Gadget Social Trending

eBay ေပၚမွာ $20,000 နဲ႕ ေရာင္းခ်ေနတဲ့ Original iPod

Zawgyi Version

Apple က ၂၀၀၁ခုႏွစ္မွာ original iPod ကို ထုတ္လုပ္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက အေကာင္းျမင္မခံရပါဘူး။ တခ်ိဳ႕ဖန္ေတြရဲ႕ တံု႕ျပန္မႈေတာင္ MacRumors message board မွာ ရွာၾကည့္လို႕ရပါေသးတယ္။

လြန္ခဲ့တဲ့ ၁၈ႏွစ္ေလာက္တုန္းက ဘယ္လိုေတြေတာင္ ေျပာၾကသလဲဆိုေတာ့ “ဒါကို မယံုႏုိင္ခဲ့ဘူး။ တစ္ခ်ိန္လံုး Hype ျဖစ္ေနခဲ့ေပမယ့္လည္း အရမ္းကို ရယ္စရာေကာင္းေနတယ္။ ဘယ္သူက MP3 player ကို ဂရုစိုက္မွာတဲ့လဲ။ အသစ္အဆန္း လိုခ်င္တာေလ။ ထူးျခားေနတာမ်ိဳးလိုခ်င္တာ။ ဘာေၾကာင့္မ်ား သူတို႕ဒါကိုလုပ္ၾကတာပါလိမ့္။ မွားေနျပီ။ မုိက္မဲတာပဲ။”

ဟုတ္ပါတယ္။ iPod ေလးဟာ Apple အတြက္ အရွိန္အဟုန္နဲ႕ကို ေအာင္ျမင္ခဲ့ပါတယ္။ Apple ရဲ႕ ဘဏ္အေကာင့္ထဲကို ေဒၚလာေပါင္းမ်ားစြာ၀င္ေစခဲ့သလို iPod ဟာ သီခ်င္းလုပ္ငန္းကိုလည္း အေထာက္အကူျပဳခဲ့ပါတယ္။ ဒါေၾကာင့္ အခ်ိဳ႕လုပ္ငန္းေတြက iPhone အတြက္ မားမားမတ္မတ္ရပ္တည္ေပးခဲ့ၾကပါေသးတယ္။ iPhone ကေတာ့ တိုးတက္ေျပာင္းလဲမႈ၊ အက်ိဳးဆက္ေကာင္းမြန္မႈေတြနဲ႕ ျပည့္ႏွက္ေနတဲ့ဖုန္းေလးတစ္လံုးျဖစ္ပါတယ္။ iPod မရွာႏုိင္ခဲ့တဲ့ လမ္းေၾကာင္းတစ္ခုကိုလည္း ရွာေဖြႏုိင္ခဲ့တယ္လို႕ ဆိုရမွာပါ။

original Bondi Blue iMac လိုမ်ိဳး Iconic ျဖစ္တဲ့ ထုတ္ကုန္အခ်ိဳ႕က ေစ်းသက္သာတယ္ဆိုေပမယ့္လည္း ေစ်းအရမ္းၾကီးသြားတာမ်ိဳးေတြလည္း ရွိပါတယ္။ original iPod ကေတာ့ ေစ်းအရမ္းၾကီးေနပါတယ္။

eBay ကို ၀င္ၾကည့္လိုက္ေတာ့ အသံုးမျပဳရေသးတဲ့ factory sealed original iPod ေလးကို $19,995 နဲ႕ ေရာင္းထားပါတယ္။ ဘယ္ေလာက္ေရွးက်ေၾကာင္း ၊ iPod ေလးမွာ mechanical scroll wheel ေလးနဲ႕ 5GB မမ္မိိုရီပါေၾကာင္း ေရးသားထားပါတယ္။ 5GB မမ္မိုရီဆိုတာ အဲဒီအခ်ိန္တုန္းက သီခ်င္းနားေထာင္တဲ့သူေတြအတြက္ ပမာဏမ်ားျပားခဲ့တယ္ဆုိတာ မေမ့ပါနဲ႕ဦး။ original iPod ေလးကို $20,000 နဲ႕ ေရာင္းေနတာကေတာ့ လိုအပ္ရဲ႕လားလို႕ေတာင္ ေမးရမွာပါ။ ဒါေပမယ့္လည္း လြမ္းဆြတ္တမ္းတျပီး အမွတ္တရနဲ႕ သိမ္းထားခ်င္တဲ့သူက ေအာ္စည္းဆိုတာနဲ႕ ၀ယ္ခ်င္လည္း ၀ယ္ႏုိင္တာပဲေလ။ စုေဆာင္းသူေတြနဲ႕ ေတြ႕ပါေစလို႕ ဆုေတာင္းလိုက္ပါတယ္။

