Enterprise Trending

ဂ်ပန္က ကမာၻ႕ အျမန္ဆံုး က်ည္ဆန္ရထားကို ျပသ

လက္ရွိမွာ ကမာၻမွာ အျမန္ဆံုး က်ည္ဆန္ရထားဟာ တစ္နာရီလွ်င္ မိုင္ ၂၀၀ သာ ေမာင္းႏွင္ႏိုင္ပါတယ္။ သူ႔ကို  ဂ်ပန္နဲ႔ ျပင္သစ္မွာ အသံုးျပဳေနပါတယ္။ ျပင္သစ္နဲ႔ အဂၤလန္ကို ေျပးဆြဲေနတဲ့ Eurostar ဟာ အျမန္ဆံုး အေနနဲ႔ တစ္နာရီလွ်င္ ၁၈၅ မိုင္သာ ေမာင္းႏွင္ႏုိင္ပါတယ္။ အခုေတာ့ သူတို႔ထက္ ျမန္တဲ့ က်ည္ဆန္ရထားကို ဂ်ပန္က ျပသလိုက္ပါတယ္။

Alfa-X လို႔ အမည္ေပးထားၿပီး သူဟာ တစ္နာရီလွ်င္ ၂၂၄ မိုင္ ေမာင္းႏွင္ႏိုင္ပါတယ္။ တစ္နာရီလွ်င္ ၃၆၀ ကီလိုမီတာ အျမန္ႏႈန္း ျဖစ္ပါတယ္။ ယခု ရထားကိုလည္း စမ္းသပ္ေနတာ ၃ ႏွစ္ရွိပါၿပီ။ သူ႔ရဲ႕ ႏွာတံဟာ ၇၂ ေပ ျဖစ္ၿပီး ေငြေရာင္ ဒီဇိုင္း ျဖစ္ပါတယ္။ ျမန္ႏႈန္ျမင့္မားေပမယ့္ စီးတဲ့အခါမွာ သက္ေတာင့္သက္သာရွိေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ ဆူညံသံမ်ားကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ရထားတြဲ ၁၀ တြဲ ပါပါတယ္။

ဒါေပမယ့္ သံလိုက္ရထားမ်ားက Alfa-X ထက္ ပိုျမန္ပါတယ္။ တရုတ္ရဲ႕ မ်ိဳးဆက္သစ္ က်ည္ဆန္ရတား Fuxing ကို ေဘဂ်င္း-ရွန္ဟိုင္း ရထားလမ္းမွာ ၿပီးခဲ့တဲ့ ႏွစ္ ၾသဂုတ္လက ျပသလိုက္ပါတယ္။ အဲဒီ ရထားဟာ Electric Multiple Units (EMU) အမ်ိဳးအစားျဖစ္ၿပီး အျမန္ဆံုုး အေနျဖင့္ တစ္နာရီလွ်င္ ကီလိုမီတာ ၄၀၀ အထိ ေမာင္းႏွင္ႏိုင္ပါတယ္။ ရထားမွာ အေရးေပၚ အေျခအေနမ်ား၊ ပံုမွန္ မဟုတ္တဲ့ အေျခအေနမ်ားမွာ အလိုအေလွ်ာက္ အရွိန္ေလွ်ာ့ေပးႏိုင္တဲ့ အဆင့္ျမင့္ Monitoring နည္းပညာမ်ားလည္း ပါပါတယ္။ ရထားရဲ႕ သတင္းအခ်က္အလက္မ်ားကို စဥ္ဆက္မျပတ္ေပးပို႔တဲ့ စနစ္ပါတဲ့အတြက္ Control Center ကေန ရထားကို အခ်ိန္ျပည့္ ေစာင့္ၾကည့္စစ္ေဆးႏိုင္ပါတယ္။

