How-To Mobile Phone Tutorial Social Trending
ဖုန်းမှာ Game of Thrones spoilers မမိအောင် ဘယ်လိုနေကြမလဲ
Zawgyi Version
Spoilers ဆိုတာ အဆိုးဆုံးမလား
Chrome extensions
Spoiler blocking apps
YouTube ကို မသွားနဲ့။
browser images ပိတ်ပါ
အင်တာနက်မသုံးနဲ့
ဖုန်းမသုံးနဲ့
Unicode Version
Spoilers ဆိုတာ အဆိုးဆုံးမလား
လပေါင်းများစွာ ဒါမှမဟုတ်လည်း နှစ်နဲ့ချီအောင်စောင့်ဆိုင်းခဲ့ရတဲ့ ဇာတ်ကားတွေရှိပါလိမ့်မယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ချက်ချင်းမကြည့်ဖြစ်တာမျိုးရှိနိုင်တာပဲ။ ဖုန်းလေးကို တစ်ချက်အကြည့်မှာ Spoiler မိသွားပါပြီ။ သွားပြီလေ။
Movie spoilers, TV spoilers, video game spoilers မမြင်အောင်ရှောင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ PC or laptop မှာတော့ browser extensions နဲ့ programs တွေရှိတာမို့ ရှောင်လို့ရပါတယ်။ ဖုန်းမှာတော့ ရှောင်ဖို့ခက်ပါတယ်။ ဒီနေ့ခေတ်ဆိုတာလည်း ဖုန်းလောက်ပဲ အသုံးများတာမလား။
Game of Thrones ဟာ Season 8 ကို ရောက်နေပါပြီ။ ဒီတော့ ရှုပ်ထွေးပွေလီလှတဲ့ spoilers လောကထဲကနေ အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှချင်ပါတယ်။
လက်ဆောင်ပေးချင်တဲ့ နောက်ဆုံးတစ်ချက်ကတော့ ဘယ်ဖုန်းနေနေ လုပ်ဆောင်လို့ရတဲ့အချက်ပါပဲ။
Chrome extensions
Android သမားတွေကတော့ Google Chrome နဲ့ရင်းနှီးပြီးသားပါ။ default browser app အဖြစ်နဲ့ နှစ်ပေါင်းများစွာနေရာယူထားတာကိုး။ desktop မှာ Chrome သုံးတယ်ဆိုရင် Chrome extensions တွေကို သတိထားမိနေလောက်မှာပါ။ extensions အတော်များများက spoilers တွေကို ပိတ်လို့ရနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
Reviews နဲ့ popularity အရ Spoiler Protection 2.0 or Unspoiler ကို သုံးသင့်တယ်လို့မြင်ပါတယ်။ စိတ်မကောင်းစရာက ဖုန်းမှာ တိုက်ရိုက်ထောက်ပံ့ပေးမထားပါဘူး။
ဒီတော့ နည်းလမ်းလေးတွေ ထပ်ရှာကြမယ်။
Firefox သုံးပါ။ Mozilla’s browser လေးက Chrome ပြီးရင် သုံးလို့ကောင်းပါတယ်။ add-ons လေးတွေလည်း ထပ်လို့ရပါတယ်။ desktop add-ons အားလုံးနီးပါးဟာ ဖုန်းအတွက် လုပ်ထားတာမဟုတ်ပေမယ့်လည်း Spoiler Protection 2.0ကို သုံးလို့ရပါတယ်။ Play Store ကနေဒေါင်းလုတ်ဆွဲပြီးတော့ three dot menu > Add-ons > Browse all Firefox Add-ons ကိုသွားပြီး Spoiler Protection 2.0 ကို ရှာ၊ Add to Firefox > Add ကို နှိပ်လိုက်ပါ။ Add to Firefox > Add လေးကို အစက်သုံးစက်ရဲ့အောက်မှာ မြင်ရပါလိမ့်မယ်။ အဲဒီမှာ keywords ထည့်ပြီးတော့ spoiler ရှောင်လိုက်ပါ။
Chromium-based browser သုံးပါ။ Chrome extensions တွေကို ထောက်ပံ့ပေးထားတဲ့ Chromium open source project ကိုသုံးထားတဲ့ mobile browser လေးတွေရှိပါတယ်။ Kiwi Browser ကတော့ ကျွန်တော်အကြိုက်ဆုံးပါ။ သုံးစက်လေးကိုနှိပ်ပြီးတော့ extensions ဆီသွား။ web store ဖွင့်လိုက်ပါ။ Spoiler Protection 2.0 ကိုထည့်ပေးလိုက်ပါ။
Spoiler blocking apps
Play Store နဲ့ App Store ပေါ်မှာက ပိတ်တာထက် spoilers ပိုပြတာမျိုးတွေ များနေပါတယ်။ ဒါပေမယ့်လည်း ရွေးစရာမကုန်သေးပါဘူး။
