

ratings adjustment ကိုတော့ developers တွေအနေနဲ့ တုံ့ပြန်ရလွယ်ကူအောင်လည်း စီစဉ်ထားပါတယ်။ comment ဒါမှမဟုတ် မေးခွန်းကို ပြန်တုံ့ပြန်ချင်တဲ့ Developers တွေအတွက်လည်း suggested replies သုံးခုပေးထားမှာပါ။ suggestions သုံးခုကနေ ရွေးချယ်ပြီးတော့ ပို့တာမျိုး၊ ပြင်ဆင်တာမျိုး၊ အသစ်ဖန်တီးခြင်း စတာတွေလည်း လုပ်ဆောင်နိုင်ဦးမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.