Unicode Version

Apple က ၂၀၀၁ခုနှစ်မှာ original iPod ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အကောင်းမြင်မခံရပါဘူး။ တချို့ဖန်တွေရဲ့ တုံ့ပြန်မှုတောင် MacRumors message board မှာ ရှာကြည့်လို့ရပါသေးတယ်။

လွန်ခဲ့တဲ့ ၁၈နှစ်လောက်တုန်းက ဘယ်လိုတွေတောင် ပြောကြသလဲဆိုတော့ “ဒါကို မယုံနိုင်ခဲ့ဘူး။ တစ်ချိန်လုံး Hype ဖြစ်နေခဲ့ပေမယ့်လည်း အရမ်းကို ရယ်စရာကောင်းနေတယ်။ ဘယ်သူက MP3 player ကို ဂရုစိုက်မှာတဲ့လဲ။ အသစ်အဆန်း လိုချင်တာလေ။ ထူးခြားနေတာမျိုးလိုချင်တာ။ ဘာကြောင့်များ သူတို့ဒါကိုလုပ်ကြတာပါလိမ့်။ မှားနေပြီ။ မိုက်မဲတာပဲ။”

ဟုတ်ပါတယ်။ iPod လေးဟာ Apple အတွက် အရှိန်အဟုန်နဲ့ကို အောင်မြင်ခဲ့ပါတယ်။ Apple ရဲ့ ဘဏ်အကောင့်ထဲကို ဒေါ်လာပေါင်းများစွာဝင်စေခဲ့သလို iPod ဟာ သီချင်းလုပ်ငန်းကိုလည်း အထောက်အကူပြုခဲ့ပါတယ်။ ဒါကြောင့် အချို့လုပ်ငန်းတွေက iPhone အတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့ကြပါသေးတယ်။ iPhone ကတော့ တိုးတက်ပြောင်းလဲမှု၊ အကျိုးဆက်ကောင်းမွန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ဖုန်းလေးတစ်လုံးဖြစ်ပါတယ်။ iPod မရှာနိုင်ခဲ့တဲ့ လမ်းကြောင်းတစ်ခုကိုလည်း ရှာဖွေနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

original Bondi Blue iMac လိုမျိုး Iconic ဖြစ်တဲ့ ထုတ်ကုန်အချို့က ဈေးသက်သာတယ်ဆိုပေမယ့်လည်း ဈေးအရမ်းကြီးသွားတာမျိုးတွေလည်း ရှိပါတယ်။ original iPod ကတော့ ဈေးအရမ်းကြီးနေပါတယ်။

eBay ကို ဝင်ကြည့်လိုက်တော့ အသုံးမပြုရသေးတဲ့ factory sealed original iPod လေးကို $19,995 နဲ့ ရောင်းထားပါတယ်။ ဘယ်လောက်ရှေးကျကြောင်း ၊ iPod လေးမှာ mechanical scroll wheel လေးနဲ့ 5GB မမ်မိုရီပါကြောင်း ရေးသားထားပါတယ်။ 5GB မမ်မိုရီဆိုတာ အဲဒီအချိန်တုန်းက သီချင်းနားထောင်တဲ့သူတွေအတွက် ပမာဏများပြားခဲ့တယ်ဆိုတာ မမေ့ပါနဲ့ဦး။ original iPod လေးကို $20,000 နဲ့ ရောင်းနေတာကတော့ လိုအပ်ရဲ့လားလို့တောင် မေးရမှာပါ။ ဒါပေမယ့်လည်း လွမ်းဆွတ်တမ်းတပြီး အမှတ်တရနဲ့ သိမ်းထားချင်တဲ့သူက အော်စည်းဆိုတာနဲ့ ဝယ်ချင်လည်း ဝယ်နိုင်တာပဲလေ။ စုဆောင်းသူတွေနဲ့ တွေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.