အေမရိကန္မွာ ယခုႏွစ္အေစာပိုင္းက စမ္းသပ္ခဲ့တဲ့ ျမန္ႏႈန္းျမင့္ သယ္ယူပို႔ေဆာင္ေရး စနစ္ Hyperloop ဟာ တစ္နာရီလွ်င္ ၃၀၈ ကီလိုမီတာသာ ေမာင္းႏွင္ႏုိင္ပါတယ္။ ကမာၻ႕အျမန္ဆံုး McLaren F1 XP5 ၿပိဳင္ကားဟာ တစ္နာရီလွ်င္ ၃၈၆ ကီလိုမီတာႏႈန္းသာ စံခ်ိန္တင္ထားႏိုင္ခဲ့ပါတယ္။ ကမာၻ႕ အျမန္ဆံုး Peregrine သိမ္းငွက္ဟာ တစ္နာရီလွ်င္ ၃၈၉ ကီလိုမီတာသာ ပ်ံသန္းႏုိင္တယ္လို႔ သိရပါတယ္။

unicode

ဂျပန်က ကမ္ဘာ့ အမြန်ဆုံး ကျည်ဆန်ရထားကို ပြသ

လက်ရှိမှာ ကမ္ဘာမှာ အမြန်ဆုံး ကျည်ဆန်ရထားဟာ တစ်နာရီလျှင် မိုင် ၂၀၀ သာ မောင်းနှင်နိုင်ပါတယ်။ သူ့ကို ဂျပန်နဲ့ ပြင်သစ်မှာ အသုံးပြုနေပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန်ကို ပြေးဆွဲနေတဲ့ Eurostar ဟာ အမြန်ဆုံး အနေနဲ့ တစ်နာရီလျှင် ၁၈၅ မိုင်သာ မောင်းနှင်နိုင်ပါတယ်။ အခုတော့ သူတို့ထက် မြန်တဲ့ ကျည်ဆန်ရထားကို ဂျပန်က ပြသလိုက်ပါတယ်။

Alfa-X လို့ အမည်ပေးထားပြီး သူဟာ တစ်နာရီလျှင် ၂၂၄ မိုင် မောင်းနှင်နိုင်ပါတယ်။ တစ်နာရီလျှင် ၃၆၀ ကီလိုမီတာ အမြန်နှုန်း ဖြစ်ပါတယ်။ ယခု ရထားကိုလည်း စမ်းသပ်နေတာ ၃ နှစ်ရှိပါပြီ။ သူ့ရဲ့ နှာတံဟာ ၇၂ ပေ ဖြစ်ပြီး ငွေရောင် ဒီဇိုင်း ဖြစ်ပါတယ်။ မြန်နှုန်မြင့်မားပေမယ့် စီးတဲ့အခါမှာ သက်တောင့်သက်သာရှိအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ဆူညံသံများကို လျှော့ချပေးနိုင်ပါတယ်။ ရထားတွဲ ၁၀ တွဲ ပါပါတယ်။

ဒါပေမယ့် သံလိုက်ရထားများက Alfa-X ထက် ပိုမြန်ပါတယ်။ တရုတ်ရဲ့ မျိုးဆက်သစ် ကျည်ဆန်ရတား Fuxing ကို ဘေဂျင်း-ရှန်ဟိုင်း ရထားလမ်းမှာ ပြီးခဲ့တဲ့ နှစ် သြဂုတ်လက ပြသလိုက်ပါတယ်။ အဲဒီ ရထားဟာ Electric Multiple Units (EMU) အမျိုးအစားဖြစ်ပြီး အမြန်ဆုံး အနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ အထိ မောင်းနှင်နိုင်ပါတယ်။ ရထားမှာ အရေးပေါ် အခြေအနေများ၊ ပုံမှန် မဟုတ်တဲ့ အခြေအနေများမှာ အလိုအလျှောက် အရှိန်လျှော့ပေးနိုင်တဲ့ အဆင့်မြင့် Monitoring နည်းပညာများလည်း ပါပါတယ်။ ရထားရဲ့ သတင်းအချက်အလက်များကို စဉ်ဆက်မပြတ်ပေးပို့တဲ့ စနစ်ပါတဲ့အတွက် Control Center ကနေ ရထားကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။

အမေရိကန်မှာ ယခုနှစ်အစောပိုင်းက စမ်းသပ်ခဲ့တဲ့ မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေး စနစ် Hyperloop ဟာ တစ်နာရီလျှင် ၃၀၈ ကီလိုမီတာသာ မောင်းနှင်နိုင်ပါတယ်။ ကမ္ဘာ့အမြန်ဆုံး McLaren F1 XP5 ပြိုင်ကားဟာ တစ်နာရီလျှင် ၃၈၆ ကီလိုမီတာနှုန်းသာ စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ အမြန်ဆုံး Peregrine သိမ်းငှက်ဟာ တစ်နာရီလျှင် ၃၈၉ ကီလိုမီတာသာ ပျံသန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.