Enterprise Smartphone Trending

Notch ေတြကို ပညာသားပါပါျဖဳတ္လုိက္တဲ့ Huawei ရဲ႕ စမတ္ဖုန္းဒီဇိုင္းအသစ္

Zawgyi Version

တရုတ္ႏုိင္ငံသားပုိင္ Huawei နဲ႕ Xiaomi တို႕ကလည္း ဒီေန႕ေခတ္မွာ ေခသူေတြမဟုတ္တာမို႕ ေလွ်ာ့တြက္လို႕ေတာ့မရပါဘူး။ သူတို႕ရဲ႕လုပ္ေဆာင္ရည္ေတြဟာ ပရီမီယမ္ထုတ္ကုန္ေတြကို သက္သာတဲ့ေစ်းတန္းနဲ႕ ခ်ျပေနတာမို႕ လူလတ္တန္းစားေတြရဲ႕ အားထားရာ brand လည္း ျဖစ္ေနပါျပီ။

Huawei ကေတာ့ ရည္မွန္းခ်က္ၾကီးမားျပီးေတာ့ နည္းပညာလုပ္ငန္းမွာ နာမည္ရထားတဲ့လုပ္ငန္းတစ္ခုျဖစ္တာနဲ႕အညီ စမတ္ဖုန္းေစ်းကြက္ရွယ္ယာကို သိသိသာသာ ပြားမ်ားေအာင္ လုပ္ေဆာင္ေနတာ အားလံုုးအသိပါပဲ။ ဒီေန႕မွာ သူတို႕လုုပ္ေဆာင္ေနတဲ့ စမတ္ဖုန္းဒီဇိုင္းအသစ္ေလးကိုလည္း ကၽြန္ေတာ္တို႕ ေတြ႕ျမင္လိုက္ရပါျပီ။

အေပၚမွာျပထားတဲ့ပံုမွာ ျမင္တဲ့အတုိင္းပါပဲ။ Samsung ကို ကမာၻ႕စမတ္ဖုန္းထုတ္လုပ္သူေနရာကေန ဆြဲခ်ခ်င္ေနျပီးေတာ့ စတုိင္လ္မိုက္တဲ့ဒီဇိုင္းနဲ႕ မက္ေလာက္စရာစမတ္ဖုန္းေတြကို မိတ္ဆက္ေတာ့မွာပါ။

ရွဳေထာင့္တစ္မ်ိဳးကေန ဒီဇုိင္းကို ျပန္ၾကည့္ရေအာင္။ သတိထားမိမယ္ဆိုရင္ မ်က္ႏွာျပင္အေရွ႕ပိုင္းမွာ ေဘာင္ေပ်ာက္ေနတာကို သတိထားမိပါလိမ့္မယ္။ ေနာက္ျပီး ထိပ္ပိုင္းမွာလည္း လံုး၀န္းေနတာကိုေပ့ါ။ ဒါဟာ အေရွ႕ကင္မရာနဲ႕ receiver ေတြ ရွိတဲ့ေနရာေလးပါ။ အေနာက္ဘက္မွာေတာ့ ကင္မရာႏွစ္လံုးကုိ flash နဲ႕ တြဲဖက္ထားပါတယ္။ fingerprint scanner ေလးကိုလည္း အေနာက္ဘက္မွာ ေတြ႕ျမင္ရျပီးေတာ့ ေအာက္ဘက္မွာ 3.5mm headphone ေပါက္ေလးလည္း ရွိပါတယ္။

Huawei ကေတာ့ ဒီဇိုင္းအတြက္ မူပိုင္ခြင့္ကို မတ္လ ၂၀၁၈တည္းက တင္ထားခဲ့တာပါ။ ျပီးခဲ့တဲ့ အဂၤါေန႕ကမွ ခ်ျပလိုက္တာျဖစ္ပါတယ္။ မူပုိင္ခြင့္ထဲမွာ product render ေတြပါ၀င္ေနတာမို႕ Huawei ဒါမွမဟုတ္ Honor အတြက္ မၾကာခင္ထုတ္လုပ္ဖို႕ ရင္ခုန္လို႕ရေနပါျပီ။ render ထည့္တယ္ဆိုတာကေတာ့ မၾကာခင္မွာ ထုတ္လုပ္ေတာ့မယ့္ ဒီဇုိင္းအတြက္သာ ထည့္ေလ့ရွိတာျဖစ္ေၾကာင္းကိုလည္း မွတ္သားရျပန္ပါတယ္။

စြဲေဆာင္မႈအျပည့္နဲ႕ ဖုန္းေလးတစ္လံုးလို႕ ျမင္ပါတယ္။ သူ႕ရဲ႕လံုး၀န္းေနတဲ့ထိပ္ပိုင္းဟာ ဒီေန႕အထိ ထုတ္လုပ္ခဲ့သမွ် Huawei ဖုန္းေတြနဲ႕ မတူညီပါဘူး။ ေစ်းကြက္ထဲမွာ ဟစ္ျဖစ္လိမ့္မယ္လို႕လည္း မွန္းထားပါတယ္။ Huawei က ထုတ္မလားဆိုတာကေတာ့ သူ႕အပိုင္းျဖစ္သြားပါျပီ။ ကၽြန္ေတာ္တို႕ကေတာ့ ေစာင့္ၾကည့္ရမွာပါ။

