App/Game Enterprise Trending

သီချင်းစာသားပါဝင်တဲ့ စတစ်ကာတွေကို စမ်းသပ်နေတဲ့ Instagram

Zawgyi Version






Unicode Version

မကြာခင်ထွက်ရှိတော့မယ့် feature တခုများလား။

Instagram ဟာ ဗွီဒီယိုနဲ့အတူ သီချင်းစာသားလေးတွေထွက်လာတဲ့ Stories feature မှာထည့်သွင်းဖို့အတွက် စတစ်ကာလေးတွေကို စမ်းနေတာဖြစ်ပါလိမ့်မယ်။

Jane Manchun Wong က ဒီ feature လေးကို ဧပြီလတုန်းကတည်းက တွေ့ရှိခဲ့တာဖြစ်ပြီးတော့ တွစ်တာပေါ်မှာ ဗွီဒီယိုအတိုလေးလည်း တင်ထားခဲ့ပါတယ်။ Rick Ashley ရဲ့ “Never Gonna Give You Up” သီချင်းထဲက စာသားလေးတွေနဲ့ပါ။

https://platform.twitter.com/widgets.js

Instagram ဟာ သီချင်းတွေကို Stories မှာ ထည့်သွင်းလိုက်တာက ပြီးခဲ့တဲ့နွေကတည်းကပါ။ သုံးစွဲသူတွေကို ပို့စ်နဲ့အတူ သbackground music ထည့်သွင်းခွင့်ပေးထားတာလည်းဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ သီချင်းကို ပို့စ်မှာတွဲတင်နိုင်ပြီးတော့ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ဒီဇင်ဘာတုန်းက Instagram ဟာ  musical feature အချို့ကို ထပ်မံဖြည့်သွင်းပေးထားတာမို့ သီချင်းတွေနဲ့မေးခွန်းကို တုံ့ပြန်တာမျိုးတွေ၊ Live video အတွက် countdown နဲ့ မေးခွန်းစတစ်ကာတွေကိုလည်း အသုံးပြုနိုင်လာပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.