Spoiler Block နဲ့ Spoilers Blocker ကတော့ Android အတွက် အဆင်ပြေပါတယ်။ ကိုယ်ရွေးလိုက်တဲ့ ရှိုး၊ ဇာတ်ကား၊ ဂိမ်းနဲ့ပတ်သတ်ပြီးတော့ ပိတ်ပေးမှာပါ။ app တွေမှာ review မကောင်းပေမယ့်လည်း စမ်းကြည့်ရမှာ ကိုယ့်တာဝန်မဟုတ်လား။
iPhone သမားတွေကတော့ Shut Up app လေးရှိပါတယ်။ ဝက်ဘ်ဆိုက်တွေမှာ ကွန်မန့်ဖတ်လို့မရအောင် လုပ်ပေးပါတယ်။ ဝက်ဘ်ဆိုက်အတော်များများရဲ့ ကွန်မန့်တွေဟာလည်း သတိထားရမယ့်နေရာပါပဲ။
Shut Up ကို Android မှာ မရနိုင်ပါဘူး။ ဒါပေမယ့် Chrome နဲ့ Firefox အတွက်တော့ extension ရှိပါတယ်။
YouTube ကို မသွားနဲ့။
Image result for youtube spoilers
Spoil မမိချင်ရင် သက်ဆိုင်ရာ YouTube video တွေကို မကြည့်ပါနဲ့။ channel တိုင်းမှာ သင်ကြည့်ထားဖူးတဲ့ ရှိုးတွေနဲ့သက်ဆိုင်ရာဗွီဒီယိုတွေကို recommendation algorithms တွေကြောင့် မြင်နေရနိုင်ပါတယ်။
social media မှာ Mute keywords လုပ်
Image result for social media
social media တိုင်းမှာ Spoilers ရှိတယ်။ ဒါပေမယ့် Facebook or Twitter ကို တစ်ရက်မသုံးဘဲတော့ မနေနိုင်လောက်ပါဘူး။
Twitter ကတော့ အကောင်းဆုံးပါပဲ။ ပိတ်လို့ရနိုင်ပါတယ်။ profile icon > Settings and privacy > Muted words ကိုသွားပြီး keywords ထည့်လိုက်ပါ။
Facebook ကတော့ keyword snooze feature ကို စမ်းသပ်နေတုန်းပါ။ ဒါပေမယ့်လည်း လက်ရှိမှာ အဆင်မပြေသေးပါဘူး။ News Feed ကိုသေချာကြည့်ပါ။ spoilers မိနိုင်တဲ့ သူငယ်ချင်းတွေနဲ့ ဂရုတွေကို snooze လုပ်ပါ။ Instagram လည်း ဒီလိုပါပဲ။
browser images ပိတ်ပါ
Spoilers တွေဟာ စာသားနဲ့ပဲလာတယ်ဆိုတာ မဟုတ်ပါဘူး။ အရမ်းဟိုက်နေတဲ့ ရှိုးဆိုရင် scenes လေးတွေကို cheeky GIF or meme အဖြစ် တွေ့ရတတ်ပါတယ်။
အကောင်းဆုံးကတော့ images တွေ ပိတ်ထားခြင်းပါ။ Android ရဲ့ Chrome မှာ ပါပေမယ့်လည်း နောက်ပိုင်းမှာ ဖြုတ်ပစ်ထားတာက ဝမ်းနည်းစရာပါပဲ။
Images ON/OFF extension ကတော့ ရှာကြည့်လို့ရပါတယ်။ Firefox အတွက်ဆိုရင်တော့ Image Block X ရှိပါတယ်။ iPhone ကတော့ Image Blocker သုံးလို့ရပါတယ်။
news app notifications ပိတ်ပါ
entertainment သတင်းသမားတွေက spoilers တွေကို ခေါင်းကြီးပိုင်းမှာ ရေးတတ်ပါတယ်။ notification လေးဖတ်လိုက်ခြင်းကလည်း အကြီးအကျယ်ဒုက္ခပေးနိုင်ပါတယ်။
Google News လိုဟာမျိုးကို ဖျက်ပစ်၊ disable notifications လုပ်ထားတာမျိုး လုပ်လိုက်ပါ။ Android မှာ Settings > Apps & notifications > [App name] > Notifications > ပြီးရင် Show notifications လေးကို off လိုက်ပါ။ iPhone ကတော့ Settings > Notifications > [App name] > Notifications off လိုက်ပါ။
အင်တာနက်မသုံးနဲ့
Image result for no internet
ဒါက နည်းနည်းကြမ်းသွားပြီ။ အင်တာနက်ပေါ်ကပဲ မိနိုင်ချေများတာကိုး။ Wi-Fi နဲ့ mobile data ပိတ်လိုက်ပါ။ အင်တာနက်မရှိဘဲ နေခဲ့တယ်မလား။ မသေနိုင်ပါဘူး။
ဖုန်းမသုံးနဲ့
ပိတ်လိုက်ပါ။ ရေစိမ်ပစ်လိုက်။ အပိုင်းပိုင်းဖြစ်အောင် ကိုင်ပေါက်လိုက်။ တစ်နည်းပဲ ရှိတော့တယ်။ ပြီးရင်တော့ MMAS မှာ လာပြဖို့ မမေ့ပါနဲ့။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.