ဖုန္းသံုးရင္း ကားေမာင္းလို႔ ကားေမာင္းခြင့္ ၆ လပိတ္ခံရတဲ့ ေဒးဗစ္ဘက္ခမ္း

0
8

ၿဗိတိန္မွာ ကားေမာင္းေနစဥ္ ဖုန္းသံုးျခင္းကို ပိတ္ပင္ထားပါတယ္။ အခုေတာ့ ဒီျပစ္မႈေၾကာင့္ ကမာၻေက်ာ္ ေဘာလံုးသမား ေဒးဗစ္ဘက္ခမ္းဟာ ကားေမာင္းခြင့္ ၆ လပိတ္ပင္ခံလိုက္ရပါတယ္။ ယခင္ႏွစ္ ႏို၀င္ဘာလ ၂၁ ရက္ေန႔မွာ လန္ဒန္ အလယ္ပိုင္းမွာ သူ႔ရဲ႕ ဘန္တေလ ကားကို ေမာင္းေနစဥ္မွာ ဖုန္း သံုးခဲ့တာ ျဖစ္ပါတယ္။ သူ ကားေမာင္းရင္း ဖုန္းသံုးေနတဲ့ ဓါတ္ပံုကို လူတစ္ေယာက္က မွတ္တမ္းတင္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၄၄ ႏွစ္အရြယ္ ဘက္ခမ္းကို တရားရံုးက စတာလင္ေပါင္ ၇၅၀ ဒဏ္ရိုက္ခဲ့ပါတယ္။ ဒါ့အျပင္ တရားရံုး စားရိတ္အျဖစ္ ေပါင္ ၁၀၀ နဲ႔ အပိုဒဏ္ေငြအျဖစ္ ေပါင္ ၇၅ ကိုလည္း ေပးရမွာ ျဖစ္ပါတယ္။ တရားရံုးက “ကား အေရွ႕ တည့္တည့္ကို ၾကည့္ရမယ့္ အစား သူဟာ ေအာက္ကို စိုက္ၾကည့္ေနပါတယ္။ Great Portland Street မွာ ကားေမာင္းေနစဥ္မွာ သူဟာ ဒူးေလာက္ အေနအထားရွိတဲ့ ဖုန္းကို ၾကည့္ေနခဲ့တာပါ။ အဲဒီအတြက္ ၆ လကားေမာင္းခြင့္ ပိတ္ပင္လိုက္ပါတယ္။ “ လို႔ ေျပာပါတယ္။

ၿဗိတိန္မွာ ကားေမာင္းေနစဥ္ Hands-free Devices မ်ား သံုးတာကို ခြင့္ျပဳေပးထားေပမယ့္ ဖုန္းကိုင္သံုးတာကို ပိတ္ပင္ထားပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ၿဗိတိန္နဲ႔ ေ၀းလ္စ္မွာ ကားေမာင္းစဥ္ ဖုန္းသံုးတဲ့ျပစ္မႈေပါင္း ၈၃၀၀ ရွိခဲ့ပါတယ္။

ဘက္ခမ္းဟာ ယခင္က သတ္မွတ္ အျမန္ႏႈန္းထက္ ပိုၿပီး ေမာင္းႏွင္ခဲ့ဖူးတဲ့ ျပစ္ခ်က္မ်ားလည္း ရွိခဲ့ဖူးသူပါ။ ယခုျပစ္မႈအတြက္ သူ႔ရဲ႕ လိုင္စင္မွာ အမွတ္ ၆ ခု တိုးသြားပါတယ္။ ယခင္ ျပစ္မႈမ်ားမွ အမွတ္မ်ားကိုပါ ေပါင္းလိုက္ရင္ ၁၂ မွတ္ ျဖစ္သြားတဲ့ အတြက္ ကားေမာင္းခြင့္ ပိတ္ပင္တာ ျဖစ္ပါတယ္။

unicode

ဖုန်းသုံးရင်း ကားမောင်းလို့ ကားမောင်းခွင့် ၆ လပိတ်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း

ဗြိတိန်မှာ ကားမောင်းနေစဉ် ဖုန်းသုံးခြင်းကို ပိတ်ပင်ထားပါတယ်။ အခုတော့ ဒီပြစ်မှုကြောင့် ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းဟာ ကားမောင်းခွင့် ၆ လပိတ်ပင်ခံလိုက်ရပါတယ်။ ယခင်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လန်ဒန် အလယ်ပိုင်းမှာ သူ့ရဲ့ ဘန်တလေ ကားကို မောင်းနေစဉ်မှာ ဖုန်း သုံးခဲ့တာ ဖြစ်ပါတယ်။ သူ ကားမောင်းရင်း ဖုန်းသုံးနေတဲ့ ဓါတ်ပုံကို လူတစ်ယောက်က မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဘက်ခမ်းကို တရားရုံးက စတာလင်ပေါင် ၇၅၀ ဒဏ်ရိုက်ခဲ့ပါတယ်။ ဒါ့အပြင် တရားရုံး စားရိတ်အဖြစ် ပေါင် ၁၀၀ နဲ့ အပိုဒဏ်ငွေအဖြစ် ပေါင် ၇၅ ကိုလည်း ပေးရမှာ ဖြစ်ပါတယ်။ တရားရုံးက “ကား အရှေ့ တည့်တည့်ကို ကြည့်ရမယ့် အစား သူဟာ အောက်ကို စိုက်ကြည့်နေပါတယ်။ Great Portland Street မှာ ကားမောင်းနေစဉ်မှာ သူဟာ ဒူးလောက် အနေအထားရှိတဲ့ ဖုန်းကို ကြည့်နေခဲ့တာပါ။ အဲဒီအတွက် ၆ လကားမောင်းခွင့် ပိတ်ပင်လိုက်ပါတယ်။ “ လို့ ပြောပါတယ်။

ဗြိတိန်မှာ ကားမောင်းနေစဉ် Hands-free Devices များ သုံးတာကို ခွင့်ပြုပေးထားပေမယ့် ဖုန်းကိုင်သုံးတာကို ပိတ်ပင်ထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဗြိတိန်နဲ့ ဝေးလ်စ်မှာ ကားမောင်းစဉ် ဖုန်းသုံးတဲ့ပြစ်မှုပေါင်း ၈၃၀၀ ရှိခဲ့ပါတယ်။

ဘက်ခမ်းဟာ ယခင်က သတ်မှတ် အမြန်နှုန်းထက် ပိုပြီး မောင်းနှင်ခဲ့ဖူးတဲ့ ပြစ်ချက်များလည်း ရှိခဲ့ဖူးသူပါ။ ယခုပြစ်မှုအတွက် သူ့ရဲ့ လိုင်စင်မှာ အမှတ် ၆ ခု တိုးသွားပါတယ်။ ယခင် ပြစ်မှုများမှ အမှတ်များကိုပါ ပေါင်းလိုက်ရင် ၁၂ မှတ် ဖြစ်သွားတဲ့ အတွက် ကားမောင်းခွင့် ပိတ်ပင်တာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.