Unicode Version

တရုတ်နိုင်ငံသားပိုင် Huawei နဲ့ Xiaomi တို့ကလည်း ဒီနေ့ခေတ်မှာ ခေသူတွေမဟုတ်တာမို့ လျှော့တွက်လို့တော့မရပါဘူး။ သူတို့ရဲ့လုပ်ဆောင်ရည်တွေဟာ ပရီမီယမ်ထုတ်ကုန်တွေကို သက်သာတဲ့ဈေးတန်းနဲ့ ချပြနေတာမို့ လူလတ်တန်းစားတွေရဲ့ အားထားရာ brand လည်း ဖြစ်နေပါပြီ။

Huawei ကတော့ ရည်မှန်းချက်ကြီးမားပြီးတော့ နည်းပညာလုပ်ငန်းမှာ နာမည်ရထားတဲ့လုပ်ငန်းတစ်ခုဖြစ်တာနဲ့အညီ စမတ်ဖုန်းဈေးကွက်ရှယ်ယာကို သိသိသာသာ ပွားများအောင် လုပ်ဆောင်နေတာ အားလုံးအသိပါပဲ။ ဒီနေ့မှာ သူတို့လုပ်ဆောင်နေတဲ့ စမတ်ဖုန်းဒီဇိုင်းအသစ်လေးကိုလည်း ကျွန်တော်တို့ တွေ့မြင်လိုက်ရပါပြီ။

အပေါ်မှာပြထားတဲ့ပုံမှာ မြင်တဲ့အတိုင်းပါပဲ။ Samsung ကို ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူနေရာကနေ ဆွဲချချင်နေပြီးတော့ စတိုင်လ်မိုက်တဲ့ဒီဇိုင်းနဲ့ မက်လောက်စရာစမတ်ဖုန်းတွေကို မိတ်ဆက်တော့မှာပါ။

ရှုထောင့်တစ်မျိုးကနေ ဒီဇိုင်းကို ပြန်ကြည့်ရအောင်။ သတိထားမိမယ်ဆိုရင် မျက်နှာပြင်အရှေ့ပိုင်းမှာ ဘောင်ပျောက်နေတာကို သတိထားမိပါလိမ့်မယ်။ နောက်ပြီး ထိပ်ပိုင်းမှာလည်း လုံးဝန်းနေတာကိုပေ့ါ။ ဒါဟာ အရှေ့ကင်မရာနဲ့ receiver တွေ ရှိတဲ့နေရာလေးပါ။ အနောက်ဘက်မှာတော့ ကင်မရာနှစ်လုံးကို flash နဲ့ တွဲဖက်ထားပါတယ်။ fingerprint scanner လေးကိုလည်း အနောက်ဘက်မှာ တွေ့မြင်ရပြီးတော့ အောက်ဘက်မှာ 3.5mm headphone ပေါက်လေးလည်း ရှိပါတယ်။

Huawei ကတော့ ဒီဇိုင်းအတွက် မူပိုင်ခွင့်ကို မတ်လ ၂၀၁၈တည်းက တင်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ ချပြလိုက်တာဖြစ်ပါတယ်။ မူပိုင်ခွင့်ထဲမှာ product render တွေပါဝင်နေတာမို့ Huawei ဒါမှမဟုတ် Honor အတွက် မကြာခင်ထုတ်လုပ်ဖို့ ရင်ခုန်လို့ရနေပါပြီ။ render ထည့်တယ်ဆိုတာကတော့ မကြာခင်မှာ ထုတ်လုပ်တော့မယ့် ဒီဇိုင်းအတွက်သာ ထည့်လေ့ရှိတာဖြစ်ကြောင်းကိုလည်း မှတ်သားရပြန်ပါတယ်။

စွဲဆောင်မှုအပြည့်နဲ့ ဖုန်းလေးတစ်လုံးလို့ မြင်ပါတယ်။ သူ့ရဲ့လုံးဝန်းနေတဲ့ထိပ်ပိုင်းဟာ ဒီနေ့အထိ ထုတ်လုပ်ခဲ့သမျှ Huawei ဖုန်းတွေနဲ့ မတူညီပါဘူး။ ဈေးကွက်ထဲမှာ ဟစ်ဖြစ်လိမ့်မယ်လို့လည်း မှန်းထားပါတယ်။ Huawei က ထုတ်မလားဆိုတာကတော့ သူ့အပိုင်းဖြစ်သွားပါပြီ။ ကျွန်တော်တို့ကတော့ စောင့်ကြည့်ရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.