Enterprise Smartphone Trending

မ်က္ႏွာျပင္ေအာက္ လက္ေဗြစနစ္နဲ႕ ဘတ္ထရီေကာင္းေကာင္းပါ၀င္လာႏုိင္ေခ်ရွိတဲ့ Redmi Flagship

Zawgyi Version

Xiaomi ရဲ႕ brand ခြဲ Redmi ကေတာ့ flagship grade စမတ္ဖုန္းတစ္လံုးကို မၾကာခင္မွာ ထုတ္လုပ္ေတာ့မွာပါ။ သတင္းေတြ၊ ေကာလာဟလေတြလည္း ထြက္ေပၚခဲ့ျပီး ေနာက္ဆံုးရထားတဲ့သတင္းအရ မ်က္ႏွာျပင္ေအာက္ လက္ေဗြစနစ္နဲ႕ ဘတ္ထရီေကာင္းေကာင္းပါ၀င္လာႏုိင္ေခ်ရွိေနပါတယ္။ ဒါဟာ အေတာ္ေလးကို ေသခ်ာေနတဲ့သတင္းပါ။

Chinese social website Weibo မွာ တင္ထားတဲ့ပံုအရ Redmi K20 Pro ေလးမွာ မ်က္ႏွာျပင္ေအာက္မွာ ျမွဳပ္ထားတဲ့ fingerprint sensor ပါ၀င္မွာျဖစ္ျပီးေတာ့ fingerprint scanner ရွိတဲ့ေနရာေလးကိုလည္း ေသခ်ာစြာ ေတြ႕ျမင္ရပါတယ္။ ဘတ္ထရီသက္တမ္းဟာဆိုရင္လည္း သူ႕ရဲ႕မွန္းထားမႈကို ေက်ာ္လြန္ေနတယ္လို႕ ေျပာထားပါတယ္။ Redmi ဖုန္းေလးမွာ ပါ၀င္မယ့္ ဘတ္ထရီပမာဏကို ေျပာျပထားျခင္းမရွိေသးေပမယ့္လည္း 27W fast charging ေထာက္ပံ့ထားတဲ့ 4000 mAh လို႕ေတာ့ မွန္းထားၾကပါတယ္။

စမတ္ဖုန္းေလးမွာ 7nm Snapdragon 855 SoC ၊ Kryo 485 Octa-core CPU ၊ Adreno 640 GP တို႕နဲ႕ ပြဲထြက္လာမွာပါ။ 20 MP sensor  ၊ မသိရေသးတဲ့ sensosr (depth sensor )၊ 48 MP sensor ပါ၀င္တဲ့ ကင္မရာသံုးလံုး ပါ၀င္မွာပါ။ အေရွ႕ဘက္ကင္မရာကေတာ့ pop-up အေနနဲ႕ အသံုးျပဳထားမွာျဖစ္ျပီး အေသးစိတ္အခ်က္အလက္ကေတာ့ မသိရေသးပါဘူး။

အရင္ေပါက္ၾကားခ်က္ေတြအရ 6.39 inch AMOLED display ၊ Full HD+ resolution ကို ထည့္သြင္းထားမယ္လို႕ ေမွ်ာ္လင့္ထားပါတယ္။ ေစ်းႏႈန္း selfie camera ရဲ႕ resolution ၊ storage အမ်ိဳးအစားေတြကိုေတာ့ မသိရေသးပါဘူး။ official statement ကို ေမွ်ာ္ေနရပါတယ္။ ဒီေကာင္ေလးကို ေမလ၁၃ရက္ ဒါမွမဟုတ္ ေမလ ၂၀ရက္ေန႕မွာ ေၾကညာေတာ့မွာပါ။

Unicode Version

Xiaomi ရဲ့ brand ခွဲ Redmi ကတော့ flagship grade စမတ်ဖုန်းတစ်လုံးကို မကြာခင်မှာ ထုတ်လုပ်တော့မှာပါ။ သတင်းတွေ၊ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပြီး နောက်ဆုံးရထားတဲ့သတင်းအရ မျက်နှာပြင်အောက် လက်ဗွေစနစ်နဲ့ ဘတ်ထရီကောင်းကောင်းပါဝင်လာနိုင်ချေရှိနေပါတယ်။ ဒါဟာ အတော်လေးကို သေချာနေတဲ့သတင်းပါ။

Chinese social website Weibo မှာ တင်ထားတဲ့ပုံအရ Redmi K20 Pro လေးမှာ မျက်နှာပြင်အောက်မှာ မြှုပ်ထားတဲ့ fingerprint sensor ပါဝင်မှာဖြစ်ပြီးတော့ fingerprint scanner ရှိတဲ့နေရာလေးကိုလည်း သေချာစွာ တွေ့မြင်ရပါတယ်။ ဘတ်ထရီသက်တမ်းဟာဆိုရင်လည်း သူ့ရဲ့မှန်းထားမှုကို ကျော်လွန်နေတယ်လို့ ပြောထားပါတယ်။ Redmi ဖုန်းလေးမှာ ပါဝင်မယ့် ဘတ်ထရီပမာဏကို ပြောပြထားခြင်းမရှိသေးပေမယ့်လည်း 27W fast charging ထောက်ပံ့ထားတဲ့ 4000 mAh လို့တော့ မှန်းထားကြပါတယ်။

စမတ်ဖုန်းလေးမှာ 7nm Snapdragon 855 SoC ၊ Kryo 485 Octa-core CPU ၊ Adreno 640 GP တို့နဲ့ ပွဲထွက်လာမှာပါ။ 20 MP sensor  ၊ မသိရသေးတဲ့ sensosr (depth sensor )၊ 48 MP sensor ပါဝင်တဲ့ ကင်မရာသုံးလုံး ပါဝင်မှာပါ။ အရှေ့ဘက်ကင်မရာကတော့ pop-up အနေနဲ့ အသုံးပြုထားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်ကတော့ မသိရသေးပါဘူး။

အရင်ပေါက်ကြားချက်တွေအရ 6.39 inch AMOLED display ၊ Full HD+ resolution ကို ထည့်သွင်းထားမယ်လို့ မျှော်လင့်ထားပါတယ်။ ဈေးနှုန်း selfie camera ရဲ့ resolution ၊ storage အမျိုးအစားတွေကိုတော့ မသိရသေးပါဘူး။ official statement ကို မျှော်နေရပါတယ်။ ဒီကောင်လေးကို မေလ၁၃ရက် ဒါမှမဟုတ် မေလ ၂၀ရက်နေ့မှာ ကြေညာတော့မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.